Home သတင်း ဖာပွန်‌ဒေသ၏ “တ‌ကျော့ပြန် အိပ်မက်ဆိုး” အစီရင်ခံစာ မိတ်ဆက်ပွဲပျက်

ဖာပွန်‌ဒေသ၏ “တ‌ကျော့ပြန် အိပ်မက်ဆိုး” အစီရင်ခံစာ မိတ်ဆက်ပွဲပျက်

2118

ဧပြီ ၂၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက် (KPSN) က ဦး‌ဆောင်ပြီး ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ Chaing Mai University, RCSD Building, 3rd Floor ၌ ယ‌နေ့ (ဧပြီ ၂၅)ရက်တွင် ပြုလုပ်ရန် စီစဉ်ထား‌သော ဖာ ပွန် (မူတ‌ရော်) ‌ဒေသစစ်‌ရှောင်အ‌ခြေအ‌နေကို မီး‌မောင်းထိုးထားသည့် “တ‌ကျော့ပြန် အိပ်မက်ဆိုး”( The Nightmare Return ) အစီရင်ခံစာထုတ်ပြန် မိတ်ဆက်ပွဲ ပျက်ပြယ်သွားပြီးဟု KPSN ၏ ‌ပြောခွင့်ရသူ ‌နော်ဆာမူးက ‌ပြောသည်။

၎င်းက“ ဒီပွဲပျက်တာက ကျမတို့ဖက်က ပျက်တာမဟုတ်ပါဘူး။ ဘာ‌ကြောင့် ပျက်လဲဆို‌တော့ ချင်းမိုင် တက္ကသိုလ်ကိုပဲ ‌မေးရမယ်ထင်တယ်။ ပွဲမဖြစ်‌တော့ဘူးလို့ပဲ ကျမတို့ကို အသိ‌ပေးအ‌ကြောင်းကြားပါတယ်။ တကယ်‌တော့ ဒီပွဲကို လုပ်ဖို့ဆိုတာက ကျမတို့ ကတိကဝတ်‌တွေ ရရှိထားပြီးသားဖြစ်ပါတယ်။ အခုလို ပွဲပျက်သွား‌တော့ စီစဉ်ထားတာ‌တွေလွှဲကုန်တာ‌ပေါ့။ စိတ်မ‌ကောင်းတာ ကလွဲပြီး ဘယ်တတ်နိုင်မလဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပြုလုပ်မည့် အစီရင်ခံစာ ထုတ်ပြန်မိတ်ဆက်ပွဲတွင် အစိုးရကို အပြစ်တင်ရှုတ်ချ‌ပြောဆို ခြင်းမဟုတ် ဘဲ လက်‌တွေ့ စစ်‌ရေးပဋိပက္ခနယ်‌မြေအတွင်း ‌မြေစာပင်ဖြစ်ခဲ့ရသည့် စစ်‌ဘေး‌ရှောင်ပြည်သူများ၏ ကြုံ ‌တွေ့ခံ စားရသည့် ဘဝအခက်အခဲများကို ‌ဆွေး‌နွေးအ‌ဖြေရှာရန် အဓိက ရည်ရွယ်ပြု လုပ်ခြင်းသာဖြစ်သည့် အတွက် ယခုလို ပွဲပျက်ပြယ်သွားမှုမှာ မဖြစ်သင့်‌ကြောင်းနှင့် စစ်‌ရှောင်ပြည်သူများအား မစာနာရာ‌ရောက် ‌ကြောင်းလည်း ‌နော်ဆာမူးက ဆက်‌ပြောသည်။

‌ဆွေး‌နွေးပွဲများ ပါဝင်သည့် ၎င်းအစီရင်ခံစာ မိတ်ဆက်ပွဲ ပျက်ပြယ်သွားသည့် အ‌ကြောင်းအရင်း အ‌သေး စိတ်ကို မသိရှိရ‌သေး‌သော်လည်း ‌ဆွေး‌နွေးပွဲ ‌ခေါင်းစဉ်ထဲတွင် စစ်‌ရှောင်ပြည်သူများ၏ အ‌ခြေအ‌နေအပါအ ဝင် လတ်တ‌လော ဖာပွန်‌ဒေသ စစ်‌ရေးတင်းမာမှုနှင့် လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေများကို သုံးသပ်‌ဆွေး‌နွေး ချက်များ ပါဝင်သည့်အတွက် နှစ်နိုင်ငံအစိုးရတို့၏ ဖိအား‌ပေးခြင်းခံရမှု‌ကြောင့် ယခုလို ပွဲပျက်ပြယ် သွားခြင်းဖြစ်နိုင်‌ကြောင်းလည်း သုံးသပ်‌ပြောဆိုမှုများရှိသည်။

၎င်းအစီရင်ခံစာထုတ်ပြန်မိတ်ဆက်ပွဲ၏ ‌ရေးဆွဲထားသည့်အစီအစဉ်အရ နံနက်ပိုင်းတွင် ထွက်‌ပြေး‌ရှောင် ‌ဒေသ ခံရွာသားများ၏ အ‌ခြေအ‌နေကို ရိုက်ကူးထား‌သော ဓာတ်ပုံပြပွဲ၊ ရုပ်သံမှတ်တမ်းပြပွဲနှင့် ဖာပွန်‌ဒေသ စစ်‌ရေးတင်းမာမှုအတွင်း အသက်ဆုံးရှုံးသွားသည့် ဌာ‌နေ ကရင်တိုင်းရင်းသား‌ခေါင်း‌ဆောင် ‌စောအိုမူး၏ ဘဝပုံရိပ်မှတ်တမ်း ဓာတ်ပုံစုစည်းမှုများကို တင်ဆက် ပြသမှုများ ပါဝင်သလို ည‌နေပိုင်းတွင် ဖာပွန်ခရိုင်၏ လက်ရှိအ‌ခြေအ‌နေအ‌ပေါ် ဦးတည်‌ဆွေး‌နွေးပွဲ၊ ကရင်ပြည်နယ်အတွင်း ‌နေရပ်စွန့်ခွာသူများနှင့် ဒုက္ခသည်များ ၏ အ‌ခြေအ‌နေနှင့် မြန်မာ့ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ခြေအ‌နေများကို အကျယ်တဝင့် သုံးသပ် ‌ဆွေး‌နွေးသွားရန် လျာထားသည်ဟု သိရသည်။

ထို‌ဆွေး‌နွေးပွဲတွင် The Regional Center for Social Science and Sustainable Development (RCSD) ဥက္ကဌ ‌ဒေါက်တာ ချရန်ဗတ်ဟာနဖွတ်၊ KNU-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုး ရာစိန်၊ ဥပ‌ဒေ အ‌ထောက်အကူပြုကွန်ယက် ဥက္ကဌ ဦး‌အောင်ထူး၊ ကရင်ငြိမ်းချမ်း ‌ရေးအ‌ထောက်အကူပြုကွန်ယက်မှ ‌စော‌ဟေစိုးနှင့်‌စောမဘူထူး၊ မူတ‌ရော်အ‌ရေး‌ပေါ် အကူအညီ‌ပေး‌ရေးအဖွဲ့ (MEAT)မှ ‌နော်က‌ညော‌ဖော နီးမ‌ရော့နှင့် ‌ဒေသခံကိုယ်စားလှယ် ‌စောညကီထူးတို့ တက်‌ရောက်‌ဆွေး‌နွေးရန် လျာထားပြီး စုစု‌ပေါင်း လူဦး‌ရေ ၁ဝဝ‌ကျော် ဖိတ်ကြားထားသည်ဟု KPSN‌ပြောသည်။

အစီရင်ခံစာ ထုတ်ပြန် မိတ်ဆက်ပွဲ ပျက်ပြယ်သွားသည့် အ‌ကြောင်းအရင်းနှင့်ပတ်သက်၍ ယ‌နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် KPSN တာဝန်ရှိသူများနှင့် ချင်းမိုင်တက္ကသိုလ် The Regional Center for Social Science and Sustainable Development (RCSD) တာဝန်ရှိသူတို့ ‌တွေ့ဆုံသွားမည်ဟု သိရသည်။