Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပါဝင်ခဲ့သူနှင့် KNU တို့ လုပ်ငန်းစဉ် အလုပ်ရုံ‌ဆွေး‌နွေးပွဲ စတင်ပြုလုပ်

ငြိမ်းချမ်း‌ရေးဖြစ်စဉ် ပါဝင်ခဲ့သူနှင့် KNU တို့ လုပ်ငန်းစဉ် အလုပ်ရုံ‌ဆွေး‌နွေးပွဲ စတင်ပြုလုပ်

3952
‌ကေအဲန်ယူ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ‌လေးဝါး(‌လော်ခီးလာ)၌ ၂၀၁၆ခုနှစ်၊ ‌မေလ ၁၈ရက်‌နေ့က ပြုလုပ်သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ

ဩဂုတ် ၃ဝ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌ကေအိုင်စီ

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်းစဉ်အတွင်း ထဲထဲဝင်ဝင်ပါဝင်သူများနှင့် KNU -ကရင် အမျိုးသားအစည်းအရုံးတို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောစာချုပ် (NCA) နှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည် သုံးသပ်မှု အလုပ်ရုံ‌ဆွေး‌နွေးပွဲ တစ်ခုကို ဖားအံခရိုင်၊ ‌လော်ခီးလာ(‌လေးဝါး)၌ ဩဂုတ် ၃ဝရက်(ယ‌နေ့)မှ စက်တင်ဘာ ၂ ရက်‌နေ့အထိ စတင်ပြုလုပ်ကျင်းပလျက်ရှိသည်။

အဆိုပါ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ပြန်လည်သုံးသပ်ပွဲ လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှု ဖြစ်စဉ်အတွင်း ပါဝင်ခဲ့ကြသည့် KNUအဖွဲ့တွင်းအပါအဝင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီ လာခံ UPC ၊ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲပူးတွဲကျင်းပ‌ရေး ‌ကော်မတီ -UPDJC ၊ ပစ်ခတ်တိုက်ခိုက် မှု ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ -JMC ၊ ကရင်အမျိုးသားနိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ ကျင်းပ ‌ရေး‌ကော်မတီ (KNDCC)မှ ကိုယ်စားလှယ်များ တက်‌ရောက်လျက်ရှိသည်။

သုံးရက်ကြာ ‌ဆွေး‌နွေးပွဲတွင် လက်ရှိ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုဖြစ်စဉ်အား ‌ဆွေး‌နွေးတင် ပြခြင်း၊ JMC နှင့် UPDJC ဆိုင်ရာ ‌ဆွေး‌နွေးတင်ပြခြင်း၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာ ခံ UPCသို့ တင်ပြသည့် နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့် သဘာဝသယံဇာတနှင့် လုံခြုံ‌ရေးကဏ္ဍတို့ ‌ဆွေး‌နွေးခြင်း၊ UPC ပြည်‌ထောင်စု သ‌ဘောတူညီချက် အစိတ်အပိုင်း (၂) စသည့် အချက်များကို သုံးသပ်‌ဆွေး‌နွေးကြမည်ဖြစ်သည်ဟု သိရသည်။

ယင်း ‌တွေ့ဆုံပွဲမှ ထွက်ရှိလာသည့် ‌ဆွေး‌နွေးသုံးသပ်ချက်များကို Karen Community Base Organizations KCBOs/ Karen Civil Society Organizations KCSOs တို့အား စက်တင်ဘာလ ၃ ရက်မှ ၅ ရက်‌နေ့အထိ ပြုလုပ်မည့်‌ဆွေး‌နွေးပွဲတွင် ဆက်လက် ရှင်းလင်း ချပြသွားမည်ဟု သိရသည်။

အဆိုပါ အစည်းအ‌ဝေးသို့ တက်‌ရောက်မည့် ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန် ရက် (KPSN) မှ ‌စော‌လေးက‌ပေါ်က “ဒီငြိမ်းချမ်း‌ရေး ဖြစ်စဉ်က ကျ‌နော်တို့ဆက်လက်ပြီး ‌တော့ ပံ့ပိုးဖို့လိုတယ်။ ဒီငြိမ်းချမ်း‌ရေးဖြစ်စဉ်က တိုင်းရင်းသား‌တွေရဲ့ ‌မျှော်လင့်ချက် တစ်စုံ တစ်ရာ ဖြစ်ခဲ့တဲ့အတွက်‌ကြောင့်မို့လို့‌ပေါ့‌နော်။ ‌မျှော်လင့်တာက‌တော့ ‌ရှေ့ဆက်သွားမယ့် ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးမှု‌တွေမှာ ဒီတိုင်းရင်းသား‌တွေဘက်က ပိုပြီး‌တော့ စည်းစည်း လုံးလုံးနဲ့ ‌ဆွေး‌နွေးလာဖို့‌ပေါ့‌နော်။ ‌နောက်‌ဆွေး‌နွေးပွဲမှာ နည်းပညာအ‌ထောက် အကူပြု မှု‌တွေ ပိုပြီး အသုံးပြုလာမယ်လို့ ‌မျှော်လင့်ပါတယ်။”ဟု ‌ပြောသည်။

ယခုပြုလုပ်မည့် အစည်းအ‌ဝေးများကို ဩဂုတ်လ ၆ ရက်မှ ၂၄ ရက်‌နေ့အထိ ကျင်းပခဲ့ သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ (၁၆)ကြိမ်‌မြောက်ကွန်ဂရက်အပြီး ဒုတိယအ ကြိမ်‌မြောက် ဗဟို အမြဲတမ်း‌ကော်မတီ အစည်းအ‌ဝေး ဆုံးဖြတ်အရ ဖြစ်‌ပေါ်လာ သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးဖြစ်သည်ဟု သိရသည်။