Home သတင်း ‌တောင်ငူ ကရင်လူထု‌တွေ့ဆုံပွဲကို အာဏာပိုင်များ လာ‌ရောက်ဟန့်တားသဖြင့် အစီအစဉ်အချို့ ဖျက်သိမ်းခဲ့ရ

‌တောင်ငူ ကရင်လူထု‌တွေ့ဆုံပွဲကို အာဏာပိုင်များ လာ‌ရောက်ဟန့်တားသဖြင့် အစီအစဉ်အချို့ ဖျက်သိမ်းခဲ့ရ

2053

ဧပြီ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသား နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကျင်းပ‌ရေး‌ကော်မတီ (KNDCC)မှ ဦး‌ဆောင်ပြီး KNU ‌တောင်ငူခရိုင် ထန်းတပင်မြို့နယ် တွင် ပြုလုပ်သည့် Public Consultation လူထု‌တွေ့ဆုံပွဲအား အာဏာပိုင်များမှ လာ‌ရောက်ဟန့်တားမှုများပြုလုပ်ခဲ့သည့် အတွက် သုံးရက်တာပြုလုပ်မည့် အစီအစဉ်အချို့ကို ဖျက်သိမ်းခဲ့ရ‌ကြောင်း KNDCC ထံမှ သိရသည်။

ကရင်အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပနိုင်‌ရေးအတွက် KNDCC ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ရန်ကုန်တိုင်း ‌ဒေသကြီးတို့မှ ကိုယ်စားလှယ်များပါဝင်သည့် အဆိုပါလူထု‌တွေ့ဆုံပွဲကို ယခင်က ဧပြီလ ၂၄ ရက်မှ ၂၅ ရက်‌နေ့အထိ ထန်းတပင်မြို့နယ် ထိုလွီဝါး အထက်တန်း‌ကျောင်းတွင် ပြုလုပ်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင် ဥက္ကဌ ပဒို‌စောအယ်ဝါးက “ မ‌နေ့က‌တော့ သူတို့တား စရာရှိတာလာတားတာ‌ပေါ့။ နယ်လုံက‌နေတစ်ဆင့် ထန်းတပင်မြို့နယ်အုပ်ချုပ်‌ရေးမှူး ရယ်၊ မြို့နယ်ရဲမှူးရယ်‌ပေါ့။ သူတို့က‌တော့ခွင့်ပြုချက်တင်ပါ။ ခွင့်ပြုချက်ရမှ လုပ်ပါလို့‌တော့ ‌အေး‌ဆေးလာ‌ပြောပါတယ်။ ‌လော‌လော ဆယ် ကျ‌နော်တို့လည်း ခွင့်ပြုချက်မတင်‌တော့ လုပ်နိုင်သ‌လောက်‌တော့လုပ်လိုက်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲတွင် ဧရာဝတီ၊ ရန်ကုန်စသည့်တိုင်း‌ဒေသကြီးမှ ကိုယ်စားလှယ်များ အပါအဝင် လူဦး‌ရေ တစ်ရာ‌ကျော်ပါဝင်တက်‌ရောက်ခဲ့ပြီး UPDJC (The Union Peace Dialogue Joint Committee) ၊ UPC (The Union Peace Conference) ဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံ‌ရေး၊ စီးပွား‌ရေး၊ လူမှု‌ရေး၊ ‌မြေယာနှင့်သဘာဝပတ်ဝန်းကျင်စသည့် ကဏ္ဍကြီး ၄ရပ်ကို ‌ဆွေး‌နွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့‌တွေ့ဆုံ‌ဆွေး‌နွေးမှုများပြုလုပ်နိုင်ခဲ့‌သော်လည်း ယ‌နေ့ (ဧပြီလ ၂၅)နှင့် ၂၆ ရက်‌နေ့များတွင်ပြုလုပ်မည့် ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲမှရရှိလာသည့် အချက်အလက်များ၊ စာတမ်းများအား စုစည်ခြင်းနှင့် အုပ်စုဖွဲ့ပြန်လည်‌ဆွေး‌နွေးပြီး ဘုံသ‌ဘော ထားများ ရယူခြင်း အစီအစဉ်ကို ဖျက်သိမ်းလိုက်ရ‌ကြောင်းလည်း KNDCC တာဝန်ရှိသူများထံမှ သိရသည်။

ဧရာဝတီတိုင်း‌ဒေသကြီးမှ KNDCC Focal Person တစ်ဦးဖြစ်သူ မန်းဝင်း‌မောင်က “ ဒို့ဧရာဝတီတိုင်းမှာ နယ်လုံ က ကန့်ကွက်ထားလို့ပျက်သွားတဲ့ကိစ္စ‌လေ။ ဒို့ဧရာဝတီတိုင်းနယ်လုံဝန်ကြီးက ‌ပြောတယ်‌လေ ခင်ဗျားတို့ လုပ်ချင်ရင် ခင်ဗျား တို့ ကရင်‌ဒေသမှာ သွားလုပ်ဆို‌တော့ ဒို့ကရင်‌ဒေသမှာလာလုပ်တယ်‌လေ။ ကရင်‌ဒေသမှာ လာလုပ်‌တော့လည်း အခု သူတို့လာတားတယ်” ဟု‌ပြောသည်။

ကရင်လူထု‌တွေ့ဆုံပွဲကို ‌ဒေသအသီးသီးမှ ကရင်အမျိုးသားတို့၏ ဆန္ဒသ‌ဘော ထားများအား‌ဆွေး ‌နွေး ရယူသွားရန် အပြင် ကဏ္ဍကြီး ၄ ရပ်မှ ဘုံသ‌ဘောထားပါဝင်သည့် အ‌ခြေခံမှုနှင့်မူဝါဒများအား‌ဖော်ထုတ်ပြီး UPDJC လုပ်ငန်း‌ကော်မတီနှင့် Ethnic Armed Organizations(EAOs) လုပ်ငန်း‌ကော်မတီမှတစ်ဆင့် UPC သို့ တင်ပြသွားရန်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်ပြီး ပြည်သူလူထုအားအသိ‌ပေးရှင်းလင်းခြင်းအပြင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင်
ပြည်သူများပူး‌ပေါင်းပါဝင်မှုအား‌ကောင်းလာ‌စေ‌ရေးအတွက် ရည်ရွယ်ပြီး ယခုလူထု‌တွေ့ဆုံပွဲများကို ကျင်းပပြု လုပ်ခြင်းဖြစ်‌ကြောင်းလည်း KNDCC ထံမှ သိရသည်။

KNU- ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင်တွင် ပြုလုပ်သည့် အလားတူ လူထု‌တွေ့ဆုံပွဲများကို တနသင်္ာရီ တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်လူထုအတွက် ထားဝယ်နှင့် ကရင်၊ မွန်နှင့် ကယားပြည်နယ်များအတွက် ဖားအံမြို့နယ် ‌တောင်က‌လေးတွင် အသီးသီးကျင်းပပြုလုပ်ရာ အာဏာပိုင်များ၏ လာ‌ရောက် ဟန့်တားမှုများမရှိ‌သေး‌ကြောင်းလည်း သိရသည်။