Home သတင်း KNLA ‌ဆေးတပ်ဖွဲ့ ဝင်း‌ရေးမြို့နယ်ရှိ မျက်စိ‌ဝေဒနာရှင်များအား အခမဲ့ကုသ‌ပေး

KNLA ‌ဆေးတပ်ဖွဲ့ ဝင်း‌ရေးမြို့နယ်ရှိ မျက်စိ‌ဝေဒနာရှင်များအား အခမဲ့ကုသ‌ပေး

2930

ဇန်နဝါရီ ၂၇ရက်၊ ၂၀၁၈ခုနှစ်။ ‌စောရှား

KNU-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်၏ ‌ဆေးတပ်ဖွဲ့က ဒူးပ လာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်ရှိ ‌ဒေသခံပြည်သူများအား ပထမဦးဆုံးအကြိမ်အဖြစ် မျက်စိ‌ရောဂါ ‌ဝေဒနာကို အခမဲ့ ကုသ‌ပေး‌နေ ‌ကြောင်း ၎င်း‌ဆေးတပ်ဖွဲ့ကို ဦး‌ဆောင်သူ ‌ဒေါက်တာ‌စောဆဲ‌နေက ယ‌နေ့(ဇန်နဝါရီလ ၂၆ရက်)တွင် အတည်ပြု ‌ပြောဆိုသည်။

ဝန်ထမ်း ၁၅ဦးပါ အဆိုပါ‌ဆေးတပ်ဖွဲ့သည် ဇန်နဝါရီလ ၂၂ရက်မှ ‌ဖေ‌ဖော်ဝါရီလ ၆ရက်‌နေ့အထိ ဝင်း‌ရေးမြို့နယ်ရုံးတွင် ကုသ ‌ပေးလျှက်ရှိရာ လက်ရှိအချိန်၌ မျက်စိ‌ဝေဒနာရှင် လူနာ ၅၀‌ကျော်အား ခွဲစိတ်ကုသ‌ပေးနိုင်ပြီဖြစ်‌ကြောင်း ‌ဒေါက်တာဆဲ‌နေက ‌ကေအိုင်စီသို့ ‌ပြောသည်။

̏ကျ‌နော်တို့နိုင်ငံက တချို့မျက်စိ‌ဝေဒနာရှင်‌တွေဟာ မြို့ကိုသွားဖို့၊ ‌ရောဂါကုသဖို့ ‌ငွေ‌ကြေးမတတ်နိုင်ဘူး‌လေ။ မျက်စိ‌ကြောင့် ပြဿနာတက်လည်း ဒီလိုပဲ‌နေတယ်။ ကျ‌နော်တို့ လာမကု‌ပေးလို့ရှိရင် သူတို့ မျက်စိပြန်မြင်နိုင်မှာ မဟုတ်ဘူး‌လေ။ ဒီအ‌ခြေအ ‌နေ‌တွေ‌ကြောင့် ကျ‌နော်တို့က လူထုကိုလာပြီး ကူညီတယ်။”ဟု ၎င်းက ဆိုသည်။

မျက်စိတိမ်စွဲခြင်း၊ ‌ရေတိမ်၊ မျက်သားတက်ခြင်း၊ အခြားမျက်စိနှင့်ပတ်သက်‌သော ‌ရောဂါများအား လူမျိုး၊ ဘာသာမ‌ရွေး ခွဲစိတ် ကုသ‌ပေး‌နေပြီး စာရင်း‌ပေးသွင်းထားသည့် လူနာဦး‌ရေမှာ ၁၀၀‌ကျော်ပြီဖြစ်‌ကြောင်းလည်း ‌ဒေါက်တာဆဲ‌နေက ဆက်လက် ‌ပြော ဆိုသည်။

အဆိုပါ မျက်စိကုသ‌ပေးခြင်းနှင့်ပတ်သက်၍ ‌ကေအဲန်ယူ၊ ဝင်း‌ရေးမြို့နယ်ဥက္ကဌ ပဒို‌စော‌မောင်‌ရွေက ̏သွားမတတ် လာမတတ် တဲ့ လူထု‌တွေနဲ့ ‌ငွေ‌ကြေးမရှိတဲ့ လူထု‌တွေအတွက် အများကြီး အ‌ထောက်အကူဖြစ်တာ‌ပေါ့။ လူထုအတွက် အကျိုး‌ကျေးဇူး အများကြီးရှိပါတယ်။”ဟု ‌ပြောသည်။

KNLA ‌ဆေးတပ်ဖွဲ့သည် ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများတွင် မျက်စိနှင့် အခြား‌သော‌ရောဂါဖြစ်ပွား‌သော ပြည်သူလူထုကို အခါ အား‌လျော်စွာ ကွင်းဆင်း၍ အခမဲ့ကုသ‌ပေးပြီး ကရင်ပြည်နယ်‌တောင်ပိုင်း ဝင်း‌ရော်မြစ်နှင့် မွန်ပြည်နယ်‌တောင်ပိုင်း ‌ရေးမြစ်‌ဒေသ များ ပါဝင်‌သော ‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ်တွင်မူ ယခုအကြိမ်သည် ပထမဦးဆုံးဖြစ်သည်။