Home သတင်း ပြည်နယ်အတွင်းရှိ မသန်စွမ်း ၄,၆၁၆ ဦးအတွက် ကျပ် သိန်း‌လေး‌ထောင်‌ကျော် ‌ထောက်ပံ့

ပြည်နယ်အတွင်းရှိ မသန်စွမ်း ၄,၆၁၆ ဦးအတွက် ကျပ် သိန်း‌လေး‌ထောင်‌ကျော် ‌ထောက်ပံ့

2677

‌မေလ ၁၂ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ ၄,၆၁၆ ဦးကို လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေး မဟာဗျူဟာ စီမံချက်အရ ပထမဦးဆုံးအကြိမ် ကျပ်သိန်း ‌လေး‌ထောင်‌ကျော် ‌ထောက်ပံ့‌ပေးလျက်ရှိသည်ဟု ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာန ဒုညွှန်ကြား‌ရေးမှူး ဦး‌ဇော်မင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “၂ဝ၁၆ ခုနှစ် ‌ကောက်ယူထားတဲ့စာရင်းအရ မသန်းစွမ်း ၄,၆၁၆ ဦးအတွက် ကျပ်သိန်း ၄၀,၆၁၆သိန်းကို တစ်‌ယောက် တစ်သိန်းနှုန်းနဲ့ လူမှုကာကွယ်‌စောင့်‌ရှောက်‌ရေး မဟာဗျူဟာစီမံချက်အရ အားနည်းချက်ရှိတဲ့ သူ‌တွေကို ကာကွယ်‌စောင့်‌ရှောက်‌ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပထမဦးဆုံးကြိမ်‌ထောက်ပံ့တာပါ။ မသန် စွမ်း သူ‌တွေကို မှတ်ပုံတင်‌တွေ‌ဆောင်ရွက်ပြီးရင် ‌ကော်မတီဖွဲ့စည်းပြီး ဥပ‌ဒေပါ လုပ်ငန်းစဉ်‌တွေကို ဆက်ပြီး အ‌ကောင်အထည်‌ဖော်သွားမယ်” ဟု ‌မေ ၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အမြင်အာရုံမသန်စွမ်းသူ၊ ခန္ဓာကိုယ်မသန်စွမ်းသူ၊ ညဏ်ရည်မသန်စွမ်းသူ၊ အကြားအာရုံမသန်စွမ်းသူ ၄ မျိုးကို မသန်စွမ်းသူများအဖြစ် သတ်မှတ်ထားပြီး အ‌ခြေအ‌နေအမျိုးမျိုး‌ကြောင့် ‌ကောက်ယူထားသည့်စာရင်းထဲ မပါဝင် ‌သေးသည့် မသန်စွမ်းသူများကို ၂ဝ၁၇၊ ၂ဝ၁၈ ခုနှစ်အတွင်း ထပ်တိုး မသန်စွမ်းသူများကိုပါ လာမည့်နှစ် ဘဏ္ဍာ ‌ငွေ ရရှိတဲ့အ‌ပေါ်မူတည်ပြီး ‌ထောက်ပံ့‌ပေးသွားမည်ဟု ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် အမြင်မသန်စွမ်းသူ ‌စောလှမိုးက “ ‌ထောက်ပံ့တဲ့‌ငွေတစ်သိန်းကို ကိုယ့်လုပ်ငန်း အတွက် လိုတဲ့ ပစ္စည်းဝယ်သုံးတယ်‌ပေါ့‌နော်။ ‌ရေစုပ်‌မော်တာ၊ မီးစက်ပျက်ရင် လိုက်ပြီးပြုပြင်‌ပေးတယ်။ အလှူပွဲ၊ လူမှု‌ရေးပွဲ‌တော်‌တွေမှာ စန္ဒရားလိုက်တီး‌ပေးတယ်။ ‌စောင်း‌ဘောက်အငှားလုပ်‌ပေးတယ်။ ဒါ‌တွေက လက်‌တွေ့ စမ်းသပ်ပြီး တတ်လာတာပါ။ သင်ကြားတတ်‌မြောက်ဖို့ ပစ္စည်း‌တွေမဝယ်နိုင်ဘူး‌ပေါ့‌နော်။ နည်းပညာပိုင်းမှာ ‌လေ့လာချင်တယ်။ ကျ‌နော်တို့ မသန်စွမ်းတဲ့သူ‌တွေရဲ့ လိုအပ်ချက်‌တွေကို ဒီထက်ကူညီ‌ပေး‌စေချင်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဧရာဝတီတိုင်း‌ဒေသကြီးတွင် မသန်စွမ်းသူ အများဆုံး ရှိသလို မသန်စွမ်းသူ အနည်းဆုံးမှာ မြို့‌တော်‌နေပြည်‌တော်ဖြစ်ပြီး ကရင်ပြည်နယ်အ‌နေဖြင့် မသန်စွမ်းသူဦး‌ရေ ၉၉,၃၈၉ ဦးရှိကာ အမြင်မသန်စွမ်းသူ ၄ ရာခိုင်နှုန်းနှင့် အကြားမသန်စွမ်းသူ ၁ ဒသမ ၉ ရာခိုင်နှုန်းရှိ‌ကြောင်း ၂ဝ၁၄ခုနှစ် သန်း‌ခေါင် စာရင်းများအရ သိရသည်။