Home သတင်း ပဒိုမန်းရှာ ၁ဝ နှစ်ပြည့် ‌အောက်‌မေ့တသခြင်း စာစုများ စာအုပ်ထွက်ရှိ

ပဒိုမန်းရှာ ၁ဝ နှစ်ပြည့် ‌အောက်‌မေ့တသခြင်း စာစုများ စာအုပ်ထွက်ရှိ

2934

ဧပြီ ၂၈ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်း၊ ပြည်ပ ကရင်စာ‌ပေဝါသနာရှင်များ စု‌ပေါင်းစီစဉ်သည့် ‌ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး‌ဟောင်း ပဒိုမန်းရှာ ကျဆုံးခြင်း ၁ဝ နှစ်ပြည့် ‌အောက်‌မေ့တသခြင်း စာစုများ စာအုပ်ကို ဧပြီလ တတိယ အပတ်တွင် ထုတ်‌ဝေဖြန့်ချိလိုက်ပြီးဖြစ်‌ကြောင်း စာအုပ် ဖြစ်‌မြောက်‌ရေး ဝိုင်းဝန်းစီစဉ်သူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စာအုပ်ကို ပဒိုမန်းရှာ ကျဆုံးခြင်း ၁ဝ နှစ်ပြည့် အမှတ်တရအ‌နေဖြင့် ထုတ်‌ဝေရန် ပြည်တွင်း၊ ပြည်ပ ကရင်စာ‌ရေးဆရာများက ချိတ်ဆက်စီစဉ်ခဲ့ခြင်းဖြစ်ပြီး စာအုပ်အတွက် စီစဉ်သူများလိုချင်သည့် စာမူများ‌စောင့် ဆိုင်းရခြင်းနှင့် တခြား‌သော အမျိုးသား‌ရေးဆိုင်ရာကိစ္စရပ်များ တိုက်ဆိုင်စွာ ဆက်တိုက်လုပ်‌ဆောင်‌ကြောင့် စာအုပ်စီစဉ်ရာတွင် အခက်အခဲ အချို့ဖြစ်‌ပေါ်ခဲ့ပြီး ယခုလို တစ်လခန့် ‌နောက်ကျထွက်ရှိလာခြင်းဖြစ်သည်ဟု စီစဉ်သူတစ်ဦးဖြစ်သူ စာ‌ရေးဆရာ ‌စော‌ယောင့်သာအဲဆန်က ယခုလို ‌ပြောသည်။

၎င်းက “ ပဒိုမန်းရှာ ၁ဝ နှစ်ပြည့်ကြရင် အမှတ်တရ စာအုပ်ထုတ်မယ်ဆိုပြီး ကျ‌နော်တို့ ကရင်စာ‌ရေးဆရာ‌တွေ တိုင်ပင် ထားတယ်။ စာအုပ်လုပ်‌နေတဲ့အချိန်မှာ တိုက်ဆိုင်စွာပဲ အမျိုးသား‌ရေးကိစ္စ‌တွေ တစ်ခုပြီး တစ်ခုဆက်တိုက်‌ပေါ်လာတယ်။ ‌နောက် ကျ‌နော်တို့ စာမူ‌တွေစု‌ဆောင်းတဲ့ အခါမှာ ကိုယ်လိုချင်တဲ့ စာမူ‌တွေ မရတာ၊ ‌စောင့်ရတာနဲ့ ‌နောက်ကျသွားတယ်။ အခု စာအုပ်ကို အရည်အ‌သွေးပိုင်း‌ပေါ့ အားမရဘူး။ လုပ်နိုင်ရဲ့သားနဲ ့လိုချင်တဲ့ အတိုင်းအတာအထိ မလုပ်နိုင်ခဲ့ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပဒိုမန်းရှာ ၁ဝ နှစ်ပြည့် အမှတ်တရ စာအုပ်တွင် ပြည်တွင်း၊ ပြည်ပ ကရင်စာ‌ရေးဆရာများ၊ ကဗျာဆရာ များဖြစ်သည့် ဆရာမကြီး ခိုင်မာ‌ကျော်‌ဇော၊ ကဗျာဆရာ မုန်း‌အောင်၊ ‌နောင်မင်း(ထီမန်)၊ ဆရာ‌စော‌ယောင့်သာ အဲဆန်၊ ‌ကော်သူ‌လေ‌ကျော်ဆန်းပွင့်၊ မာနယ်ပ‌လော-‌စော‌စော စသူတို့များ၊ ကဗျာဆရာများ ဖြစ်သည့် စဇင်ဘိုမြင့်ဦး၊ ‌ကော်ခိုထူး၊ မင်းခိုက်သူ (PTN) စသည့် စာ‌ရေးဆရာ နှစ်ဆယ်‌ကျော်တို့၏ အက်‌ဆေးများ၊ ‌ဆောင်းပါးများ၊ ကဗျာများ ပါဝင်သလို ပဒိုမန်းရှာ ကိုယ်တိုင် ‌ရေဆန်က‌လောင်ဖြင့် ‌ရေးသားခဲ့သည့် ကဗျာများကိုလည်း ထည့်သွင်း‌ဖော်ပြထားပြီး စုစု‌ပေါင်း စာမျက်နှာ ၁၇ဝ ‌ကျော်ပါရှိ‌ကြောင်း သိရသည်။