Home သတင်း KNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူတွင် စစ်‌ဘေး‌ရှောင် ၂၀၀‌ကျော် ထပ်မံ‌ရောက်ရှိ

KNLA နှင့် အစိုးရစစ်တပ် တိုက်ပွဲ‌ကြောင့် မြိုင်ကြီးငူတွင် စစ်‌ဘေး‌ရှောင် ၂၀၀‌ကျော် ထပ်မံ‌ရောက်ရှိ

12840
မြိုင်ကြီးငူ စစ်‌ရှောင် ပြည်သူများ ( ပုံ-‌ကေအိုင်စီ)

ဩဂုတ် ၃ဝရက်၊ ၂၀၁၈ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဖာပွန်မြို့နယ်အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်မဟာ ၅ တပ်ဖွဲ့နှင့် အစိုးရတပ်မ‌တော်တို့ကြားတွင် ယခုလ ၂၈ ရက်‌နေ့က တစ်‌ကျော့ ပြန် ပစ်ခတ်မှုဖြစ်ပွား‌သော‌ကြောင့် ဩဂုတ်လ ၂၉ရက် (ယမန်‌နေ့)က မြိုင်ကြီးငူစခန်း၌ ‌ဒေသခံရွာသား ၂၀ဝ ‌ကျော် ထပ်မံထွက်‌ပြေးတိမ်း‌ရှောင်လာကြသည်ဟု သိရသည်။

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းမှ တာဝန်ရှိသူတစ်ဦးက “မ‌နေ့က ပြန်‌ရောက်လာတာ ကန်ညီ‌နောင်ရွာ တစ်ရွာ ပဲရှိ‌သေးတယ်။ အဲဒီအနီးနားရွာ‌တွေလည်း ထွက်‌ပြေး‌သေးတယ်ကြားတယ်။ ဒီမှာ‌တော့ မ‌ရောက်လာ‌သေးဘူး။ ‌ရောက်တဲ့လူ‌တွေက အခု‌လော‌လောဆယ် ရပ်ကွက်အတွင်းမှာပဲ ‌နေတယ်။ စားတာက သူတို့‌နေတဲ့အိမ်မှာပဲ စားကြတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNLA နှင့် အစိုးရ တပ်မ‌တော် နှစ်ဖက်တပ်များအကြား ပစ်ခတ်မှုဖြစ်ပွားခြင်း‌ကြောင့် ပြန်လည်ထွက်‌ပြေးလာ သူများမှာ ကန်ညီ‌နောင်ရွာမှ ‌ဒေသခံများဖြစ်ပြီး အိမ်‌ထောင်စု ၅၂စုမှ လူဦး‌ရေ ၂၅၆ဦးရှိကာ ၎င်းတို့အ‌နေဖြင့် ပြိုင်ကြီးငူ ရပ်ကွက်အတွင်းရှိ နီးစပ်ရာ‌နေအိမ်များတွင် ခိုလှုံ‌နေကြရသည်ဟု သိရသည်။

ထို့အပြင် ထွက်‌ပြေးတိမ်း‌ရှောင်လာရသူများအား မြိုင်ကြီးငူစစ်‌ပြေး‌ရှောင်စခန်းတွင် ‌နေရာချထား‌ပေးရန် လတ် တ‌လော ‌နေရာထိုင်ခင်းမရှိ‌သေးသည့်အပြင် ၎င်းတို့အတွက် ကူညီမှုများလုပ်‌ဆောင်‌ပေးနိုင်ရန်အတွက် ‌ရောက်ရှိလာသူများကို စာရင်း‌ကောက်ယူပြီး လှှိုင်းဘွဲ‌ထွေအုပ်ထံ တင်ပြထား‌ကြောင်းလည်း စခန်းတာဝန်ရှိ သူက ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက်‌နေ့က မြန်မာ့တပ်မ‌တော် တပ်မ ၄၄ လက်‌အောက်ခံတပ်ရင်းတစ်ခုဖြစ်သည့် ‌ခြေလျင်တပ်ရင်း ခလရ-၂ နှင့် KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်တို့အကြားတွင် ဖာပွန်မြို့နယ်အတွင်းရှိ အိမ်ကုန်း ရွာနှင့် နိုုထာ့ကြားတွင် ထိ‌တွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် တပ်မဟာ ၅ဘက်မှ ဩဂုတ်လ ၂၉ရက် ‌နေ့စွဲ ဖြင့် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်-ရတခ တိုင်းမှူးထံ ကန့်ကွက်စာတစ်‌စောင် ‌ပေးပို့ခဲ့‌ကြောင်းလည်း သိရ သည်။

ထို့အတူ ဩဂုတ် ၂၉ ရက်(ယမန်‌နေ့)တွင်လည်း ကမ‌မောင်းမြို့နယ်တွင် လှုပ်ရှား‌နေသည့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA)နှင့် KNLA တပ်မဟာ (၅)တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်‌သေဆုံးမှု အ‌ခြေအ‌နေကို ဆက်လက်စုံစမ်း‌နေဆဲဖြစ်သည်။

လတ်တ‌လော ဖြစ်ပွား‌နေသည့် ပစ်ခတ်တိုက်ခိုက်မှု အ‌ခြေအ‌နေနှင့်ပတ်သက်၍ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများကို ‌ကေအိုင်စီအ‌နေဖြင့် ‌မေးမြန်းရန်ကြိုးစားခဲ့‌သော်လည်း အဆက်သွယ်မရရှိ‌သေး‌ပေ။