Home သတင်း ကုန်ပစ္စည်း ‌ရောင်းဝယ်ခြင်းကို ကြပ်မတ်ရန် ‌ပြောဆိုမှုအ‌ပေါ် မူ၊ လမ်းစဉ်အရ ရပ်တည်မည်ဟု ‌ကေအဲန်ယူ‌ပြော

ကုန်ပစ္စည်း ‌ရောင်းဝယ်ခြင်းကို ကြပ်မတ်ရန် ‌ပြောဆိုမှုအ‌ပေါ် မူ၊ လမ်းစဉ်အရ ရပ်တည်မည်ဟု ‌ကေအဲန်ယူ‌ပြော

1924

ဧပြီ ၂၆ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဒေသတွင်း ကုန်ပစ္စည်းများ သယ်ယူ ‌ရောင်းဝယ်ခြင်းများ ပြုလုပ်ရာတွင် တပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု မရှိ‌စေရန် ကြပ်မတ်‌ပေးရန် မွန်ပြည်နယ် အစိုးရ၊ လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးက အ‌ကြောင်းကြားစာ ‌ပေးပို့မှုအ‌ပေါ် ‌ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံး၏ မူ၊ လမ်းစဉ် အတိုင်းရပ်တည်မည်ဟု ဒူးပလာယာခရိုင် အတွင်း‌ရေးမှူး ပဒို‌စောမိုအဲဒို့က ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်နယ်လုံဝန်ကြီးက ၂၀၀၈ ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေနှင့်အညီ မဏ္ဍိုင်သုံးခုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် လုပ်‌ဆောင်‌နေ ‌ကြောင်း၊ သို့ပါ၍ NCA(အပစ်ရပ်စာချုပ်) ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များအ‌နေဖြင့် သစ်၊ မူးယစ်‌ဆေးဝါး၊ လိုင်စင်မဲ့‌မော်‌တော်ယာဉ် စသည့် ကုန်ပစ္စည်များ ဥပ‌ဒေမဲ့ သယ်‌ဆောင် ‌ရောင်းဝယ် ခြင်း၊ အသုံးပြုခြင်းတွင် ပါဝင်ပတ်သက်မှု မရှိ‌စေ‌ရေး တပ်ဖွဲ့ဝင်များကို ကြပ်မတ်ရန် ဧပြီ ၁၈ ‌နေ့ ရက်စွဲပါ အ‌ကြောင်းကြားစာကို ‌ကေအဲန်ယူ တပ်မဟာ ၁၊ တပ်မဟာ ၆ နှင့် မွန်ပြည်သစ်ပါတီတို့ထံ ‌ပေးပို့ ခဲ့ခြင်းဖြစ်သည်။

ယခုလို ‌ပြောဆိုမှုအ‌ပေါ် ‌ကေအဲန်ယူ၊ ဒူးပလာယားခရိုင် (တပ်မဟာ-၆) အတွင်း‌ရေးမှူး ပဒို‌စောမိုအဲဒို့က မိမိတို့ အ‌နေဖြင့် မူးယစ်‌ဆေးဝါးကို အမြဲပိတ်ပင်ထားပြီး အ‌ရေးယူမူများပြုလုပ်‌နေသလို ကုန်ပစ္စည်း‌ရောင်းဝယ်မှုများကို အစိုးရ ဥပ‌ဒေနှင့် မကိုက်ညီ‌သော်လည်း ‌ကေအဲန်ယူက ချမှတ်ထားသည့် မူ၊ လမ်းစဉ်အတိုင်းသာ ရပ်တည် လုပ်‌ဆောင်မည်ဟု ဧပြီ ၂၅ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ KNU သစ်‌တောလုပ်ထုံးလုပ်နည်းအရ လူထုအခွင့်အ‌ရေးအတွက် အိမ်‌ဆောက်ဖို့၊ လမ်း၊ တံတား၊ သိမ်၊ ဘုရား‌ကျောင်း ‌ဆောက်ဖို့ ဒီဇင်ဘာက‌နေ ‌မေလအထိ နှစ်စဉ်ခွင့်ပြုထားတာရှိတယ်။ KNU မူအရ မူးယစ်‌ဆေး ဝါး အမြဲပိတ်ပင်ထားပါတယ်။ ဥပ‌ဒေအရ အ‌ရေးယူတာရှိတယ်။ ဒီမှာက လိုင်စင်မဲ့ကား‌တွေပဲရှိတယ်။ အစိုးရ ဥပ‌ဒေနဲ့‌တော့ ဘယ်ကိုက်မလဲ။ မူလမ်းစဉ်အရ ရပ်တည်ပြီး သွားရမှာပဲ” ဟု ‌ပြောသည်။

လက်ရှိ မွန်ပြည်နယ် ‌ဒေသအချို့တွင် အစိုးရအုပ်ချုပ်မှု အပြည့်အဝ မရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် ‌ဒေသများရှိ‌နေပြီး၊ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေတွင်း ဗဟိုနှင့် ခရိုင်၊ မြို့နယ် အဆင့်များက ချမှတ်ထားသည့် မူလမ်းစဉ် အတိုင်းရပ်တည်လုပ်‌ဆောင်မှုများရှိ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။