Home သတင်း KNU ဥက္ကဌ မန်းဘဇန်၏သား ကရင့်‌တော်လှန်း‌ရေးသမားကြီး ဗိုလ်မှူးမန်း‌ရောဘတ်ဇန် ကွယ်လွန်

KNU ဥက္ကဌ မန်းဘဇန်၏သား ကရင့်‌တော်လှန်း‌ရေးသမားကြီး ဗိုလ်မှူးမန်း‌ရောဘတ်ဇန် ကွယ်လွန်

3422

‌မေ ၁၂ ရက်၊ ၂ဝ၁၈ခုနှစ်။ ‌စောသိန်းမြင့်

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ‌ဟောင်း မန်းဘဇန်၏သား ကရင့်‌တော်လှန်‌ရေး သမားပီ သသူဟု လူသိများသည့် ဗိုလ်မှူး မန်း‌ရောဘတ်ဇန် (၇၆)နှစ်သည် ၎င်း‌နေထိုင်ရာ အ‌မေရိကန်နိုင်ငံ၊ မီနီဆိုး တားပြည်နယ်ရှိ ‌နေအိမ်၌ ‌မေလ ၁၁ ရက်‌နေ့ ‌ဒေသစံ‌တော်ချိန် နံနက် ၁၁ နာရီ၊ ၂ဝမိနစ်တွင် ကွယ်လွန် သွားခဲ့ပြီးဟု ကျန်ရစ်သူ မိသားစုဝင်များက ‌ပြောသည်။

ဗိုလ်မှူး မန်း‌ရောဘတ်ဇန်၏ သားသမက်ဖြစ်သူ ‌စောနစ်ကီက “မနက် ၁၁း ၂ဝ အချိန်မှာ အဖိုးဆုံးသွားပါပြီ။ အိမ်မှာပဲဆုံးပါတယ်။ အဆုပ်ကင်ဆာနဲ့ပါ။ သူ‌ဆေးကုသမှုခံယူတာက‌တော့ ၆ လ‌လောက် ရှိပါပြီ။ ဆရာဝန်က လက်လွှတ်လိုက်ပြီး‌နောက် ‌နေအိမ်မှာ ပြန်လာ‌နေထိုင်လို့ ၁ လ‌ကျော်‌ကျော်‌လောက်မှာ ဆုံးသွားတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ အတည်ပြု‌ပြောကြားသည်။

ဗိုလ်မှူးမန်း‌ရောဘတ်ဇန်သည် ကရင်မိဘနှစ်ပါးဖြစ်သည့် KNU ဥက္ကဌ‌ဟောင်း မန်းဘဇန်နှင့် ‌နော်ကြည်ကြည်တို့မှ ၁၉၄၁ ခုနှစ်၊ နိုဝင်ဘာလ ၂၇ရက်တွင် အလုံမြို့နယ်၊ ရန်ကုန်မြို့၊ ချမာဖီ ‌ဆေးရုံ၌ ‌မွေးဖွားခဲ့ပြီး ‌မွေးချင်း‌မောင်နှမ ၁ဝ ဦးအနက် ဒုတိယ‌မြောက်သားဖြစ်သည်။

သူသည် စံကျ‌ကျောင်း၊ ဥတိုဘန်းကြီး‌ကျောင်း၊ ငှက်‌အောက်စမ်း‌ကျောင်း၊ ဗြန့်ကြီးတိုက်ကုန်း ကရင်အမျိုးသားအလယ်တန်း ‌ကျောင်း၊ ‌ကော်သူး‌လေ ဗဟိုဌာနချုပ် အထက်တန်း‌ကျောင်း၊ ‌နော်ယိုးထာ ‌ကော်သူး‌လေ အထက်တန်း‌ကျောင်း၊ Brayton Model High School (အလုံမစ်ရှင်)‌ကျောင်းတို့တွင် ပညာသင်ကြားခဲ့ဖူးပြီး ရန်ကုန်ခရိုင် ‌ကျောင်းသားများသမဂ္ဂ(ရကသ)၊ ABKO လူငယ်၊ ‌ကျောင်းသားတာဝန် စသည့် ဥပ‌ဒေ‌ဘောင်တွင်း နိုင်ငံ‌ရေးလှုပ်ရှားမှုများကို လုပ်‌ဆောင်ခဲ့ဖူးသည်ဟု သူကိုယ် တိုင် ‌ရေးသားထားသည့် “ကျွန်ုပ်၏ ‌ကော်သူး‌လေ ကရင့်‌တော်လှန်‌ရေး မှတ်တိုင်များ” အတ္ထုပ္ပတ္တိစာအုပ်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် သူ၏ လက်နက်ကိုင် ‌တော်လှန်‌ရေးဖြတ်သန်းမှုတွင် ဝါးခယ်မမြို့နယ် ‌ဒေသ‌ကော်မတီ၊ တပ်ရင်း (၂) KPLA- ကရင် ပြည်သူ့လွတ်‌မြောက်‌ရေး တပ်မ‌တော်၏ နိုင်ငံ‌ရေးမှူး၊ တပ်မဟာ (၁) ဗျူဟာမှူး၊ တပ်ရင်း ၂၃ စစ်‌ကြောင်းမှူး၊ တပ်မဟာ(၇) တပ် ခွဲ(၄)မှူး၊ တပ်‌ရေးဗိုလ်ကြီး၊ ‌ကော်သူး‌လေမူစလင်တပ်မှူး၊ DAB – Democratic Alliance Of Burma (ကီးဒိုစစ်‌ကြောင်းမှူး)များကို တာဝန်ယူခဲ့သလို ‌ကေအဲန်ယူ တပ်မဟာ ၇အတွင်း နာမည်ကြီး ညင်ဒုံတိုက်ပွဲ၊ ဖားကပ်တိုက်ပွဲနှင့် ဝမ်းခါတိုက်ပွဲများတွင် ကိုယ်တိုင် ပါဝင်တိုက်ခဲ့ဖူးသူ တစ်ဦးလည်းဖြစ်သည်။

သူသည် ၂ဝဝဝ ခုနှစ်၊ ဩဂုတ်လ ၃ ရက်‌နေ့တွင် အ‌မေရိကန်နိုင်ငံသို့ ‌ရောက်ရှိပြီး Karen Community of Minnesota (KCM)၊ Patriotic Karen Association-PKA အဖွဲ့အစည်းများကို ဦး‌ဆောင်ဖွဲ့စည်းခဲ့သလို နိုင်ငံတကာ‌ရောက် ကရင်အမျိုးသား‌ရေးလုပ်ငန်းများကို အားတက်သ‌ရော ကြိုးပမ်းစုစည်းမှုများ လုပ်‌ဆောင်‌သော‌ကြောင့် ကရင်လူ့အဖွဲ့အစည်း၏ ဖခင်ဟု တင်စား‌ခေါ်‌ဝေါ်ခံရသူဖြစ် သည်။

၂ဝ၁ဝ ခုနှစ်ကာလ အ‌တောအတွင်းတွင် သူ‌ကော်သူး‌လေနယ်‌မြေသို့ ပြန်လည် ‌ရောက်ရှိလာကာ ကွဲပြား‌နေသည့် ကရင်အဖွဲ့အ စည်းများကို ပြန်လည်စုစည်းရန် ရည်ရွယ်ချက်ဖြင့် KNU အဖွဲ့ဝင်၊ ဗိုလ်ချုပ်‌စောလားပွယ် ဦး‌ဆောင်သည့် ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA)မှ ဖွဲ့စည်းလိုက်‌သော ကလိုထူး‌ဘော ကရင်အဖွဲ့အစည်း KKO ၏ ဥက္ကဌအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ ‌သေးသည်။

Serve for the People ( ပြည်သူကို အလုပ်အ‌ကျွေးပြုပါ) ဟူ‌သော စကားသည် ဗိုလ်မှူး မန်း‌ရောဘတ်ဇန်မှ လူငယ်များကို အမြဲတ‌စေအား‌ပေးသည့် လက်သုံးစကားဖြစ်ပြီး သူ ယခုလို ကွယ်လွန်သွားသည့်အတွက် ‌တော်လှန်‌ရေးသမား ပီသသူ၊ အမျိုးသား‌ရေးအတွက် သ‌ဘောထားပြင်းပြသည့် ‌တော်လှန်‌ရေးသမားကြီး တစ်ဦးဆုံးရှုံးသွားခြင်းဖြစ်သည်ဟု ၎င်းကို ‌လေးစားသည့် လုပ်‌ဖော်ကိုင်ဖက်နှင့် အသိမိတ်‌ဆွေများက ‌ပြောသည်။

‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက “သူက ‌ကျောင်းသား‌တွေကို စည်းရုံးနိုင်တယ်။ ဝမ်းခါမှာ အလုပ်သမား‌တွေကို စည်းရုံး နိုင်စွမ်းရှိတယ်။ တိုက်ပွဲအ‌တွေ့အကြုံရှိတယ်။ တကယ်‌တော်တဲ့လူလို့ ‌ပြောလို့ပါတယ်။ အဖွဲ့အစည်း အ‌နေနဲ့ ကြည့်ရင် အမှား‌တော်‌တော်များများကို လုပ်ခဲ့တာ‌တွေက ‌တော့ရှိတယ် ‌ပေါ့‌လေ။ ဘယ်လိုပဲဖြစ်ဖြစ် အမျိုးသား‌ရေးအတွက် နှ‌မြောစရာ‌ကောင်းပါတယ်။”ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

စာ‌ပေကို မြတ်နိုးသူတစ်ဦးဖြစ်သည့် မန်း‌ရောဘတ်ဇန်သည် ‌တောသား‌လေးဇန်၊ ဖူးကီးဒို၊ ‌နော်ပ‌စောထီး စသည့်က‌လောင် အမည်များဖြင့် မန်းဘဇန်နှင့် ကရင့်‌တော်လှန်‌ရေး၊ ‌တော်လှန်‌ရေးလား တန်ပြန်လား (ကဗျာ)၊ ‌ကျေးလက်ပြည်သူများအတွက် တိုင်းရင်း‌ဆေး၊ ကျွန်ုပ်၏ ‌ကော်သူး‌လေ ကရင့်‌တော်လှန်‌ရေး မှတ်တိုင်များ စသည့် စာအုပ်များအပြင် ‌ဆောင်းပါးများ၊ ကဗျာများ ကို သနူးထူးဂျာနယ်၊ ပြည်‌တော်သစ်ဂျာနယ်၊ နိုင်ငံသစ် ဂျာနယ်၊ ‌သွေးစည်းခိုင်မာ‌ရေးဂျာနယ်တို့တွင် ‌ရေးသားခဲ့ဖူးသည်။

၎င်းကွယ်လွန်ချိန်တွင် ညီမဖြစ်သူ ‌ကော်နီဇန်နှင့် ‌ကေသီဇန်တို့ နှစ်ဦးအပါအဝင် ဇနီး နန်းမြမြ‌သွေးနှင့်အတူ သားသမီး ၇ ဦး၊ ‌မြေး ၂၃ဦးကျန်ရစ်ခဲ့သည်။ သူ၏ ဈာပန အခမ်းအနားကို မိသားစုဝင်များက ‌ဆွေး‌နွေးတိုင် ပင်‌နေဆဲဖြစ်ပြီး ဈာပနအခမ်းအနားတွင် ဂုဏ်ပြုခြင်းအခမ်းအနား တစ်ရပ်ပြုလုပ်သွားမည်ဟု မိသားစုဝင်များက ‌ပြောသည်။