Home အမြင်သဘောထား ၆၉နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့အ‌ပေါ် KNU ‌ခေါင်း‌ဆောင်အချို့၏ ‌ပြောစကားများ

၆၉နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေး‌နေ့အ‌ပေါ် KNU ‌ခေါင်း‌ဆောင်အချို့၏ ‌ပြောစကားများ

2900

ယခုနှစ် ၂ဝ၁၈ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် အမျိုးသားလွတ်‌မြောက်‌ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရန်အတွက် ကရင် အမျိုးသားများ ‌တော်လှန်ဆင်နွှဲလာမှုမှာ ၆၉နှစ်ပြည့်‌မြောက်ပြီဖြစ်သည်။ ယခုနှစ် ကျ‌ရောက်သည့် ၆၉နှစ်‌မြောက် ကရင်အမျိုး သား‌တော်လှန်‌ရေးကို အ‌ခြေခံပြီး ကရင့်‌တော်လှန်‌ရေး ဦး‌ဆောင်‌နေသည့် KNU -ကရင်အမျိုးသားအစည်းအရုံး ‌ခေါင်း‌ဆောင် အချို့၏ ‌ပြောစကားများကို ‌ကေအိုင်စီက စုစည်းတင်ပြလိုက်သည်။

ပဒို‌စောလှထွန်း (တွဲဘက်အတွင်း‌ရေးမှူး -၂)


နဂိုကတည်းက ကရင့်‌တော်လှန်‌ရေးရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်က ကရင်တစ်မျိုးသားလုံးလွတ်‌မြောက်ဖို့ပဲ။ အဲဒီ အ‌ပေါ်မှာ နိုင်ငံ‌ရေးပြသနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းမယ်ဆိုတဲ့နည်းနဲ့ ကရင့်လက်နက်ကိုင် ‌တော်လှန်‌ရေး စခဲ့တာဖြစ်တယ်။ ဒီအချိန်မှာလည်း ကရင့်လက်နက်ကိုင်‌တော်လှန်‌ရေးဟာ ရှိ‌နေဆဲ သွား‌နေဆဲပဲ။ ဒါ‌ပေမယ့် နိုင်ငံ‌ရေးတိုက်ပွဲအသွင်နဲ့ သွား‌နေ တာ ဖြစ်တယ်။ ရှင်းရှင်းလင်းလင်း ရှိ‌နေဖို့လိုတာ‌ပေါ့‌နော်။ သမိုင်းတိုင်း၊ နိုင်ငံတိုင်းမှာ ‌တော်လှန်‌ရေး‌နေ့ဆိုတာရှိတယ်‌လေ။ ကရင့်‌တော်လှန်‌ရေးရဲ့ ရည်မှန်းချက်‌တွေ ရရှိ‌အောင်မြင်သွားတယ်ဆိုရင်‌တော့ ‌ရှေ့ဆက် ကျ‌နော်တို့သွားချင်တဲ့ ကိစ္စရပ်‌တွေက ‌တော့ နိုင်ငံရဲ့ တည်‌ဆောက်ချင်တဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီရဲ့‌အောက်ထဲမှာရှိတဲ့ပုံစံနဲ့ သွားရမှာဖြစ်တယ်။
လက်နက်ကိုင်‌တော်လှန်‌ရေးဟာဆိုရင် ၁၉၄၉က‌နေစပြီး ယ‌နေ့ထိ ဆိုရင်‌တော့ ၆၉နှစ်ပြည့်ပြီဖြစ်တယ်။ ခုထိလည်း ရှိ ‌နေဆဲပဲ။ ဒါ‌ပေမယ့် နိုင်ငံ‌ရေးတိုက်ပွဲကို ဦးစား‌ပေးပြီး ‌ဆွေး‌နွေးလုပ်‌ဆောင်‌နေတယ်။ အဲဒီအ‌ပေါ်မှာ ရှိ‌နေတဲ့ ‌တော်လှန်‌ရေးနဲ့အ တူ ပြည်သူ‌တွေက ထဲထဲဝင်ဝင် ကျ‌နော်တို့နဲ့အတူ သွားရမှာဖြစ်တယ်။ အဲဒါမှ ကျ‌နေ်ာတို့လိုချင်တဲ့ ကရင့်တစ်မျိုးသားလုံးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အမျိုသားတန်းတူ‌ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုက‌ရေစီပြည်‌ထောင်စုကို အတူတကွ သွားကြ ဖို့ တိုက်တွန်းချင်ပါတယ်။

ဗိုလ်မှူးကြီး‌စော‌နေစိုး (သယ်ယူပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေးဌာန၊ တာဝန်ခံ)


နိုင်ငံ‌ရေး ပြဿနာကို နိုင်ငံ‌ရေးနည်းနဲ့ ‌ဖြေရှင်းဖို့အတွက် ကြိုးစားပြီး‌တော့ အဲဒီအ‌ပေါ်မှာအ‌ခြေအ‌နေ‌တွေ အမျိုးမျိုး‌ပေါ့။ စိန်‌ခေါ်မှု‌တော့ ရှိတာ‌ပေါ့။ သို့‌သော် ဒါကိုကြိုးစားပြီး‌တော့ ‌ကျော်လွှားပြီး‌တော့ အတီးမြင်တာက‌တော့ ဒီကိစ္စကို‌တော့ တစ်ဖက် ထဲနဲ့ လုပ်လို့မရဘူး။ နှစ်ဖက်စလုံး‌ပေါ့။ သက်ဆိုင်သူ‌တွေ‌ပေါ့။ အထူးသဖြင့် ကရင်အမျိုးသားအဖွဲ့အစည်း‌သော်လည်း‌ကောင်း၊ အစိုးရအပိုင်းကျ‌တော့ နည်းလမ်းရှာဖို့‌ပေါ့။ ရရှိထားတဲ့ အ‌ခြေအ‌နေ‌တွေကို ဆုပ်ကိုင်ထားပြီး‌တော့ မလိုလားအပ်တဲ့ဟာ‌တွေကို မဖြစ်ဖို့အ‌ရေး ဆက်လက် ကြိုးစားဖို့ပဲရှိ‌သေးတယ်။ ဒီ‌တော်လှန်‌ရေးမှာလည်း ဒီသ‌ဘောထားပါပဲ။

ပဒို‌စောဒိုင်းမွန်ခင် (‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန၊ ဒုတာဝန်ခံ)


ကျ‌နော်က‌တော့ ဆုံးသွားတဲ့ ရဲ‌ဘော်‌တွေဖြစ်‌စေ၊ မုဆိုးမနဲ့ ကျန်ရစ်ခဲ့တဲ့ ရဲ‌ဘော်သားသမီး‌တွေကို ပြန်ကြည့်ရင်‌တော့ ဝမ်းနည်းတယ်။ ဒါ‌ပေမယ့် အခုက အနှစ် ၆ဝ‌ကျော် တိုက်ပွဲဝင်လာတဲ့အ‌ပေါ်မှာ အခု စားပွဲခုံ‌ပေါ် မ‌ရောက်သည့်တိုင်‌အောင် ဒီ‌လောက်သွားနိုင်တာက‌တော့ ကျ‌နော်က‌တော့ ဝမ်းသာတယ်။ ဂုဏ်လည်း ယူတယ်။

ပဒို‌စောအယ်ဝါး (‌တောင်ငူခရိုင် ဥက္ကဌ)


၆၉နှစ်‌မြောက် ကရင့်‌တော်လှန်‌ရေးရဲ့ အမှတ်တရဆိုရင် ကရင့်‌တော်လှန်‌ရေးဆိုတာ မပြီးဆုံး‌သေးဘူး။ စစ်အာဏာရှင် ကြီးစိုးတဲ့ကာလ ဆက်ရှိ‌နေမယ်ဆိုရင် ကရင့်‌တော်လှန်‌ရေးဆိုတာ ဆက်ရှိ‌နေအုံးမယ်။ ကရင့်‌တော်လှန်‌ရေးဟာ မပြီးဆုံး‌သေး ဘူးဆိုတာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူ‌တွေ အားလုံးကို ‌ပြောချင်ပါတယ်။