Home သတင်း ကရင်စာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြားနိုင်‌အောင် ဧရာဝတီတိုင်းစာယဉ် ကြိုးစားမည်

ကရင်စာ‌ပေကို ‌ကျောင်းချိန်အတွင်း သင်ကြားနိုင်‌အောင် ဧရာဝတီတိုင်းစာယဉ် ကြိုးစားမည်

2612

မတ်လ ၂ဝ ရက်၊ ၂၀၁၉ ခုနှစ်။ နန့်‌ဖောင်မွီးရှာ

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ အ‌ခြေခံပညာ ‌ကျောင်းများတွင် ကရင်စာ‌ပေကို ‌ကျောင်းချိန်ပြင်ပမဟုတ်ဘဲ ‌ကျောင်းချိန်အတွင်း သင်ကြားသွားနိုင်ရန် ကြိုးစားသွားမည် ဖြစ်‌ကြောင်း ဧရာဝတီတိုင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ မန်းအိုင်ခလိန်က ‌ပြောသည်။

ပုသိမ်မြို့ ၊ ကရုဏာမြန်မာစင်တာရုံး၌ ယမန်‌နေ့ (မတ်လ ၁၉ရက်)တွင် ပြုလုပ်သည့် ဧရာဝတီတိုင်းစာ/ယဉ် အလုပ်အမှု‌ဆောင်သစ် ပြန်လည်‌ရွေးချယ်တင်‌မြှောက်ပွဲ အပြီးတွင် တိုင်းစာယဉ် ဥက္ကဌသစ်တင်‌မြှောက်ခံရသူ မန်းအိုင်ခလိန်အ‌နေဖြင့် တိုင်းစာယဉ်မှ လုပ်‌ဆောင်မည့် ‌ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ‌ပြောကြားရာ၌ ထိုသို့ ထည့်သွင်း‌ပြောကြားခြင်း ဖြစ်သည်။

မန်းအိုင်ခလိန်က “ ‌ကျောင်း‌တွေမှာ သင်လို့ရ‌ပေမယ့် ‌ကျောင်းချိန်ပြင်ပ အ‌နေထားမှာပဲ ရှိ‌သေးတယ်။ ‌ကျောင်း ချိန်အတွင်းမှာ သင်ကြားသွားနိုင်‌အောင် ကြိုးစားလုပ်‌ဆောင်သွားမယ်။ အနာဂတ်မှာ ‌ကျောင်းချိန်ပြင်ပထက် ‌ကျောင်းတွင်းမှာ သင်လို့ရ‌အောင် အစိုးရ ပညာ‌ရေးဌာနနဲ့ ညှိနှိုင်းပြီး‌တော့ ရနိုင်တဲ့ နည်းလမ်း‌တွေကို သုံးပြီး ကြိုးစားချင်တယ်”ဟု ‌ပြောသည်။

‌ကျောင်းချိန်ပြင်ပ သင်ကြားရခြင်းဖြင့် က‌လေးများ‌ကျောင်းတက်ချိန်‌စောခြင်း၊ ‌ကျောင်းဆင်း‌နောက်ကျခြင်းများ‌ကြောင့် အာရုံ စူးစိုက်မှု နည်းပါးလာခြင်း၊ ကရင်စာ‌ပေသင်ကြားရာတွင် ထိ‌ရောက်စွာ တိုးတက်လာသည့် အ‌ခြေအ‌နေ မရှိခြင်း ‌ကြောင့် တစ်ရက်တာ ‌ကျောင်းချိန်အတွင်းရှိ လစ်လပ်ချိန်များတွင် ထည့်သွင်းသင်ကြား‌ပေးနိုင်ပါက ပို၍ထိ‌ရောက်လာမည် ဖြစ်‌ကြောင်း ၎င်းက ဆက်လက် ‌ပြောကြားသည်။

ယမန်‌နေ့က ပြုလုပ်သည့် တိုင်းစာယဉ်‌ကော်မတီအဖွဲ့အသစ်‌ရွေးချယ်တင်‌မြှောက်ရာတွင် ဥက္ကဌအဖြစ် မန်းအိုင်ခလိန်၊ ခရိုင်တစ်ခုစီမှ ကိုယ်စားလှယ် ၁ ဦးနှုန်းဖြင့် ဒုဥက္ကဌ ၆ ဦး၊ အတွင်း‌ရေးမှူး မန်းဆန်းဝင်း အပါအဝင် ၃ ဦးနှင့် ဘဏ္ဍာ‌ရေး ၄ ဦးစုစု‌ပေါင်း တိုင်းစာယဉ်‌ကော်မတီအဖွဲ့ဝင် ၅ဝ ‌ကျော်ကို အသစ်ပြန်လည် ‌ရွေးချယ်တင်‌မြှောက်ခဲ့ကြခြင်းဖြစ်သည်။

အသစ်‌ရွေးချယ်တင်‌မြှောက်လိုက်သည့် တိုင်းစာယဉ်အ‌နေဖြင့် ကရင်စာ‌ပေကို ‌ကျောင်းချိန်တွင်း သင်ကြား နိုင်ရန် ကြိုးစားသွားမည့်အပြင် ဧရာဝတီတိုင်း ကရင်စာ‌ပေ၊ ရိုးရာ၊ ယဉ်‌ကျေးမှုများကို ပို၍ အင်အား‌ကောင်း လာ‌စေရန် ၊ ကရင် လူငယ်များအတွက် မိမိတို့၏ မိခင်ဘာသာစကားကို ထဲထဲဝင်ဝင် တတ်‌မြောက်‌စေရန်၊ ကရင်လူမျိုးများအ‌နေဖြင့် မိမိကိုယ် ကိုယ် ကရင်လူမျိုးအဖြစ် သိရှိ‌စေရန် ကြိုးစားလုပ်‌ဆောင်သွားမည်လည်း ဖြစ်သည်။

၎င်းအပြင် မြို့နယ် ၂၆ခုလုံးတွင်ရှိသည့် မြို့နယ် ကရင်စာ/ယဉ်အဖွဲ့များနှင့် ပူး‌ပေါင်းချိတ်ဆက်ပြီး ပို၍ အင်အား ‌ကောင်း‌သော၊ စနစ်ကျ‌သော အဖွဲ့အစည်းတစ်ခု ဖြစ်လာ‌စေရန်နှင့် ကရင်စာ‌ပေ၊ ရိုးရာ၊ ယဉ်‌ကျေးမှုများ တိုးတက်မြင့်မားလာ‌စေရန် အခြားတိုင်းနှင့် ပြည်နယ် အတွင်းရှိ ကရင်စာ/ယဉ်များ ၊ နိုင်ငံပြင်ပရှိ ကရင်စာ/ယဉ် အဖွဲ့များနှင့်လည်း ချိတ်ဆက်လုပ်‌ဆောင်သွားမည်ဟုလည်း တိုင်းစာ/ယဉ် တာဝန်ရှိသူများက ‌ပြောသည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ဧရာဝတီတိုင်းအတွင်း ပိုးကရင်စာ‌ပေသင်ကြားသည့် စာသင်‌ကျောင်း ၉၃၄ ‌ကျောင်းမှ ‌ကျောင်းသူ/‌ကျောင်းသား ၇၄,၂၇၄ ဦး၊ စ‌ကောကရင်စာ‌ပေ သင်ကြားသည့် စာသင်‌ကျောင်း ၆၅ဝ ‌ကျောင်းမှ ‌ကျောင်းသူ/‌ကျောင်းသား ၄၉,၄၂၂ဦး နှင့် ပိုးကရင် စာ‌ပေသင် ဆရာ/ဆရာမ ၂,၂၁၈ ဦး၊ စ‌ကောကရင် စာ‌ပေ သင်ဆရာ/ဆရာမ ၁,၅၉၂ ဦးရှိ‌ကြောင်း ဧရာဝတီတိုင်းပညာ‌ရေးမှူးရုံး၏ စာရင်းများအရ သိရသည်။