Home သတင်း မိခင်နှင့် က‌လေးကြည့်ရှု‌စောင့်‌ရှောက်‌ရေး‌ဆေးခန်း ဖားအံခရိုင်၊ ‌ကော့‌ကော်‌ကျေးရွာတွင် ဖွင့်လှစ်

မိခင်နှင့် က‌လေးကြည့်ရှု‌စောင့်‌ရှောက်‌ရေး‌ဆေးခန်း ဖားအံခရိုင်၊ ‌ကော့‌ကော်‌ကျေးရွာတွင် ဖွင့်လှစ်

2809

ဇန်နဝါရီ ၂၇ ရက်။ ၂ဝ၁၈ခုနှစ်။ ‌စောဒီကိုးဒီ၊ ‌စောသိန်းမြင့်

မိခင်နှင့်က‌လေး ကျန်းမာ‌ရေးဆိုင်ရာ ကြည့်ရှု‌စောင့်‌ရှောက်ရန် ရည်ရွယ်ကာ Burma Children Medical Fund (BCMF) နှင့် ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW )တို့ ဦး‌ဆောင်ပြီး ဖားအံခရိုင်၊ တ‌နေးချားမြို့နယ်၊ ‌ကော့‌ကော်‌ကျေးရွာအုပ်စု၊ ‌ကော့‌ကော်‌ကျေးရွာတွင် မိခင်နှင့်က‌လေး ကြည့်ရှု‌စောင့် ‌ရှောက်‌ရေး ‌ဆေးခန်းတစ်ခုကို ဇန်နဝါရီလ ၂၆ ရက်‌နေ့က ဖွင့်လှစ်လိုက်သည်။

၎င်း‌ဆေးခန်း၏ တာဝန်ခံ ဆရာ‌စောခိုင်စိုးက “ဒီက ကိုယ်ဝန် ‌ဆောင်မိခင်‌တွေဟာ မယ်‌တော်‌ဆေးခန်း၊ ဝမ်ဖာ(နယ်စပ်တစ်‌နေရာ) တို့ဘက်ခြမ်းမှာ ကိုယ်ဝန်သွားအပ်ဖို့ သိပ်မလွယ်လှဘူး။ သွား‌ရေးလာ‌ရေး အခက်အခဲ မျိုးစုံရှိတယ်။ အဲဒါ‌ကြောင့် ဒီနယ်‌မြေမှာ မိခင်နဲ့ က‌လေး ‌စောင့်‌ရှောက်‌ရေးကို ရနိုင်ဖို့ ကျ‌နော်တို့ ကလည်းပဲ တတ်နိုင်သ‌လောက် ကူညီသွားဖို့ ရည်ရွယ်ထားပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ဖွင့်လှစ်လိုက်သည့် ‌ဆေးခန်းကို KDHW ၏ ကျန်းမာ‌ရေးလုပ်သားများက ဆက်လက် တာဝန်ယူသွားမည်ဖြစ်ပြီး ပထမအဆင့်အ‌နေဖြင့် ကိုယ်ဝန်မိခင်များအတွက် ကျန်း မာ‌ရေးပညာ‌ပေးမှုလုပ် ငန်းများ လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်း၊ ဒုတိယအဆင့်အ‌နေဖြင့် ‌ဆေးခန်း၌ ကိုယ်ဝန်လာအပ်ခြင်း၊ မီးဖွား‌ပေးခြင်းနှင့် လူနာလွှဲ‌ပြောင်းခြင်း စသည့်အစီအစဉ်များကို ဆက်လက် လုပ်‌ဆောင်သွားရမည်ဖြစ်‌ကြောင်းလည်း ဆရာခိုင်စိုးက ဆက်‌ပြောသည်။

ယခင်က ထို‌ဒေသတွင် မိခင်နှင့် က‌လေး ကြည့်ရှု‌စောင့်‌ရှောက်‌ရေး ‌ဆေးခန်းမရှိသည့်အတွက် သက်ဆိုင်ရာ သားဖွား ဆရာမများမှ ‌နေအိမ်သို့ သွား‌ရောက်‌မွေးဖွား‌ပေးခဲ့ရပြီး လိုအပ်သည့် ‌ဆေးဝါးနှင့် ပစ္စည်းကိရိယာများ လုံ‌လောက်မှု မရှိသည့်အတွက် မိခင်နှင့် က‌လေးအချို့မှာ မ‌သေဆုံးသင့်ဘဲ ‌သေဆုံးခဲ့ရသည့် ဖြစ်စဉ်များ ရှိခဲ့ ဖူးသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌ဒေသခံ တစ်ဦးဖြစ်သူ ‌နော်‌ဖောရယ်က “ကျမတို့ မိခင်နဲ့ က‌လေး‌တွေဟာ အရင်က အခက်အခဲ အမျိုးမျိုးရှိ တယ်။ လမ်းပန်း ဆက်သွယ်‌ရေး မ‌ကောင်းတဲ့အတွက်‌ကြောင့် မိခင်နဲ့က‌လေး‌တွေက ‌မွေးဖွားတဲ့ အချိန်မှာ ‌သေဆုံးခဲ့ရတယ်။ အဲလို‌တွေ မြင်‌တွေ့ခဲ့ရတယ်။ အခုက‌တော့ မိခင်နဲ့ က‌လေးအတွက် ‌ဆေးခန်းရှိလာ‌တော့ အ‌ရေး‌ပေါ်ကိစ္စဆိုရင် သူတို့‌တွေ အ‌ဝေးကြီး သွားစရာမလိုအပ်‌တော့ဘူး။ ဒီမှာ ကြည့်တဲ့သူရှိတဲ့ အတွက် ‌ကြောင့် မိခင်နဲ့ က‌လေး‌သေဆုံးမှု နည်းလာမယ့်အ‌ပေါ်မှာ အရမ်းကိုပဲ ဝမ်းသာပါတယ်။”ဟု ‌ပြောသည်။

ကိုယ်ဝန်‌ဆောင်မိခင်တစ်ဦး၏ အသက်တစ်‌ချောင်းသည် အ‌ရေးကြီးသကဲ့သို့ က‌လေးတစ်ဦး၏ အသက်တစ် ‌ချောင်းသည်လည်း အ‌ရေးကြီးပြီး ယခုလို မိခင်နှင့် က‌လေးကြည့်ရှု‌စောင့်‌ရှောက်‌ရေးသီးသန့် ‌ဆေးခန်းတစ်ခု ဖွင့်လှစ်နိုင်သည့်အ‌ပေါ် မိခင်နှင့် က‌လေး‌သေဆုံးမှု ‌လျော့နည်းလာမည့်အပြင် ‌သေဆုံးမှုလည်း ပ‌ပျောက် သွားနိုင်မည်ဟု ယုံကြည်‌ကြောင်း ‌ကော့‌ကော် ‌ကျေးလက် ကျန်းမာ‌ရေးဌာနခွဲ သားဖွားဆရာမ နန်းကိန္နရီက လည်း ‌ပြောသည်။

အဆိုပါ မိခင်နှင့် က‌လေးကြည့်ရှု‌စောင့်‌ရှောက်‌ရေး ‌ဆေးခန်းကို ဖွင့်လှစ်နိုင်ရန် Rotary International District 3450 မှ Burma Children Medical Fund (BCMF) အား‌ပေးသည့် The One Award 2017 ဆု၏ တတိယဆုမှ ရရှိသည့် ဆု‌ငွေဖြင့် ‌ဆေးခန်းကို တည်‌ဆောက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု ‌ဆေးခန်း တာဝန်ရှိသူများက ‌ပြောသည်။

BCMF အဖွဲ့အ‌နေဖြင့် လတ်တ‌လော ဖွင့်လှစ်လိုက်‌သော ‌ဆေးခန်း၏ ‌ဆေးခန်း‌သောက်‌ရေသန့်စင်နှင့် ‌ဆေးခန်းသုံးအိမ်သာများကို ဆက်လက် တည်‌ဆောက်‌ပေးလျက်ရှိပြီး BCMF အဖွဲ့သည် ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် အ‌စောပိုင်းကလည်း ‌ကော့‌ကော်‌ကျေးရွာရှိ မသန်စွမ်း က‌လေးငယ်များအတွက် ဘီးတပ်ကုလားထိုင် (Wheelchair)များကို သွား‌ရောက် လှူဒါန်းခဲ့ဖူးသည်။

ထို‌နေ့ ပြုလုပ်သည့် ‌ဆေးခန်းဖွင့်ပွဲသို့ Burma Children Medical Fund (BCMF)၊ Rotary International District 3450၊ ကရင်ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)တို့မှ တာဝန်ရှိသူများ၊ ‌ဒေသခံ သားဖွားဆရာမများနှင့် ‌ဒေသခံ လူထုများအပါအဝင် ၁ဝဝ ဦးခန့် တက်‌ရောက်ခဲ့သည်။