Home သတင်း ဇွဲကပင်‌တောင်တက်ကားလမ်း‌ဖောက်လုပ်မှု တားမြစ်သည့်ကိစ္စ မွန်‌ရေးရာဝန်ကြီး‌ဖြေရှင်း

ဇွဲကပင်‌တောင်တက်ကားလမ်း‌ဖောက်လုပ်မှု တားမြစ်သည့်ကိစ္စ မွန်‌ရေးရာဝန်ကြီး‌ဖြေရှင်း

2553
မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်း ( Photo _KIC)

ဇွန်လ ၄ရက်၊၂၀၁၈ခုနှစ်။ ‌ကေအိုင်စီ

မြိုင်ကြီးငူဆရာ‌တော်ကိုယ်တိုင် ဦး‌ဆောင်သည့် ဇွဲကပင် ‌တောင်တက်ကားလမ်း ‌ဖောက်လုပ်သည့် အစီအစဉ်အား ပြည်နယ်ဝန် ကြီးချုပ် နန်းခင်‌ထွေးမြင့်က ရပ်နားခိုင်းခြင်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လမ်းကြံ့ခိုင်မှုအ‌ပေါ် စိုးရိမ်သည့်အတွက်ဖြစ် ‌ကြောင်း ကရင်ပြည်နယ် သာသနာ‌ရေးနှင့် မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ် သာသနာ‌ရေးနှင့် မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်းက “တစ်ချက်ရပ်လိုက်ပါအုံးဆိုပြီး ဝန်ကြီးချုပ်က ဒီလမ်း ကို တားရတဲ့အ‌ကြောင်းရင်းက ဝန်ကြီးချုပ်ကို အဲဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့က တားခိုင်းလို့ ‌နောက်တစ်ချက်က ဝန်ကြီးချုပ်ကိုယ်တိုင် သွားကြည့်တဲ့အခါမှာ ပညာရှင်များက အန္တရာယ်ဖြစ်နိုင်တယ် ‌ထောက်ပြလို့ အဲဒီအချက်၂ချက်ပဲ။ ကျန် တာ မပါဘူး။ ဆက်‌ဖောက်မယ်ဆိုရင်‌တော့ တားမြစ်တဲ့ အမိန့်တစ်ခုကို လွန်ဆန်ရာကျတာ‌ပေါ့”ဟု ဆိုသည်။

ထို့အပြင် ဇွဲကပင်‌တောင်သည် ကရင်ပြည်နယ်သူ ပြည်နယ်သားများ အထွဋ္ဋ်အမြတ်ထားရာ ‌တောင်တစ်လုံးဖြစ်ပြီး တစုံတရာ ပျက်ယွင်းသွားမည်ကို စိုးရိမ်သည့်အတွက် ပြည်နယ်အစိုးရက တားမြစ်ရခြင်းဖြစ်သကဲ့သို့ လမ်း‌ဖောက်လုပ်ရာတွင်လည်း လမ်း ‌ဖောက်အင်ဂျင်နီယာ ပါဝင်ခြင်းမရှိသလို ပြည်နယ်အစိုးရထံ ခွင့်ပြုချက် ‌တောင်းခံထားခြင်းမရှိ‌ကြောင်းလည်း မွန်ဝန်ကြီးက ဖြည့် စွက်‌ပြောဆိုသည်။

ပြီးခဲ့သည့် ‌မေလ ၁၉ရက်‌နေ့က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဆောင်သည့် အစိုးရအဖွဲ့သည် ဇွဲကပင်‌တောင် အ‌ရှေ့ဘက်ခြမ်းရှိ လမ်း‌ဖောက်လုပ်သည့်‌နေရာသို့ သွား‌ရောက်‌လေ့လာ ကွင်းဆင်းချိန်တွင် အဆိုပါ လမ်း‌ဖောက်လုပ်‌နေမှုများအား ရပ်တန့်‌ပေးရန် တားမြစ်ခဲ့သည်။

ယင်း‌တောင်တက်ကားလမ်း ‌ဖောက်လုပ်ရခြင်းမှာ မသန်စွမ်းသူ၊ သက်ကြီးရွယ်အိုနှင့် က‌လေးသူငယ်များအတွက် ‌တောင်ထိပ် သို့ လွယ်ကူစွာ ဘုရားဖူးနိုင်ရန် ရည်ရွယ်ပြီး မြိုင်ကြီးငူဆရာ‌တော် ဦးသုဇနက ‌ဖောက်လုပ်ခိုင်းခြင်းဖြစ်‌ကြောင်းလည်း ဆရာ ‌တော်၏ တပည့်ဒါယိကာများ ‌ပြောပြချက်အရ သိရသည်။

အကွာအ‌ဝေးအရ ၆မိုင်ခန့်‌ဖောက်လုပ်ရန် ရည်ရွယ်ထားသည့် ဇွဲကပင်‌တောင်တက်ကားလမ်းကို မြိုင်ကြီးငူဆရာ‌တော် ဦးသုဇန ၏ ဦး‌ဆောင်လမ်းညွန်မှုနှင့်အတူ တပည့်ဒါယိကာများ၏ ပါဝင်ကူညီဖြင့် ပြီးခဲ့သည့် ၂၀၁၇ခုနှစ် မတ်လတွင် စတင် ‌ဖောက်လုပ်ခဲ့ ရာ ယခုအချိန်တွင် ၃မိုင်ဝန်းကျင်ခန့် ‌ဖောက်လုပ်ပြီးစီး‌နေပြီး ဖြစ်သည်။

ပြည်နယ်အစိုးရ၏ တားမြစ်ခြင်းခံထားရသည့် ဇွဲကပင်‌တောင်တက်ကားလမ်း‌ဖောက်လုပ်ရာတွင် တာဝန်ခံ ကုမ္ပဏီ၊ အင်ဂျင်နီ ယာများ မပါဝင်‌သော်လည်း လမ်း‌ဖောက်လုပ်မှု ကျွမ်းကျင်သူများကို ‌ခေါ်ထားခြင်းဖြစ်ပြီး ‌ဖောက်လုပ်ပြီး ၁နှစ်‌ကျော်ကြာမှသာ ပြည်နယ်ဝန်ကြီးချုပ်က ပထမဦးဆုံးအကြိမ် လာ‌ရောက်တားမြစ်ခြင်းဖြစ်သည်ဟုလည်း မြိုင်ကြီးငူဆရာ‌တော်၏ တပည့် ဒါယိ ကာများက ‌ပြောဆိုမှုများလည်း ရှိသည်။

“အဲကိစ္စအတွက် အစိုးရက‌နေ တားမြစ်မိန့်တစ်‌စောင်မှ ထုတ်တာမရှိဘူး။ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနက‌နေပြီး‌တော့ တား မြစ်သင့်‌ကြောင်း အစိုးရအဖွဲ့ကို လိပ်မူတာ‌တော့ ‌တွေ့တယ်။ အစိုးရ၊ သဘာဝပတ်ဝန်းကျင်ဌာနက‌နေတဆင့် ဒါကိုပိတ်ရမယ် ဆိုတာက‌တော့ စာပို့တာ မ‌တွေ့‌သေးဘူး။ ဆရာ‌တော်က‌တော့ ဒီလမ်းကို ဆက်‌ဖောက်ပါ။ ဖြစ်လာတဲ့ပြဿနာ သူရှင်းမယ် ‌ပြော တယ်”ဟု ဆရာ‌တော်၏ တပည့်ဒါယိကာတစ်ဦးဖြစ်သူ ‌စောကြည်လင်းက ‌ပြောသည်။

ထို့အတူ မိုးရာသီဖြစ်သည့်အတွက် လတ်တ‌လော ဇွဲကပင်‌တောင်တက်ကားလမ်း ‌ဖောက်လုပ်မှုကို ‌ခေတ္တရပ်ဆိုင်းထားပြီး လမ်း အတွက် လိုအပ်သည့် ပြင်ဆင်စရာများကို ဆက်လက် လုပ်‌ဆောင်‌နေ‌ကြောင်းလည်း ‌စောကြည်လင်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် ဇွဲကပင်‌တောင်ထိပ်‌ပေါ်သို့ အ‌ရှေ့ဘက်ခြမ်း၊ အ‌နောက်ဘက်ခြမ်း လမ်း ၂သွယ်ဖြင့် ‌ခြေလျင်တက်‌ရောက်နိုင် ကာ ‌တောင်‌ခြေမှစ၍ ‌ခြေလျင်နှင့် ပုံမှန် တက်ပါက ၂နာရီခွဲကြာမြင့်မည်ဖြစ်ပြီး ‌တောင်‌ပေါ်သို့ ပို၍ အလွယ်တကူတက်နိုင်ရန် ယခု ‌တောင်တက်ကားလမ်း ‌ဖောက်လုပ်ခြင်းအပြင် ‌ကောင်းကင်‌ကေဘယ်လ်ကားနှင့် တက်နိုင်ရန်လည်း စတင် လုပ်‌ဆောင်‌နေ ပြီဖြစ်သည်ဟု သိရသည်။