Home သတင်း ဂျပန်တက္ကသိုလ် ပါ‌မောက္ခ ဦး‌ဆောင်ပြီး ပညာ‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံမြို့တွင် ပြုလုပ်

ဂျပန်တက္ကသိုလ် ပါ‌မောက္ခ ဦး‌ဆောင်ပြီး ပညာ‌ရေးဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ဖားအံမြို့တွင် ပြုလုပ်

1845

မတ်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောရှား

ဂျပန်နိုင်ငံအ‌ခြေစိုက် မြန်မာ-ဂျပန် ပညာ‌ရေး‌ပေါင်းကူးတံတား(MJBE)အဖွဲ့မှ ဦး‌ဆောင်ပြီး ‌ကျောင်းသားများ ကိုယ်တိုင်ပါဝင်‌လေ့လာ‌သော ပညာ‌ရေးဆိုင်ရာအလုပ်ရုံ‌ဆွေး‌နွေးပွဲ(Workshop) တစ်ခုကို ကရင်ပြည်နယ် ဖား အံမြို့၊ ကရင်‌ကျောင်းသားများရိပ်သာ ကိုယ်ပိုင်အထက်တန်း‌ကျောင်းတွင် ပြုလုပ်ခဲ့သည်။

မတ်လ ၁၉ ရက်မှ ၂ဝ ရက်‌နေ့အထိ ပြုလုပ်သည့် အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲ၏ ရည်ရွယ်ချက်နှင့် ပတ်သက်၍ မြန်မာ-ဂျပန် ပညာ‌ရေး‌ပေါင်းကူးတံတား (MJBE)အဖွဲ့ ဥက္ကဌ ကို‌ကျော်‌ကျော်စိုးက ယ‌နေ့(မတ်လ ၂ဝ ရက်) ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“မြန်မာနိုင်ငံရဲ့ ‌ပြောင်းလဲလာတဲ့ ပညာ‌ရေးစနစ်က ‌ကျောင်းသားဗဟိုပြုဖြစ်တယ်။ ‌ကျောင်းသား‌တွေ လက်‌တွေ့ ကျင့်သုံးမယ့် နည်းလမ်းစနစ်‌တွေကို သင်ကြားပို့ချဖို့ ဆရာ‌တွေရဲ့ အခန်းကဏ္ဍက အ‌ရေးပါတယ်။ ဆရာ‌တွေက လည်း ဘယ်လိုနည်းလမ်းနဲ့ သင်ကြားလှုပ်ရှားရမလဲဆိုတာ ဂျပန်တက္ကသိုလ်ဆရာကို‌ခေါ်ပြီး ဂျပန်ကအ‌တွေ့ အကြုံကို ဒီမှာလာ‌ရောက် မျှ‌ဝေ‌ပေးတာဖြစ်တယ်”ဟု‌ပြောသည်။

ယခု အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် ပါဝင်‌သော ဆရာ၊ ဆရာမများအ‌နေဖြင့် ရရှိလာ‌သောအ‌တွေ့အကြုံနည်းလမ်းများ ကို မိမိတို့၏ ‌ကျောင်းတွင် ပြန်လည် သင်ကြားကျင့်သုံးခြင်းဖြင့် ‌ကျောင်းသား၊ လူငယ်များအတွက် အ‌ထောက် အကူပြုနိုင်ရန် ‌မျှော်မှန်းထား‌ကြောင်းလည်း (MJBE)အဖွဲ့ ဥက္ကဌ ကို‌ကျော်‌ကျော်စိုးက ‌ပြောသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ လူမှုအသိုင်းအဝိုင်းထဲတွင် ဖြစ်‌ပေါ်‌နေသည့် ပြဿနာများအတွက် အမျိုးမျိုး‌သော ‌ဖြေရှင်း ခြင်းနည်းလမ်းများအပြင် ပြဿနာ‌ဖြေရှင်းသည့်အခါ ဝိုင်းဝန်းစဉ်းစားခြင်းဖြင့် အ‌ဖြေရှာခြင်း အ‌လေ့အကျင့်များ အတွက်နည်းလမ်းရရှိရန် ဂျပန်နိုင်ငံပညာ‌ရေးစနစ်အ‌တွေ့အကြုံများ ‌ဝေမျှပြီး သင်ခန်းစာများကို ကိုယ်တိုင် လက်‌တွေ့ လုပ်‌ဆောင်ခြင်းဖြင့် ပြုလုပ်သည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲလည်းဖြစ်သည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် တက်‌ရောက်‌ဆွေး‌နွေးခဲ့‌သော ဖားအံ၊ အမှတ်(၁၁) မူလတန်း‌ကျောင်းမှ ‌ဒေါ်ဖြူဖြူ ထွန်းက “ဆရာမက စနစ်သစ်ဖြစ်တဲ့ KG၊ Grade 1,2 ကို သင်‌နေတာဖြစ်တယ်။ ခု‌ဆွေး‌နွေးပွဲက က‌လေးဗဟိုပြု ဖြစ်တဲ့အတွက် ဆရာမတို့ရဲ့ စနစ်သစ်နဲ့လည်း ကိုက်ညီတယ်။ က‌လေး‌တွေ ကိုယ်တိုင်ပါဝင်လုပ်‌ဆောင်မှုစနစ် အတွက် သူတို့ ‌တွေး‌ခေါ်တတ်လာမယ်။ ဉာဏ်ရည် ထက်မြက်ပြီး ပိုရဲရင့်လာမယ်လို့ ‌မျှော်မှန်းထားပါတယ်”ဟု ‌ပြောသည်။

ယခုပွဲတွင် ဦး‌ဆောင်‌ဆွေး‌နွေးသူဖြစ်သည့် တိုကျိုအမျိုးသမီးတက္ကသိုလ်မှ ပါ‌မောက္ခ ရှင်းမတ်စုအပါအဝင်အဖွဲ့ ဝင် ၉ ဦးက ဖားအံမြို့နယ်မှ အစိုးရ၊ ကိုယ်ပိုင်ပုဂ္ဂလိကနှင့် ဘုန်း‌တော်ကြီးသင်ပညာ‌ရေး‌ကျောင်း‌ပေါင်း ၁၂ ‌ကျောင်းမှ ဆရာ၊ ဆရာမ စုစု‌ပေါင်း ၃၄ ဦးတို့နှင့်အတူ အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-ဂျပန်ပညာ‌ရေး ‌ပေါင်းကူး တံတား(MJBE)အဖွဲ့ကို၂၀၁၇ ခုနှစ်တွင် ဂျပန်နိုင်ငံ၌ ကိုယ်ကျိုးမဖက်‌သော အဖွဲ့အစည်း(Non-Profit Organization)အဖြစ် တရားဝင်မှတ်ပုံတင်ကာ မြန်မာနိုင်ငံအတွက် ပညာ‌ရေးဆိုင်ရာ လုပ်ငန်းများကို ပံ့ပိုးကူညီ‌ပေးနိုင်ရန် ရည်ရွယ်ပြီး လှုပ်ရှား‌ဆောင်ရွက်‌နေသည့် အဖွဲ့အစည်းလည်းဖြစ်သည်။