Home သတင်း ‌ရေကာတာဆန့်ကျင်‌ရေးကို KNU နယ်‌မြေ၊ ဖာပွန်ခရိုင်တွင် ပြုလုပ်

‌ရေကာတာဆန့်ကျင်‌ရေးကို KNU နယ်‌မြေ၊ ဖာပွန်ခရိုင်တွင် ပြုလုပ်

2230

မတ်လ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌စောရှား

မတ်လ ၁၄ ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာဆန့်ကျင်‌ရေး ‌နေ့အခမ်းအနားကို KNU -ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်‌မြေ၊ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်၊ ‌တောင်ကြား‌ဒေသတွင် ပြုလုပ် ခဲ့သည်။

‌ဒေသခံ‌ခေါင်း‌ဆောင်များ၊ KNU ဖာပွန်ခရိုင်တာဝန်ရှိသူများအပါအဝင် ကရင်မြစ်‌ချောင်းများ‌စောင့်ကြည့်‌ရေးအဖွဲ့-KRW မှ ဦး‌ဆောင်ပြုလုပ်ခဲ့‌သော ၎င်းအခမ်းအနား၏ ရည်ရွယ်ချက် နှင့်ပတ်သက်၍ KRW မှညှိနှိုင်း‌ရေးမှူး ‌စောသာဘိုးက ‌ကေအိုင်စီသို့ မတ်လ ၁၅ ရက်(ယ‌နေ့)တွင် ယခုလို ‌ပြောသည်။
̏
ကျ‌နော်တို့ ‌ဒေသခံဌာ‌နေ ကရင်တိုင်းရင်းသား‌တွေရဲ့ သ‌ဘောထားကို ပိုပြီး‌ပေါ်လွင်လာ‌စေဖို့၊ လတ်တ‌လောမှာ ‌ရေကာတာစီမံကိန်း‌ကြောင့် ပြဿနာ‌တွေဖြစ်‌နေတဲ့အ‌ခြေအ‌နေ‌တွေအ‌ပေါ်မှာ လူအများ ပိုသိရှိလာ‌စေဖို့ လုပ် ‌ဆောင်ခြင်း ဖြစ်တယ်။ ↔ဟု‌ပြောသည်။

ယမန်‌နေ့ကပြုလုပ်သည့် အခမ်းအနားတွင် KNU တာဝန်ရှိသူများ၊ Save the Salween Network အဖွဲ့ဝင် ကရင်၊ မွန်၊ ရှမ်း ပြည်နယ် များမှ ကိုယ်စားလှယ်များ၊ KRW အဖွဲ့ဝင်များ၊ ‌ဒေသခံကရင်တိုင်းရင်းသားများ စုစု‌ပေါင်း ၁၇၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ရာတွင် မတ်လ ၁၄ ရက်‌နေ့ မနက် အခမ်းအနားကို ကျွဲချိုမှုတ်ဖွင့်လှစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ ‌ရေ ကာတာဆန့်ကျင်‌ရေး‌နေ့ဖြစ်‌ပေါ်လာပုံကို ‌ဟော‌ပြောခြင်း၊ ကရင်၊ မွန်၊ ရှမ်း ပြည်နယ်များမှ ကိုယ်စားလှယ်များ ၏ အသံများကိုထုတ်‌ဖော်‌ပြောပြခြင်း၊ KNU တာဝန်ရှိသူများမှ အား‌ပေးစကား‌ပြောကြားခြင်း၊ သ‌ဘောထား ထုတ်ပြန်ခြင်းများပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် အား‌ပေးစကား‌ပြောခဲ့သူ KNU၊ ဖာပွန်ခရိုင်ကိုယ်စားလှယ်တစ်ဦးက ̏ ကျ‌နော်တို့ KNU အ‌နေနဲ့လည်း ဒီ‌ရေကာတာ ‌ဆောက်လုပ်မယ့်ကိစ္စကို မနှစ်သက်လို့‌ပေါ့။ အားလုံးစု‌ပေါင်းမှုနဲ့ ဒီ‌ရေကာတာ မဖြစ်‌မြောက်ဖို့ ဟန့်တားတာပါပဲ↔ဟု ‌ကေအိုင်စီသို့‌ပြောသည်။

KRW မှ ဦး‌ဆောင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ‌ရေကာတာဆန့်ကျင်‌ရေး‌နေ့အခမ်းအနားများကို KNU-ကရင် အမျိုးသား အစည်းအရုံးထိန်းချုပ်နယ်‌မြေများဖြစ်‌သော ‌တောင်ကြား‌ဒေသ၊ အီးတူးထာ့ပြည်တွင်းစစ်‌ရှောင် စခန်း ၊ သူးမွဲထ၊ မယ်လာထာ စသည့်‌နေရာများတွင် လူ‌ပေါင်း ၅၀၀ဝ ‌ကျော် ပါဝင်ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။