Home သတင်း ချည်ဖြူဖွဲ့သီချင်း အဆိုပြိုင်ပွဲ ပြုလုပ်ကျင်းပပြီးစီး

ချည်ဖြူဖွဲ့သီချင်း အဆိုပြိုင်ပွဲ ပြုလုပ်ကျင်းပပြီးစီး

4312
Photo- Saw Win Soe

ဩဂုတ် ၂၈ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

ကရင်ရိုးရာဓ‌လေ့တစ်ခုဖြစ်သည့် ဝါ‌ခေါင်လချည်ဖြူဖွဲ့အ‌ကြောင်းအရာများနှင့်ပတ်သက်‌သော ကရင်ဘာသာ ‌တေးသီချင်း သီးသန့် အဆိုပြိုင်ပွဲတစ်ရပ် ပြုလုပ်ပြီးစီးခဲ့ပြီး ဩဂုတ်လ ၂၆ ရက်‌နေ့တွင် ဆု‌ပေးပွဲများပြုလုပ်ခဲ့ သည်ဟု သိရသည်။

အဆိုပါ ကရင်ရိုးရာချည်ဖြူဖွဲ့ မဂင်္လာ‌တေးသီချင်းပြိုင်ပွဲကို ချစ်သူမြိုင်အပန်း‌ဖြေဥယျာဉ်နှင့် ယှူး‌မောက်မီနီ မတ်တို့ ပူး‌ပေါင်းကျင်းပပြုလုပ်‌ပေးခြင်းဖြစ်ပြီး ထိုသို့ ကျင်းပရခြင်းနှင့်ပတ်သက်၍ ပြိုင်ပွဲဒိုင်ချုပ်ဖြစ်သူ ‌စောသ ‌မော့‌ဖောင်ဟိန်မှ ယခုလို‌ပြောသည်။
̏
ကရင်လူငယ်‌တွေအ‌နေနဲ့ ချည်ဖြူဖွဲ့ရခြင်း အ‌ကြောင်းအရင်း‌တွေကို သိရှိလာပြီး ကရင့်ရိုးရာယဉ်‌ကျေးမှုကို ထိန်းသိမ်းမြှင့်တင်လိုတဲ့စိတ်ရှိလာ‌အောင်၊ ‌နောက်ပြီး ချည်ဖြူဖွဲ့ ‌တေးသီချင်း‌တွေကို ပြန်လည်‌ဖော်ထုတ် မြှင့် တင်လိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ရခြင်းဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ဩဂုတ် ၂၈ ရက်(ယ‌နေ့)တွင် ‌ပြောသည်။

‌တေးသီချင်းသီဆိုပြိုင်ပွဲကို တစ်ကိုယ်‌တော်သီဆိုမှု၊ စုံတွဲသီဆိုမှုနှင့် အဖွဲ့လိုက်သီဆိုမှုစသဖြင့် သတ်မှတ် ထားပြီး ပထမဆုကို အုပ်စုပြိုင်ပွဲဝင် သဘင်(၂) အဖွဲ့၊ စုံတွဲပြိုင်ပွဲတွင် ‌စော‌သောင်ကျာလျား‌ဖောင်နှင့်နန်းအဲယှူး ‌ဖောင်၊ တစ်ဦးချင်းပြိုင်ပွဲတွင် နန်းအဲယှူးတို့မှ အသီးသီး ရရှိသွားခဲ့သည်ဟု သိရသည်။

ဩဂုတ် ၂၄ ရက်နှင့် ၂၅ ရက်‌နေ့ သီဆိုယှဉ်ပြိုင်မှုတွင် ဆု‌ပေါင်း ၁၃ ဆု (စုစု‌ပေါင်း ကျပ်သိန်း ၅ဝ ‌ကျော်) ချီးမြှင့်ခဲ့ပြီး ယခုပြိုင်ပွဲကို ဖားအံ၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ၊ မြဝတီမြို့နယ်များမှ ကရင်ဇာတ်သဘင်၊ ‌ကျေးရွာ၊ တက္ကသိုလ်၊ ချစ်သူမြိုင် စသည့် ကိုယ်စားပြုအဖွဲ့များမှလူငယ်များ ပြိုင်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။