Home သတင်း သမိုင်းအစဉ်အလာ‌ကောင်းများကို ဆက်လက်ထိန်းသိမ်းရန် ကရင်ပြည်နယ် ပအိုဝ်း‌ရေးရာဝန်ကြီး တိုက်တွန်း

သမိုင်းအစဉ်အလာ‌ကောင်းများကို ဆက်လက်ထိန်းသိမ်းရန် ကရင်ပြည်နယ် ပအိုဝ်း‌ရေးရာဝန်ကြီး တိုက်တွန်း

2604

မတ်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း မှီတင်း‌နေထိုင်‌နေကြသည့် ပအိုဝ်းတိုင်းရင်းသားများအ‌နေဖြင့် မိမိတို့၏ သမိုင်းအစဉ် အလာ‌ကောင်းများနှင့် ရိုးရာ ဓ‌လေ့ယဉ်‌ကျေးမှုများကို မ‌ပျောက်ပျက်‌အောင် ဆက်လက်ထိန်းသိမ်းလုပ်‌ဆောင် သွားကြရန် ယ‌နေ့ (မတ် ၂ဝရက်) ကျင်းပသည့် ၃၉ နှစ်‌မြောက် ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသား‌နေ့တွင် ပြည်နယ်ပအိုဝ်းတိုင်းရင်းသား‌ရေးရာဝန်ကြီး ခွန်မျိုးတင့်က တိုက်တွန်း‌ပြောဆိုလိုက်သည်။

ဝန်ကြီး ခွန်မျိုးတင့်က “ ဒီမှာ ပအိုဝ်းအမျိုးသား‌နေ့ကျင်းပတာ နှစ် ၃ဝ ‌ကျော်‌နေပြီ။ အဲဒီလိုသမိုင်းအစဉ်အလာ ‌ကောင်း‌တွေအပြင် ကျ‌နော်တို့မြတ်နိုးတဲ့ ဘာသာစကား၊ ရိုးရာယဉ်‌ကျေးမှုအ‌မွေအနှစ်‌တွေကို ဆက်လက်ထိန်း သိမ်းပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုရှိကြဖို့ ‌အေးချမ်းသာယာတဲ့ ဒီမိုက‌ရေစီနိုင်ငံထူ‌ထောင်တဲ့‌နေ ရာမှာလည်း ကျရာအခန်းကဏ္ဍ‌တွေမှာ စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းလုပ်‌ဆောင်သွားကြဖို့ တိုက်တွန်းချင်ပါ တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဝန်ကြီးအ‌နေဖြင့် ထိုသို့‌ပြောဆို‌နေ‌သော်လည်း ယခင်က ကရင်ပြည်နယ်တွင် ပအိုဝ်းစာ‌ပေသင်ကြားမှုများရှိခဲ့ရာ မှ လက်ရှိတွင် တဖြည်းဖြည်း‌မှေးမှိန်လာသည့် အ‌ခြေအ‌နေဖြစ်‌ပေါ်‌နေ‌ကြောင်း ပအိုဝ်းစာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့ များက ‌ပြောဆိုကြသည့်အပြင် တိုင်းရင်းသားစာ‌ပေ သင်ကြားမှုများကို ဥပ‌ဒေအရ သင်ကြားခွင့်ပြုထား‌သော် လည်း အဆင့်ဆင့် အ‌ကောင်အထည်‌ဖော်မှုအပိုင်းတွင် အားနည်းမှုများစွာရှိ‌နေ‌ကြောင်း တိုင်းရင်းသား စာ‌ပေ ယဉ်‌ကျေးမှုအဖွဲ့များက ‌ဝေဖန်‌ပြောဆို‌နေကြသည်။

ကရင်ပြည်နယ် ပအိုဝ်းစာ‌ပေယဉ်‌ကျေးမှု‌ကော်မတီအတွင်း‌ရေးမှူး ခွန်မင်း‌အောင်က “၂၀၁ဝ က‌နေ ၂၀၁၅ အထိ တက်တဲ့အစိုးရက ကျ‌နော်တို့ကို စာအုပ်ထုတ်‌ပေးတယ်။ Grade 1,2,3 အထိ သင်ကြားခွင့်‌ပေးတယ်။ စာအုပ် ကို‌တော့ Grade 1 တစ်ကြိမ်တည်း ထုတ်‌ပေးတယ်။ တစ်ခါလာလည်း ဒီ Grade 1 ပဲသင်‌နေရ‌တော့ ‌ကျောင်း သား‌တွေက ငြီး‌ငွေ့လာတယ်။ အခုလက်ရှိ ပအိုဝ်းမှာဆိုရင် စာ‌ပေသင်ကြားတဲ့‌ကျောင်း မရှိသ‌လောက်ဖြစ်သွား တယ်။ အမှန်တိုင်း‌ပြောရမယ်ဆိုရင် ပအိုဝ်းစာသင်တဲ့‌ကျောင်းဘယ်‌လောက်ရှိတယ်။ ကျ‌နော်တို့ စာရင်းမရှိ‌တော့ ဘူး။ လက်ရှိမှာ ဘယ်‌ကျောင်းမှာ ဘယ်‌လောက်ရှိတယ်လို့ ‌ပြောတယ်ဆိုရင် အဲဒါလိမ်တာပဲ”ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။

ယ‌နေ့ ၃၉ နှစ်‌မြောက် ပြည်နယ်အဆင့် ပအိုဝ်းအမျိုးသား‌နေ့ကို ဖားအံမြို့ သီရိကွင်းတွင် အခမ်းအနားဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြရာ လူ‌ပေါင်း‌ထောင်ချီ တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့်
တိုင်းရင်းသားလူမျိုးစု‌ရေးရာဝန်ကြီးနိုင်သက်လွင်တို့မှ ‌ပေးပို့သည့် သဝဏ်လွှာများကို ဖတ်ကြားခြင်းအပြင် ပအိုဝ်းအမျိုးသား‌နေ့ဖြစ်‌ပေါ်လာပုံသမိုင်း၊ ပြည်နယ်အဆင့် ထူးချွန်သည့် ‌ကျောင်းသားလူငယ်များ၊ နိုင်ငံ‌တော် တာဝန်ထမ်း‌ဆောင်ခဲ့သည့် ပြည်နယ်ရှိ ပအိုဝ်းသက်ကြီး ပုဂိ္ဂုလ်များအား ဂုဏ်ပြုချီးမြှင့်‌ပေးသည့် အစီအစဉ်များ ပါဝင်သည်။

နှစ်စဉ်တ‌ပေါင်းလပြည့်‌နေ့ကို ပအိုဝ်းအမျိုးသား‌နေ့အဖြစ်သတ်မှတ်ကာ ကရင်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်း ရင်းသားများမှ ၁၉၈ဝ ခုနှစ်မှစတင်ပြီး ပြည်နယ်အဆင့် အတိုင်းအတာအရ နှစ်စဉ် အလှည့်ကျစု‌ပေါင်း ကျင်းပခဲ့ကြရာ ယခုနှစ် ၃၉ နှစ်‌မြောက်ရှိပြီဖြစ်ပြီး တစ်နိုင်ငံလုံးအတာအရ နှစ်၇ဝ ပြည့်‌မြောက်ဖြစ်သည်ဟုလည်း သိရသည်။

ယ‌နေ့ ကျ‌ရောက်သည့် ပအိုဝ်းအမျိုးသား‌နေ့ကို ပအိုဝ်းတိုင်းရင်းသား နှစ်သိန်းနီးပါး‌နေထိုင်လျက်ရှိသည့် ကရင် ပြည်နယ်တွင် ပြည်နယ်အဆင့်အပြင် ဖားအံ၊ လှှိုင်းဘွဲ၊ ‌ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး စသည့်မြို့နယ်များ တွင်လည်း မြို့နယ်အဆင့် ကျင်းပခဲ့ကြသလို ‌ကျေးရွာအလိုက် ကျင်းပမှုများရှိ‌နေ‌ကြောင်း ဝန်ကြီးခွန်မျိုးတင့်က ‌ပြောသည်။