Home သတင်း အီတူးထာ့ ဒုက္ခသည်စခန်းတွင် ကျင်းပသည့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ လူ‌ပေါင်း ၁ဝဝဝ ‌ကျော် ပူး‌ပေါင်း

အီတူးထာ့ ဒုက္ခသည်စခန်းတွင် ကျင်းပသည့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ လူ‌ပေါင်း ၁ဝဝဝ ‌ကျော် ပူး‌ပေါင်း

2312

မတ်လ ၁၅ ရက်၊ ၂ဝ၁၈ ခုနှစ်။ ‌စောသိန်းမြင့်

မတ်လ ၁၄ ရက်‌နေ့တွင် ကျ‌ရောက်သည့် နိုင်ငံတကာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ကို ကရင်မြစ်‌ချောင်းများကွန်ရက်မှ ဦး‌ဆောင်ပြီး ထိုင်း-မြန်မာနယ်စပ် ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး မူတ‌ရော်(ဖာပွန်)ခရိုင်၏ သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌နေရာရှိ အီတူးထာ့ ပြည်တွင်းစစ်‌ရှောင်စခန်းတွင် ကျင်းပခဲ့ရာ လူ‌ပေါင်း ၁,ဝဝဝ‌ကျော် ပါဝင်တက်‌ရောက်ခဲ့သည်။

ကရင်မြစ်‌ချောင်းများကွက်ရက်များအဖွဲ့ဝင် ကရင်‌ကျောင်းသားကွန်ရက်(KSNG) အတွင်း‌ရေးမှူး ‌စောလား ‌နေဝါးက“ ဒီသံလွင်မြစ်ကမ်းနံ‌ဘေးမှာ ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ကို ကျ‌နော်တို့ ကျင်းပရတာက ကျ‌နော် တို့‌ကော၊ လာမယ့် မျိုးဆက်‌တွေအတွက်နဲ့‌ကော ဒီ‌ရေကာတာရဲ့ ဆိုးကျိုး‌တွေကို မကြုံရ‌စေဖို့နဲ့၊ ဒီမြစ် ‌ချောင်းကိုလည်း ဘာအတားအဆီးအ‌နှောင့်အယှက်မှ မရှိပဲ လွတ်လပ်စွာ စီးဆင်း‌စေချင်တယ်လို့ ကျ‌နော်တို့ ဒီအစီအစဉ်ကို ပြုလုပ်တာဖြစ်ပါတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ‌ရေကာတာ တည်‌ဆောက်မှုသည် သဘာဝပတ်ဝန်းကျင်၏ အလှတရားကို လာ‌ရောက် ဖျက်ဆီး ‌စေသည့်အပြင် ဌာ‌နေ‌ဒေသခံများ၏ဘဝ၊ အသက်‌မွေးဝမ်း‌ကျောင်းအဝဝကို လာ‌ရောက်ဖျက်ဆီးမည့် ယင်း ဆိုးကျိုးများကို ၎င်းတို့အ‌နေဖြင့် အလိုမရှိ‌သော‌ကြောင့် ‌ရေကာတာဆန့်ကျင်‌ရေးကို လုပ်‌ဆောင်ရခြင်းဖြစ်‌ကြောင်းလည်း ‌စောလား‌နေဝါးက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါ အခမ်းအနားသို့ ကရင်မြစ်‌ချောင်းများကွန်ရက်မှ အဖွဲ့ဝင်များ၊ နယ်‌မြေခံ ‌ကေအဲန်ယူမူ တ‌ရော်ခရိုင်မှ တာဝန်ရှိသူများ ၊ ထိုင်းနိုင်ငံမှ မြစ်‌ချောင်းအ‌ရေး တက်ကြွလှုပ်ရှားသူများ၊ အီတူးထာ့စခန်းမှ ဒုက္ခသည်များ၊ ‌ကျေးရွာ ၆ရွာမှ ‌ဒေသခံ ရွာသူရွာသားများနှင့် ‌ကျောင်းသူ‌ကျောင်းသားများ တက်‌ရောက်ခဲ့ကြသည်။

ထို‌နေ့အခမ်းအနားကို နံနက် ၇နာရီတွင် ‌ရေကာတာ ဆန့်ကျင်‌ရေး ပိုစတာများ ကိုင်‌ဆောင်ကာ “‌ရေကာ တာအလိုမရှိ၊ သံလွင်မြစ်ကို လွတ်လပ်စွာ စီးဆင်း‌စေပါ”စသည့် ‌ကြွေး‌ကြော်သံများဖြင့် စတင်ချီ တက်ခဲ့ပြီး ‌နောက် နိုင်ငံတကာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ ဖြစ်‌ပေါ်လာပုံကို ရှင်း ပြခြင်း၊ KRW ထုတ်ပြန်ချက်ကို ဖတ်ကြားခြင်း၊ တက်‌ရောက်လာသည့် ‌ခေါင်း‌ဆောင်များမှ အား‌ပေး စကား‌ပြောကြားခြင်းနှင့် ‌ရေကာတာ၏ ဆိုးကျိုးကို ကြုံ‌တွေ့ခဲ့ရသူများမှ အ‌တွေ့အကြုံများ ဖလှယ်ခဲ့ကြသည်။

ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)မှ ‌စော‌ပေါလ်စိန်ထွားက “ ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ‌တောင်းဆိုတာက ငြိမ်းချမ်း‌ရေး၊ လွတ်လပ်‌ရေးရဖို့အတွက် ဒါ‌ပေမယ့် ကျ‌နော်တို့ကို ပြန်‌ပေးမှာက ‌ရေကာတာ။ ကျ‌နော်တို့‌တွေ အဲဒါကို ‌တောင်းဆိုတာမဟုတ်ဘူး။ ‌ရေကာတာ ဆိုတာ ကျ‌နော်တို့အတွက် ငြိမ်းချမ်း‌ရေးကို မယူ‌ဆောင်လာနိုင်ဘူး။ ‌ရေကာတာဆိုတာ ဦး‌နှောက်ထဲကို ‌တောင် ထည့်မစဉ်းစားနဲ့ အဲဒါ‌ကြောင့် ‌ရေကာတာဆိုတာ ကျ‌နော်တို့ မလိုလားဘူး။ ဆန့်ကျင်ရမယ်။ ”ဟု အခမ်းအနားတွင် ‌ပြောဆိုခဲ့သည်။

ထို့အတူ ‌ဒေသခံတစ်ဦးဖြစ်သူ ‌စော‌ပေါ်လယ်က‌လေလားမူးက “သံလွင်ဆိုတာ ကျ‌နော်တို့ရဲ့ အသက်‌သွေး ‌ကြောပဲ။ ကျ‌နော်တို့ရဲ့ ဘဝပါပဲ။ အဲဒါ‌ကြောင့် ‌ရေကာတာဆိုတာ အလိုမရှိဘူး။ ကျ‌နော် မ‌သေမချင်းအထိ ‌တော့ ကာကွယ်သွားမယ်။ ‌ရေကာတာတည်‌ဆောက်မယ့်လူ‌တွေကို ကျ‌နော်‌ပြောချင်တယ်။ ခင်ဗျားတို့ အ ကျိုးစီးပွားတစ်ခုကိုပဲ မကြည့်ပါနဲ့ ပြည်သူ‌တွေရဲ့ ဘဝကိုလည်း စာနာငဲ့ညှာ‌ပေးပါလို့‌ပြောချင်တယ်။”ဟု ‌ပြောသည်။

ရှမ်းပြည်နယ်၊ ကရင်နီ(ကယား) ပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် သံလွင်မြစ် ‌ချောင်းတစ်‌လျှောက် တွင် ‌ရေကာတာ စီမံကိန်း ၁၄ ခု တည်‌ဆောက်ရန် လျာထားပြီး ကရင်ပြည်နယ်ထဲတွင် ဝဲကြီး၊ ဒါးကွင်၊ ဟတ်ကြီး ‌ရေကာတာစီမံကိန်းတို့ ပါဝင်သည်။

၁၉၉၇ ခုနှစ် ဘရာဇီးနိုင်ငံတွင် နိုင်ငံ‌ပေါင်း ၂ဝ မှ အစည်းအ‌ဝေး‌ခေါ်ယူပြီး ‌ရေကာတာတည်‌ဆောက်ခြင်း ‌ကြောင့် ပြည်သူများ၏ ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် အခက်အခဲနှင့် ကြီးမားသည့် ပြဿနာများ မ‌ပေါ်ထွန်း ‌ရေးအတွက် ရည်ရွယ်၍ မတ်လ ၁၄ ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများထိန်းသိမ်း‌ရေးနှင့် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့အဖြစ် သ‌ဘောတူသတ်မှတ်ခဲ့ကြဖြစ်‌ကြောင်း သိရသည်။

ကရင်လူထုအ‌ခြေပြုအဖွဲ့ (၆)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ကရင်မြစ်‌ချောင်းများကွန်ရက်‌နေဖြင့် ၂၀၀၂ခုနှစ်မှ စတင်ကာ ကရင်ပြည်နယ် သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌လျှောက်တွင် ‌ရေကာတာ ဆန့်ကျင်‌ရေး‌နေ့ကို ကျင်းပ လာမှုမှာ ၁၆ ကြိမ်‌မြောက်ပြီးဖြစ်သည်။

ယမန်‌နေ့က ကျ‌ရောက်‌သော အပြည်ပြည်ဆိုင်ရာ မြစ်‌ချောင်းများ ထိန်းသိမ်း‌ရေး နှင့်‌ရေကာ တာဆန့်ကျင်‌ရေး‌နေ့၌ ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့် ဖာပွန်မြို့နယ် နယ်နိမိတ်ထိစပ်သည့် သံလွင်မြစ်နံ‌ဘေးရှိ ဟတ်ကြီး‌ရေကာတာ စီမံကိန်း တည်ရှိရာ ‌တောင်ကြား‌နေရာအပါအဝင် သျှမ်း(ရှမ်း)၊ ကရင်နီ(ကယား)နယ်တို့တွင်လည်း အခမ်းအနားအစီစဉ်များဖြင့် ပြုလုပ်ခဲ့ကြသည်။