Home သတင်း ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးနှင့် ကုသ‌ရေးစင်တာ ထားရှိနိုင်‌ရေး ကရင်လွှတ်‌တော်တွင်သို့ တင်ပြ

ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးနှင့် ကုသ‌ရေးစင်တာ ထားရှိနိုင်‌ရေး ကရင်လွှတ်‌တော်တွင်သို့ တင်ပြ

2123

မတ်လ ၁၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်း ခရိုင် ၄ ခု တွင် မူးယစ်‌ဆေးစွဲသူများ ကုသမှုခံယူနိုင်မည့် ‌ဆေးရုံ (သို့မဟုတ်) ‌ဆေး ကုသမှု စင်တာနှင့် မူးယစ်‌ဆေးဝါး စိတ်‌ရောဂါကုသသည့် ဆရာဝန်များ ချထား‌ပေးနိုင်‌ရေး နှင့်ပတ်သက်ပြီး တပ်မ‌တော်သား လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးက မတ်လ ၁၅ ရက်၊ ကရင်ပြည်နယ်လွှတ်‌တော် အထူး အ စည်းအ‌ဝေး ဒုတိယ‌နေ့ တွင် တင်ပြ‌မေးမြန်းခဲ့သည်ဟု သိရသည်။

ပြည်နယ်အတွင်း ‌ကျေးလက်‌နေလူထုများအကြား မူးယစ်‌ဆေးဝါးသုံးစွဲသူနှင့် ‌ရောင်းဝယ်‌ဖောက်ကားမှု များပြား လာခြင်း၊ အမျိုးသားအန္တရာယ်တစ်ရပ်အဖြစ် ဖြစ်‌ပေါ်လာနိုင်ခြင်းတို့အပြင် မူးယစ်‌ဆေး သုံးစွဲသူများအား ‌ဆေး ကုသမှုနှင့် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းများအားနည်း‌သေးသည့်အတွက် တပ်မ‌တော်သားကိုယ်စားလှယ် ဗိုလ်ကြီး‌အောင်မြင့်ထွန်းက ယခုလို ‌မေးမြန်းခဲ့ခြင်းဖြစ်သည်။

“ကရင်ပြည်နယ် ခရိုင် ၄ခုမှာ မူးယစ်‌ဆေးဝါးက ‌တော‌ရော မြို့‌ရောအနှံ့ကွမ်းယာဆိုင်မှာ လိုအပ်သလို ဝယ်လို့ရ တဲ့အ‌နေအထားဖြစ်တယ်။ သို့‌သော်လည်း ကုသ‌ပေးနိုင်ဖို့က ‌ကျေးလက်‌တောရွာများနဲ့ မြို့နယ်များမှာ မရှိပါ ဘူး။ ဒါ‌ကြောင့်မို့ မူးယစ်‌ဆေးဝါးကုသ‌ပေးနိုင်တဲ့ ‌ဆေးရုံ၊ ဆရာဝန် ထားရှိနိုင်‌ရေးအတွက် ‌မေးမြန်းခြင်းဖြစ် တယ်” ဟု ဗိုလ်ကြီး ‌အောင်မြင့်ထွန်းက ‌ပြောသည်။

ကရင်ပြည်နယ်တွင် ဖားအံ၊ မြဝတီ၊ ‌ကော့ကရိတ်နှင့် ဖာပွန် စသည့်ခရိုင်များရှိ‌သော်လည်း မူးယစ် ‌ဆေးဝါးနှင့်ပတ်သက်ပြီး အစိုးရအ‌နေဖြင့် မူးယစ်‌ဆေးဝါးသုံးစွဲသူများအတွက် ကုသမှုနှင့် ပြန်လည်ထူ ‌ထောင်‌ရေး စင်တာများ သီးသန့် ဖွင့်လှစ်ထားနိုင်ခြင်းမရှိ‌သေး‌ကြောင်းလည်း သိရသည်။

အဆိုပါ ‌မေးမြန်းချက်နှင့်ပတ်သက်၍ ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာ တင်ဝင်း‌ကျော်က“ကရင်ပြည် နယ် မူးယစ်တားဆီးနှိမ်နင်း‌ရေးအဖွဲ့၊ ကုသ‌ရေးဦးဌာန၊ မူးယစ်‌ဆေးဝါးဆန့်ကျင်‌ရေးအသင်း၊ NGO အဖွဲ့များ နှင့် ပူး‌ပေါင်းပြီး‌တော့ မူးယစ်‌ဆေးစွဲ ‌ရောဂါကုသ‌ရေးသင်တန်း‌တွေကို ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်က ဆရာ ဝန်၊ ကျန်းမာ‌ရေးဝန်ထမ်းများကိုလည်း သင်တန်းပို့ချခဲ့တာ‌တွေရှိတယ်” ဟု ပြန်လည်‌ဖြေကြားခဲ့သည်။

ထို့သို့ သင်တန်းတက်‌ရောက်ခဲ့သည့် ဆရာဝန်များ၊ ကျန်းမာ‌ရေးဝန်ထမ်းများအ‌နေဖြင့် မိမိတို့နှင့် သက်ဆိုင် သည့် မြို့နယ်၊ ခရိုင် ‌ဆေးရုံများနှင့်‌ကျေးလက်ကျန်းမာ‌ရေးဌာနများရှိ မူးယစ်‌ဆေးစွဲလူနာများအား ဆက်လက် ကုသ‌ပေးလျက်ရှိရာတွင် ကရင်ပြည်နယ်အတိုင်းအတာအရ ၂၀၁၆ ခုနှစ်တွင် ၆၆ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၈၈ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၄၆ ဦးအား ‌ဆေးဖြတ်ကုသ‌ပေးနိုင်ခဲ့‌ကြောင်း ဝန်ကြီး၏ ပြန်လည်‌ဖြေကြားချက်များ အရ သိရသည်။

၎င်းအပြင် မူးယစ်‌ဆေးဝါးသုံးစွဲသူ များအတွက် ပြန်လည်ထူ‌ထောင်‌ရေး လုပ်ငန်းများ‌ဆောင်ရွက်နိုင်ရန် လူ ငယ်ပြု စုပျိုး‌ထောင်‌ရေးဌာန စခန်းကို ဖားအံမြို့ စက်မှုဇုံအနီးတွင် ထားရှိရန် စီစဉ်ထား‌ကြောင်းနှင့် အ‌ကောင် ထည်‌ဖော်နိုင်‌ရေးအတွက် ဘတ်ဂျက်‌တောင်းခံထားပြီးဖြစ်‌ကြောင်းလည်း လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာ တင်ဝင်း‌ကျော်က ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း တစ်နှစ်ထက်တစ်နှစ် မူးယစ်‌ဆေးဝါး ‌ရောင်းဝယ်သူနှင့် သုံးစွဲသူများ တဖြည်းဖြည်း များ လာလျက်ရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် မူးယစ်‌ဆေးဝါး အမှု‌ပေါင်း ၅၆၈မှုနှင့် တရားခံ ၇၉၄ဦး ဖမ်းဆီးအ‌ရေး ယူနိုင်ခဲ့သလို ၂၀၁၈ခုနှစ် ‌ဖေ‌ဖော်ဝါရီလအထိ မူးယစ်‌ဆေးဝါးအမှု‌ပေါင်း ၆၇ မှု၊ တရားခံ ၈၈ဦး အား ထပ်မံ‌ဖော် ထုတ်ဖမ်းဆီးနိုင်ခဲ့‌ကြောင်း လူမှု‌ရေးဝန်ကြီး‌ဒေါက်တာတင်ဝင်း‌ကျော်မှ လွှတ်‌တော်အစည်း အ‌ဝေးတွင် ပြန်လည် ‌ဖြေကြားထားချက်များအရ သိရသည်။