Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့ အာ‌ဘော်

အယ်ဒီတာ့ အာ‌ဘော်

2587

‌စောင့်ကြည့်ရမည့် NCA ‌ရှေ့ခရီး

နိုင်ငံလွတ်လပ်‌ရေးရရှိခဲ့သည့် အချိန်မှစ၍ မ‌ပြေလည်သည့် နိုင်ငံ‌ရေးပြဿနာများ‌ကြောင့် ပြည်တွင်းစစ် စတင်ခဲ့သည်မှာ ယ‌နေ့အချိန်ထိ အ‌တောမသတ်နိုင်ဖြစ်‌နေသည်ကို ကရင်သတင်းစဉ် စာဖတ်သူများသိနှင့်ပြီး ဖြစ်မည်။ ထာဝရ ငြိမ်းချမ်း‌ရေး ဆီသို့ဟု ‌ကြွေး‌ကြော်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူ စာချုပ် (NCA) သည်လည်း သုံးနှစ်အ တွင်းသို့ ခရီး‌ပေါက်ခဲ့‌သော်လည်း ပကတိတွင်မူ မည်မျှခရီးဆက်နိုင်မည်ကို ‌စောင့်ကြည့်ရ‌တော့မည် ဖြစ်သည်။

အဘယ့်‌ကြောင့်ဆို‌သော် NCA ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များထဲတွင် တပ်ဘက်နှင့် ယုံကြည်မှုတည်‌ဆောက်‌ရေး အားအ‌ကောင်းဆုံးဟု ဆိုထားသည့် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးတို့ မ‌ပြေ လည်တင်းမာမူများ ယခုလပိုင်းတွင် ဆက်တိုက် ဖြစ်‌ပေါ်‌နေသည်။ ပြီးခဲ့သည့် မတ်လအတွင်းမှ စတင်ကာ ‌ကေအဲန်ယူ၊ တပ်မဟာ ၅ နှင့် တပ်ဖက်တို့ တ‌ကျော့ပြန်တိုက်ပွဲများ ဖြစ်‌ပေါ်ခဲ့ပြီး အကျအဆုံးများပင် ရှိခဲ့သည်။

ထို့အပြင် NCA အရ အ‌ကောင်အထည်‌ဖော်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် လူမျိုးစုအလိုက် ‌တွေ့ဆုံပွဲများ ပြုလုပ်ခွင့်ကို လည်း တပ်ဖက်က
ဆက်တိုက်ဟန့်တားမှုများ ကြုံ‌တွေ့‌နေရပြီး နိုင်ငံသားများ၏ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်အတွက် ကန့်သတ်မှုများရှိ‌နေပြီးလားဟု ‌မေးခွန်းထုတ်ရ‌တော့မည်။ ယခုရက် ပိုင်းတွင်လည်း ‌ကေအဲန်ယူ တပ်မဟာ (၇) နှင့် တပ်ဘက်တို့ ထိပ်တိုက်‌တွေ့ ပစ်ခတ်မှုများ တပ်မဟာ (၇) နယ်‌မြေတွင် ဖြစ်‌ပေါ်‌နေ‌သေးသည်။
ယခုဖြစ်စဉ်များသည် ထာဝရငြိမ်းချမ်း‌ရေး၊ တစ်နိုင်ငံလုံး အပစ်ရပ်‌ရေးအတွက် ဦးတည်ချုပ်ဆိုထားသည့် (NCA) နှင့် လုံးလုံးဆန့်ကျင်‌နေသည့် ဖြစ်စဉ်များဖြစ်သည်။ ဖြစ်စဉ်များ၏ အတိမ်အနက်ကိုကြည့်မည်ဆိုလျှင် (NCA)ကို လိုသလို ဆွဲယူအသုံးချမှုပြီး အသာရ‌ရေး ဦးတည်‌နေမှုများ‌ကြောင့်ဖြစ်သည်ကို ‌တွေ့နိုင်သည်။

အမှန်အားဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေး အဓိက အ‌ရေးကြီးဆုံးအချက်သည် လက်နက်ကိုင်တပ်ဖွဲ့များ အချင်းချင်း အပြန်အလှန် ယုံကြည်မှုတည်‌ဆောက်‌ရေးဖြစ်သည်။
ထိုမှတစ်ဆင့် မ‌ပြေလည်‌သေးသည့် နိုင်ငံ‌ရေးပြဿနာကို တန်းတူရည်တူ အ‌ဖြေရှာပြီး၊ အမိနိုင်ငံ‌တော်ကြီးကို တည်‌ဆောက်သွားရမည်ဖြစ်သည်။
နှစ်‌ခြောက်ဆယ်‌ကျော် နှစ်ဖက်ပစ်တိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်းများအကြား ‌နေချင်းညချင်း ယုံကြည်မှု တည်‌ဆောက် ‌ရေးသည် လက်‌တွေ့မကျဟု ‌စောဒက တက်နိုင်‌သော်လည်း ယုံကြည်မှုတည်‌ဆောက်လိုသည့်စိတ် ရိုးရိုးသားသား ထားရှိပြီး လက်‌တွေ့ အ‌ကောင်အထည်‌ဖော်‌ရေးသည်သာ အဓိကဟု ထပ်မံ‌ပြောလိုသည်။

လက်ရှိ ‌ကေအဲန်ယူနှင့် တပ်ဖက်တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းနှင့် တင်းမာမှု ဖြစ်စဉ်များကို ကြည့်မည်ဆိုလျှင် ယုံကြည်မှုတည်‌ဆောက်‌ရေးကို အ‌လေးမ‌ပေးဘဲ တပ်ဘက်မှ နယ်‌မြေစိုးမိုး‌ရေးအတွက် တိုးမြှင့် လုပ်‌ဆောင်လာခြင်း ‌ကြောင့်ဖြစ်သည်။ ယခုလုပ်ရပ်သည် ယုံကြည်မှုတည်‌ဆောက်‌ရေးအတွက် များစွာအကျိုး သက်‌ရောက်နိုင်သည်။

ထိုကိစ္စကို လက်‌တွေ့ ‌ဖြေရှင်းရမည်မှာ (NCA) တွင်ပါရှိသည့် နှစ်ဖက်တပ်‌နေရာချထား‌ရေးနှင့် နယ်‌မြေပိုင်းခြား သတ်မှတ် ‌ရေးကို ပြီးပြတ်‌အောင်‌ဆွေး‌နွေးရန်လိုသည်။ ယခုမူ ထိုသို့မဟုတ်ဘဲ အပစ်ရပ်ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီအစည်းအ ‌ဝေးများတွင် ‌ဆွေး‌နွေးမည့် အစီအစဉ်သာပါရှိပြီး ‌ဆွေး‌နွေးမှု မပြုနိုင်‌သေးသည်ကို ‌တွေ့ရသည်။ ထို့‌ကြောင့် နယ်‌မြေ အငြင်း ပွားမှု အရင်းခံပြဿနာ တပ်‌နေရာချထား‌ရေးနှင့် နယ်‌မြေသတ်မှတ်‌ရေးကို NCA နည်းအတိုင်း အမြန်‌ဖော်‌ဆောင်ရန် လိုသည်။

ထို့‌ကြောင့် ပြည်တွင်း ငြိမ်းချမ်း‌ရေးအတွက် အနာသိ‌ဆေးရှိပါလျက် ကုသနည်းမှန်လျှင် ‌ရှေ့ခရီးဆက်နိုင်မည် ဖြစ်သသို အနာတခြား ‌ဆေးတခြား ဖြစ်မည်ဆိုက ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်သည် ‌ရေရှည်တည်တံ့နိုင်‌ရေး လွယ်ကူမည်မဟုတ်။ ထို့အတွက် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် အဓိက ပါဝင်‌နေသူများအ‌နေဖြင့် မည်သည့် လမ်းကို ‌ရွေးချယ်ကြမည်ကို ‌စောင့်ကြည့် ရဦးမည်သာဖြစ်ပြီး ယင်းက (NCA) ‌ရှေ့ခရီးကို ပုံ‌ဖော်သွားမည်သာ ဖြစ်သည်။
အယ်ဒီတာ၊ ကရင်သတင်းစဉ်