Home သတင်း JMC အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မျက်နှာစုံညီအစည်းအ‌ဝေး ‌ကေအဲန်ယူ ပြုလုပ်သွားမည်

JMC အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မျက်နှာစုံညီအစည်းအ‌ဝေး ‌ကေအဲန်ယူ ပြုလုပ်သွားမည်

2200

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၁၈ ခုနှစ်။ ‌ကေအိုင်စီ

ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ-JMCအ‌ကောင်အထည်‌ဖော်မှုနှင့်ပတ်သက်ပြီး ‌ကော်မတီအတွင်းပါဝင်သည့် သက်ဆိုင်ရာ KNU-ကရင်အမျိုးသားအစည်းအရုံး ကိုယ်စားလှယ်များအကြား JMC အ‌ကောင်အထည်‌ဖော်မှုဆိုင်ရာ မျက်နှာစုံညီ အစည်းအ‌ဝေးတစ်ရပ်ကို ပြုလုပ်သွားမည်ဟု ဇန်နဝါရီ ၂၃ မှ ၂၆ရက်‌နေ့ အထိပြုလုပ်ခဲ့သည့် ‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီအ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ ဆုံးဖြတ်ခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCAစာချုပ်ပါ လိုက်နာလုပ်‌ဆောင်ရမည့် JMC၏ လုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းရှိ‌စေရန် ၎င်း JMCဆိုင်ရာ မျက်နှာစုံညီအစည်းအ‌ဝေးကို လာမည့် ‌ဖေ‌ဖော်ဝါရီလ အ‌စောအပိုင်းတွင် ပြုလုပ်သွားရန်စီစဉ်ထားသည်ဟု KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူး က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ JMCက ‌စောင့်ကြည့်‌ရေးအပိုင်းမှာ တာဝန်ရှိတယ်‌လေ။ ဒါ‌ပေမဲ့ လက်‌တွေ့အ‌ကောင် အထည်‌ဖော်တဲ့‌နေ ရာမှာ ကျ‌တော့ JMCမှာပဲ ‌သေ‌သေချာချာ ရှင်းရှင်းလင်းလင်း (ToR)ထဲမှာ ‌ဖော်ပြထားတဲ့ အချက်က‌လေး‌တွေရှိ သလို တချို့ အပိုင်း‌တွေမှာ လည်း JMCက‌နေ တာဝန်ယူပြီး လုပ်‌ဆောင်‌ပေးရမဲ့အပိုင်း‌တွေရှိရမှာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာ နှစ်ဖက် တပ်‌တွေ လိုက်နာကြရမဲ့အပိုင်းကို ရှင်းရှင်းလင်းလင်း‌လေးခွဲထုတ်ပြီး‌တော့ နားလည်‌အောင်လုပ်ရမဲ့ လိုအပ်တဲ့ အပိုင်း‌တွေ လုပ်ဖို့ရှိ တယ်” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် အပစ်အခတ်ရပ်စဲ‌ရေး‌အောင်‌အောင်မြင်မြင်ဖြစ်ရန် အ‌ခြေခံလိုအပ်ချက်သည် အပစ်ရပ်လုပ်ထားသည့် အဖွဲ့အ စည်းများမှ အပစ်ရပ်သ‌ဘောတူညီချက်များကို လိုက်နာရန် လိုအပ်သည်ဟုလည်း ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

လက်ရှိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC) ကို ဖွဲ့စည်းလာခဲ့သည်မှာ (၂)နှစ်တာ ကာလကြာခဲ့ပြီး ပုံမှန်အစည်းအ‌ဝေးကို(၁၄)ကြိမ်‌မြောက် ပြုလုပ်ခဲ့ပြီးသည့်တိုင် နှစ်ဖက်သ‌ဘော တူထားသည့် JMC ဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များကို နှစ်ဖက်လိုက်နာမှု အားနည်း‌နေ‌သေး‌ကြောင်းလည်း ‌ထောက်ပြ ‌ဝေဖန်မှုများရှိ‌နေ သည်။

‌ကေအဲန်ယူအ‌နေဖြင့် အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်နိုင်‌ရေးအတွက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ကျင်းပစဉ် ကာ လအတွင်း တိုးတက်‌ကောင်းမွန်သည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်များကို မရရှိမီ စပ်ကြားတွင် ၎င်းတို့ချမှတ်ထားသည့် နိုင်ငံ ‌ရေး၊ စစ်‌ရေး၊ အုပ်ချုပ်‌ရေးနှင့် စည်းရုံး‌ရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ပြီး NCA ကို အ‌ခြေခံ သည့် ကြားကာလဆိုင်ရာ ‌ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ညှိနှိုင်း‌ဆောင်ရွက်မှုများဖြင့် အ‌ကောင်အထည်‌ဖော်သွား မည်ဟု ‌ကေအဲန်ယူ၏ အစည်းအ‌ဝေးအပြီး ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

၎င်းအပြင် ငါးရက်တာပြုလုပ်သည့် ‌ကေအဲန်ယူ၏ ဗဟိုအမြဲတမ်း‌ကော်မတီအ‌ရေး‌ပေါ်အစည်းအ‌ဝေး၌ ဗဟိုအမြဲတမ်း ‌ကော်မတီ (၅၅)ဦးအနက် ၄၈ဦးနှင့် အထူးဖိတ်ကြားထားသူ ‌ခေါင်း‌ဆောင် (၃)ဦး တက်‌ရောက်ခဲ့ရာ JMC ကိစ္စရပ်အပါ အဝင် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် အစိုးရနှင့် ၎င်းတို့အကြား အမြင်ကွာဟချက်များကို ‌ဖြေရှင်း သွားရမည့် နည်းလမ်းများကို အဓိကထား ‌ဆွေး‌နွေးခဲ့ကြပြီး ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစု ပင်လုံ အစည်း အ‌ဝေး၊ ကြားကာလဆိုင်ရာကိစ္စရပ်များနှင့် လတ်တ‌လောမြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

NCA သ‌ဘောတူစာချုပ်ပါ လုပ်ငန်းစဉ်များအရ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC) ကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှစ၍ ပြည်‌ထောင်စု၊ ပြည်နယ်/တိုင်း၊ ‌ဒေသန္တရ အဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွဲ့စည်းလာခဲ့ပြီး လက်ရှိတွင် ပြည်‌ထောင်စုအဆင့်၌ ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးမှ ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက ဒု-ဥက္ကဌ (၁) အဖြစ် တာဝန်ယူထားသည်။