Home သတင်း ‌ကေအဲန်ယူ တပ်မဟာ (၅)နှင့် အစိုးရတပ်မ‌တော်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ထိခိုက်မှုရှိဟုဆို

‌ကေအဲန်ယူ တပ်မဟာ (၅)နှင့် အစိုးရတပ်မ‌တော်တို့ ပစ်ခတ်မှုဖြစ်ပွား၍ ထိခိုက်မှုရှိဟုဆို

2631

မတ်လ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ၊ တပ်မဟာ (၅)နယ်‌မြေ၊ မူတ‌ရော်(ဖာပွန်)ခရိုင်၊ ဒွဲ့လိုးမြို့နယ်၊ (ကမ‌မောင်းမြို့နယ်)၊ ‌လေးဖိုးထ‌ကျေးရွာအုပ်စု၌် ယ‌နေ့ ‌နေ့လည် ၁၂နာရီခွဲအချိန်ခန့်တွင် အစိုးရတပ်မ‌တော် တပ်မ(၂၂)လက်‌အောက်ခံ၊ ‌ခြေမြန်တပ်ရင်း(ခမရ-၂၀၃)နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၅)၊ (၁၀၂) တပ်ရင်းတို့အကြား (၁၅)မိနစ်ခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ထိခိုက်ဒဏ်ရာရမှုရှိသည်ဟု KNU ဘက်က ‌ပြောသည်။

ဖြစ်စဉ်မှာ အစိုးရတပ်မ‌တော်တပ်ရင်း(ခမရ-၂၀၃)ဘက်မှ အထက်အမိန့်အရ ‌ဒေသခံရွာသားများကို သွား‌ရောက်ကူညီရ မည်ဟူ‌သော အ‌ကြောင်းပြချက်ဖြင့် KNLA တပ်ခွဲတာဝန်ရှိသူများကို ဆက်သွယ်အ‌ကြောင်းကြားခွင့်‌တောင်းခဲ့ရာတွင် KNLAဘက်မှ သတ်မှတ်နယ်‌မြေဖြစ်‌သော‌ကြောင့် ခွင့်ပြုချက်မ‌ပေးနိုင်ရာမှ ‌လေးဖိုးထ‌ကျေးရွာအုပ်စုရှိ KNLA စစ်‌ဆေး ‌ရေးဂိတ် လုံခြုံ‌ရေး‌စောင့်တပ်နှင့် ၎င်းအစိုးရတပ်မ‌တော်အဖွဲ့တို့အကြားပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ တပ်မဟာ (၅) ရုံးထိုင်မှူး ဗိုလ်မှူး ‌စောကလယ်ဒိုက အတည်ပြု‌ပြောဆိုသည်။

“အစိုးရတပ်က မယ်ထီးခီးကိုသွားမယ်ဆိုပြီး ‌ရှေ့တန်းတပ်ခွဲကို ခွင့်‌တောင်းတာ‌ပေါ့‌နော်။ တပ်ခွဲက သွားလို့မရဘူး လို့ ‌ပြောတယ်။ ဒါ‌ပေမဲ့ ‌ဒေသခံရွာသား‌တွေကို သွားကူညီရမယ်၊ မကူညီရင် မရဘူးလို့ အထက်ကအမိန့်‌ပေးတာ ‌ကြောင့် သွားကို သွားရမယ်ဆိုပြီးသွား‌တော့ သွားတယ်။ ဖာပွန်က ဆက်ဆံ‌ရေးရုံးကို ဆက်သွယ်‌မေး‌တော့ ဆက်ဆံ‌ရေးရုံးက ခွင့်မပြုရင် မသွားနဲ့လို့ ‌ပြော‌ပေမဲ့သွားတယ်။ သွား‌တော့ ဝါ့သိုးခို့ရွာကို‌ကျော်လာပြီး ဂိတ်ကြားကို‌ရောက်‌တော့ ဒီက ပစ်တာ‌ပေါ့။” ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

တပ်အင်အား ၄ဝ ခန့်ပါရှိ‌သော အစိုးရတပ်မ‌တော်သည် KNLA ၏ စစ်‌ဆေး‌ရေး ဂိတ်ကြားနှင့် ဂိတ်‌အောက်ဖက်သို့ နှစ်ဖွဲ့ခွဲ၍ တက်လာစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့အပြီး KNLA တပ်သားများဘက်မှ ၎င်းတို့၏ စစ်‌ဆေး‌ရေး ဂိတ်‌နေရာမှ ဆုတ်ခွာသွားပြီး အစိုးရတပ်မ‌တော်မှ ၎င်းစစ်‌ဆေး‌ရေးဂိတ်များကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး‌နောက် ပြန်လည် ဆုတ်ခွာသွား‌ကြောင်း ဗိုလ်မှူး‌စောကလယ်ဒို့က ဆက်‌ပြောသည်။

အဆိုပါ ပစ်ခတ်မှုတွင် အစိုးရတပ်မ‌တော်ဘက်မှ ၃ဦး ထိခိုက် ဒဏ်ရာရရှိသွားပြီး KNLA ဘက်မှ ထိခိုက်မှုမရှိဟု KNU တပ်မဟာ (၅)ဘက်က ‌ပြောဆိုခဲ့‌သော်လည်း ‌ကေအိုင်စီ-ကရင်သတင်းဌာနအ‌နေဖြင့် သီးသန့် အတည်ပြုချက် မရရှိခဲ့သလို အစိုးရတပ်မ‌တော်ဘက်ကိုလည်း ဆက်သွယ်‌မေးမြန်း၍ မရရှိ‌ပေ။

ယခုနှစ် မတ်လဆန်းပိုင်းမှစ၍ ‌ကေအဲန်ယူ မူတ‌ရော်(ဖာပွန်)ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ခေးပူနှင့် လယ်မူပ‌လောကြား ကားလမ်း‌ဟောင်းကို အစိုးရတပ်မ‌တော်မှ ဆက်လက်‌ဖောက်လုပ်မှုပြုလုပ်ရာတွင် သတ်မှတ်နယ်‌မြေကို ကျူး‌ကျော် လာခြင်း‌ကြောင့် ပစ်ခတ်မှု (၅)ကြိမ်ထက် မနည်းဖြစ်ပွားခဲ့သလို လက်ရှိအချိန်ထိ လမ်း‌ဖောက်လုပ်မှုအတွင်း ပြင်ဆင်မှုများရှိ‌နေခြင်း‌ကြောင့် နှစ်ဖက် တင်းမာမှု များဆက်ဖြစ်ပွားနိုင်‌ကြောင်းလည်း KNU က ‌ပြောသည်။

လတ်တ‌လော ဖြစ်ပွားသည့် ပစ်ခတ်မှုများကို အစိုးရနှင့် KNU တို့အကြား တရားဝင်‌ဖြေရှင်းမှုများ ထွက်‌ပေါ်လာ မှုမရှိ‌သေး ဘဲ ၎င်းပစ်ခတ်မှုများ‌ကြောင့် မူတ‌ရော်ခရိုင်၊ လူ‌သောမြို့နယ်၊ လယ်မူပ‌လောနှင့် ‌ခေးပူ‌ကျေးရွာ အုပ်စုနှစ်စုထဲရှိ ‌ဒေသခံရွာ သား စုစု‌ပေါင်း နှစ်‌ထောင်နီးပါး ‌ခြေဦးတည့်ရာသို့ ယ‌နေ့အထိ ထွက်‌ပြေးတိမ်း‌ရှောင် ‌နေရဆဲဖြစ်ပြီး စားနပ်ရိက္ခာ ‌ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိ‌ကြောင်း ကရင်အရပ်ဖက်များက ‌ပြောသည်။