Home သတင်း ခွဲထွက် DKBAမှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် (၃)ဦး တပ်မ‌တော်ထံ လက်နက်အပ်နှံကာ ပူး‌ပေါင်း

ခွဲထွက် DKBAမှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် (၃)ဦး တပ်မ‌တော်ထံ လက်နက်အပ်နှံကာ ပူး‌ပေါင်း

3970

ဇူလိုင် ၆ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့ ‌ကောင်းမှုရွာအ‌ခြေစိုက် ခွဲထွက် DKBA ကလို့ ထူးဝါးတပ်မဟာ စစ်‌ကြောင်းမှူး ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး(ခ)‌စောက‌ချောသူး ဦးစီးသည့် အဖွဲ့ဝင် ၃ဦးသည် ယ‌နေ့ ( ဇူလိုင်လ ၆ရက်‌နေ့)က ‌ကော့ကရိတ်မြို့ အမှတ် ၉၇ ‌ခြေလျင်တပ်ရင်း ထံသို့ လက်နက်အပ်နှံကာ ပူး‌ပေါင်းလိုက်သည် ဟု သိရသည်။

ဗိုလ်မှူးအဆင့်ရှိ မိုးကြိုး (ခ) ‌စောက‌ချောသူး၊ ဗိုလ်ကြီးအဆင့်ရှိ ရဲနိုင်နှင့် တပ်ကြပ်အဆင့် ‌စောက‌ချောဝါးတို့ ၃ ဦးတို့သည် M.16 ‌သေနတ် (၁)လက်၊ ကျည်(၅၁)‌တောင့်၊ 9 MM ပစ္စတို (၁)လက်၊ ကျည်(၂)‌တောင့်နှင့် အတူ ယ‌နေ့ နံနက် (၉း၅၀)အချိန် ‌ကော့ကရိတ်မြို့ အမှတ် ၉၇ ‌ခြေလျင်တပ်ရင်း ဗန္ဓုလခန်းမ‌ဆောင်၌ ကျင်းပသည့် လက်နက်နှင့်ငြိမ်းချမ်း‌ရေး လဲလှယ်ပွဲ အခမ်းအနားတွင် လက်နက်အပ်နှံခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လက်နက်အပ်နှံကြ သည့် DKBA တပ်ဖွဲ့ဝင်များကို မြဝတီခရိုင် သဃင်္န်းညီ‌နောင်အ‌ခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီး နိုင်‌အောင်၊ ၉၇ ‌ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌အောင်ဆန်းဝင်းနှင့် တာဝန်ရှိ သူများက အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြပြီး ရိက္ခာနှင့်‌ထောက်ပံ့ပစ္စည်းများ ‌ပေးအပ်ခဲ့ကြသည်။

သဃင်္န်းညီ‌နောင်အ‌ခြေချစစ်ဗျူဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်‌အောင်က “ငြိမ်း ချမ်း‌ရေးကို ‌ရှေးရှုပြီး အခုလို ဥပ‌ဒေ‌ဘောင်အတွင်း ဝင်‌ရောက်လာခြင်းကို ဝမ်း‌မြောက်စွာကြိုဆိုသလို ထပ်ပြီးဝင်‌ရောက်လာမယ့် သူများကိုလည်း မိမိတို့အ‌နေဖြင့် ‌နွေး‌ထွေးစွာ ကြိုဆိုမည်ဖြစ်ပါ တယ်။ ‌ဒေသတွင်းတည်ငြိမ်‌ရေးနှင့်ငြိမ်းချမ်း‌ရေး ရှိမှသာ ‌ဒေသဖွံ့ဖြိုး‌ရေးကို အပြည့်အဝ ‌ဖော်‌ဆောင်နိုင်မည်ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် ၂၀၁၅ ခုနှစ်တွင် NCA (တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘော တူစာချုပ်) ထိုးပြီး‌နောက် ကရင်ပြည်နယ်သည် ယခင်ကထက် ပိုမို ဖွံ့ဖြိုးတိုးတက်လာ‌ကြောင်း၊ ဥပမာအားဖြင့် ယခင်က မြဝတီနှင့်‌ကော့ကရိတ်ကို အတက်တစ်ရက်၊ အဆင်း တစ်ရက်ဖြင့် လမ်းကြမ်းကို နာရီ‌ပေါင်းများစွာ ခရီး သွားလာရပြီး ကုန်စည်စီးဆင်းမှုမှာလည်း အဆင်မ‌ပြေမှုများရှိခဲ့‌ကြောင်း၊ ယခုဆိုလျှင် မြဝတီမှ‌ကော့ကရိတ်သို့ မိနစ်(၄၀)ခန့်ကြာ အာရှလမ်းမကြီးမှ ခရီးလမ်း‌ချော‌မွေ့စွာဖြင့် သွားလာရလွယ်ကူ လာခြင်းသည် ငြိမ်းချမ်း‌ရေး‌ကြောင့် ပြည်သူများ လက်‌တွေ့ခံစားရသည့် အကျိုးတရားဖြစ်‌ကြောင်းဟု ထပ်မံ ‌ပြော ကြားခဲ့သည်။

ယ‌နေ့ လက်နက်အပ်နှံခဲ့သည့် ခွဲထွက် DKBA ကလို့ထူးဝါး စစ်‌ကြောင်းမှူး
ဗိုလ်မှူးအဆင့်ရှိသူ မိုးကြိုး(ခ)‌စောက‌ချောသူးက “ ကျ‌နော်တို့အ‌နေနဲ့က တပ်မ‌တော်၏ ဖိတ်‌ခေါ်မှု‌ကြောင့် ဥပ‌ဒေ‌ဘောင်အတွင်းမှ ပြည်သူ့အကျိုးပြုလုပ်ငန်း များ ‌ဆောင်ရွက်နိုင်ရန် ဝင်‌ရောက်လာခြင်းဖြစ်ပါတယ်။ BGF နယ်ခြား‌စောင့် တပ်ဖွဲ့မှာ တာဝန်ထမ်း‌ဆောင်ရင်း ‌ဒေသအကျိုးပြုလုပ်ငန်းများ ‌ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ အစိုးရတပ်မ‌တော် ထံတွင် လက်နက်အပ်နှံခဲ့ကြသည့် DKBA တပ်ဖွဲ့ ဝင်များ သည် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA တွင် လက်မှတ်မထိုးထား‌သော ကရင့်လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဗိုလ်ချုပ်‌စော‌ကျော်သက်ဦးစီး‌သော ခွဲထွက် DKBA အဖွဲ့ဝင်များ ဖြစ်သည်။

ယခင်လ ဇွန်လ ၂၃ရက်‌နေ့တွင်လည်း မိဇိုင်း‌တောင်‌ပေါ် ဘုရားအ‌ခြေစိုက် ခွဲ ထွက် DKBAအဖွဲ့ဝင် ၄၅ ဦးသည် မြိုင်ကြီးငူ‌ဒေသရှိ နယ်ခြား ‌စောင့်တပ် (BGF)နှင့် အစိုးရစစ်တပ်ထံ လက်နက်ခဲယမ်းများနှင့်အတူ ပူး‌ပေါင်းခဲ့ကြသည်။