Home သတင်း နှစ်သစ်ကူး ဗဟို‌ကော်မတီ နာယက ဩဝါဒခံယူပွဲ ကျင်းပ

နှစ်သစ်ကူး ဗဟို‌ကော်မတီ နာယက ဩဝါဒခံယူပွဲ ကျင်းပ

2863

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ (မဟာရန်ကုန်) ၏ နာယကကြီး များ ဩဝါဒ ခံယူပွဲကို အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ ‌ဒေါက်တာဆိုင်မွန်သာ အိမ်၌ နိုဝင်ဘာ ၁၉ ရက် ‌နေ့လယ်ပိုင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို ကရင်လူမျိုးများ၏ ယဉ်‌ကျေးမှု ဓ‌လေ့ထုံးတမ်းနှင့်အညီ ‌ရှေးကရင်လူကြီးများ၏ ဆုံးမဩဝါဒကို ခံယူလိုက်‌လျှောက်ရသည့်အစဉ်အလာအတိုင်း ဩဝါဒခံယူကာ နှစ်သစ်ကူး ပွဲ‌တော်ကို ‌အောင်မြင်စွာ ကျင်းပသွားရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ‌ကော်မတီဥက္ကဌ အငြိမ်းစားပါ‌မောက္ခ မန်း‌ရွှေပြည်‌အေးက ‌ပြောသည်။

အခမ်းအနားတွင် နာယက ၁၆ ဦး တို့က ကရင်လူမျိုးများ စည်းစည်းလုံးလုံးဖြင့် သမိုင်းအ‌မွေအနှစ်များကို ထိမ်းသိမ်းရန်၊ ရိုးရာယဉ်‌ကျေးမှုများကို ကာကွယ်‌စောင့်‌ရှောက်ရန်၊ စာ‌ပေ စကားကို ထိန်းသိမ်းရန်၊ နိုင်ငံ‌ရေးအမြင်ကျယ်‌အောင်‌လေ့လာကြရန် အသီးသီးတက်‌ရောက် ဆုံးမစကား‌ပြောကြားခဲ့ပြီး အခမ်းအနားသို့ နယ်ပယ်စုံ ကရင်လူမျိုး ၁၀ဝ ဦးခန့်တက်‌ရောက်ခဲ့သည်။

“ မိဘက‌တော့ ကိုယ့်သားသမီးကို ‌ခေါင်း‌ဆောင်‌တွေအ‌နေနဲ့ဘဲမြင်ချင်တယ်။ ဒါ‌ကြောင့် ကရင်လူငယ်‌လေး‌တွေအ‌နေနဲ့ အများဂုဏ်ယူ‌လေးစားရတဲ့ နယ်ပယ်စုံမှာ‌ခေါင်း‌ဆောင်ဖြစ်‌အောင် ကြိုးစားဖို့ မှာကြားလိုတယ်”ဟု နာယက တစ်ဦးဖြစ်သူ ‌စောတင်ထွဋ်စိုးက ‌ပြောသည်။

ဗဟို‌ကော်မတီ၏၂၇၅၇ ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို လာမည့်ဒီဇင်ဘာ ၁၇ ရက်‌နေ့တွင် ယဉ် ‌ကျေးမှုပြခန်း၊ သတင်းပြန်ကြား‌ရေးပြခန်း ဖွင့်လှစ်ခြင်း၊ ၁၈ ရက်‌နေ့ နံနက် ၆ နာရီတွင် နှစ်သစ်ကူး ကရင်အမျိုး သားအလံတင် အ‌လေးပြုခြင်း တို့ကို အစဉ်အလာအတိုင်း မဟာ‌ဆေးဝကင်္ဘာ၊ အာလိန်ငါးဆင့်‌ကျောင်းဝင်း၌ ကျင်းပသွားမည်ဖြစ်သည်။

အလားတူ အင်းစိန်၊ မီးရထား‌ဘောလုံးကွင်း၌ ကရင့်ရိုးရာလက်‌ဝှေ့ပြိုင်ပွဲ၊ အားကစားပွဲများ ပြုလုပ်သွားမည် ဖြစ်ပြီး ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီတွင် မင်းဓမ္မလမ်းရှိ မြန်မာကွန်‌ဗေးရှင်းစင်တာ(MCC Center)၌ ရိုးရာဒုံးပြိုင်ပွဲ ‌ဖျော်‌ဖြေပွဲများပြုလုပ်သွားမည်ဖြစ်သည်။