Home သတင်း ခြံ‌မြေအသိမ်းခံရသူ ‌ဒေသခံလူထုနှင့် သိမ်းယူထားသူ တပ်ဘက်အရာရှိတို့ ‌တွေ့ဆုံ

ခြံ‌မြေအသိမ်းခံရသူ ‌ဒေသခံလူထုနှင့် သိမ်းယူထားသူ တပ်ဘက်အရာရှိတို့ ‌တွေ့ဆုံ

1970

နိုဝင်ဘာ ၂၄ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခြံ‌မြေသိမ်းခံထားရသည့် ‌ဒေသခံပြည်သူလူထုနှင့် ၎င်း‌မြေကို သိမ်းယူထား ‌သော မြန်မာ့တပ်မ‌တော် ‌ခြေမြန်တပ်ရင်း(ခမရ-၆၀၃)မှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး‌ကျော်နိုင်တို့ လိပ်သိုမြို့၊ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်းတွင် နိုဝင်ဘာ ၂၃ရက်(ယမန်‌နေ့)က ပထမဆုံးအကြိမ် ‌တွေ့ဆုံခဲ့ကြသည်။

အဆိုပါ‌တွေ့ဆုံပွဲတွင် ‌ဒေသခံပြည်သူများက မတရားသိမ်းယူခြင်းခံထားရသည့် ၎င်းတို့၏‌မြေ‌နေရာများကို တရားသဖြင့် ပြန် လည်ရယူလိုခြင်းနှင့် ခြံ‌မြေအတွင်း ဝင်‌ရောက်လုပ်ကိုင်ခွင့် ပြန်လည်ရရှိရန်အတွက် (ခမရ-၆၀၃)တပ်ရင်းသို့ ယခု နိုဝင်ဘာလ ၁၉ရက်‌နေ့က တရားဝင်စာ ‌ပေးပို့အ‌ကြောင်းကြားခဲ့ပြီး‌နောက် ယခုလို ‌တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟု ‌တွေ့ဆုံပွဲကို ဦး‌ဆောင်ပါဝင် သူ လူမူထားအရပ်ဖက်အဖွဲ့အစည်း၏တာဝန်ခံ ‌နော်အဲလိဇဘက်‌ချောက ‌ပြောသည်။

၎င်းက “သူတို့(စစ်တပ်)က ဒီ‌မြေ‌တွေကို ၂၀၀၄ခုနှစ်ကတည်းက သိမ်းထားတာ။ ကျမတို့ ‌တွေ့ဆုံကြတဲ့ရည်ရွယ်ချက်က သူတို့ က တပ်ရင်းဧရိယာ‌ဆောက်လိုက်ပြီးလို့ ကျန်ရှိတဲ့‌မြေကို ‌ဒေသခံ‌တွေက ‌တောင်းတာ။ သူတို့ခြံခတ်ထားတဲ့ ကျန်တဲ့‌မြေ‌တွေကို ‌တောင်သူ‌တွေကို ပြန်စွန့်ဖို့ အဲ့လိုမျိုး‌ပေါ့။ ‌မြေ‌တွေက အများကြီးကျန်‌သေးတာ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်း‌တွေ့ဆုံပွဲတွင် တပ်မ‌တော်ဘက်မှ ဗိုလ်မှူး‌ကျော်နိုင်က လက်ရှိ သိမ်းယူထားသည့်‌မြေများကို တိုင်းမှူး၏ခွင့်ပြုချက် မရမချင်း ၎င်းတို့အ‌နေဖြင့် ပြန်လည်‌ပေးအပ်သွားရန်မရှိဘဲ ‌ဒေသခံများအ‌နေဖြင့် ခွင့်ပြုချက် မရဘဲ၊ ခြံ‌မြေအတွင်းသို့ ဝင်‌ရောက်လုပ်ကိုင် လျှင် ၎င်းတို့၏တာဝန်အရ လိုအပ်သည့် အ‌ရေးယူ‌ဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ‌ပြောဆိုခဲ့သည်ဟုလည်း ‌နော်အဲလိဇဘက်‌ချောက ‌ကေအိုင်စီသို့ တဆင့် ပြန်လည်ရှင်းပြသည်။

သို့‌သော် ခြံ‌မြေသိမ်းယူခြင်းခံရသည့် ခြံရှင်များအ‌နေဖြင့် ၎င်းတို့လုပ်ကိုင်စား‌သောက်ရန် ‌မြေ‌နေရာမရှိသည့်အတွက် အ‌ရှေ့ ‌တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ‌တွေ့ဆုံသွားရန်ဆန္ဒရှိသလို နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော် အပါအဝင် သက်ဆိုင်သည့် ဌာနဆိုင်ရာများသို့လည်း တိုင်ကြားစာများ‌ပေးပို့ထားပြီး ခြံ‌မြေအတွင်း ဝင်‌ရောက်လုပ်ကိုင်၍ အ‌ရေးယူမှုခံခဲ့ရလျှင်လည်း တရား ဥပ‌ဒေနည်းဖြင့် ရင်ဆိုင်သွားရန် ဆန္ဒရှိကြသည်ဟု ‌ဒေသခံများက ‌ပြောဆိုသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ‌ဆွေး‌နွေးပွဲအရ တပ်မ‌တော်မှသိမ်းယူထားသည့် ‌မြေဧကမှာ ‌ဒေသခံ ၆၀‌ကျော်၏ ခြံ‌မြေ ၃၉၅ဧကရှိ ပြီး ထိုအထဲတွင် ‌ပြေစာ‌ပေါက်‌မြေမှာ ၁၉၄.၉၅ဧကနှင့် ‌ပြေစာမ‌ပေါက်သည့်‌မြေမှာ ၂၀၀.၀၅ဧကရှိသည်။ ထို‌ပြေစာ‌ပေါက်‌မြေထဲမှ ၁၂၄.၂၅ဧကကို တစ်ဧကလျှင် ၆သိန်းကျပ်နှုန်းဖြင့် ‌လျော်‌ကြေး‌ပေးခဲ့ပြီး ‌လျော်‌ကြေး‌ပေးရန် ၇၀.၇ဧကသာကျန်ရှိ‌တော့‌ကြောင်း တပ်မ‌တော်ဘက်က ‌ပြောဆိုခဲ့‌သော်လည်း ‌ဒေသခံ‌မြေရှင်များက ‌ပြေစာ‌ပေါက်နှင့် ‌ပြေစာမ‌ပေါက်သည့် ‌မြေဧက ၂၇၀.၇၅ဧကကို သီးနှံ‌လျော်‌ကြေး‌ပေးသွားရန်နှင့် လုပ်ကိုင်စား‌သောက်ခွင့်ပြုသွားရန် ‌တောင်းဆိုထားခဲ့သည်ဟု ဦး‌ဆောင်ပါဝင်သူများ၏ ‌ပြောပြ ချက်အရ သိရသည်။

အဆိုပါ‌မြေသိမ်းဆည်းမှုတွင် ခြံ‌မြေအပြင် အိမ်ရာ‌မြေပိုင်ဆိုင်သူ ၁ဝဦးပါဝင်ခဲ့ပြီး ၎င်းတို့အနက် အိမ်‌မြေပိုင်ရှင် ၂ဦးမှာ အိမ်တန် ဖိုးမပါသည့် ‌မြေ‌နေရာ‌လျော်‌ကြေးကို လက်ခံရယူထားပြီးဖြစ်သည်။ ‌ဒေသခံခြံပိုင်ရှင်များအ‌နေဖြင့် လက်ရှိသိမ်းယူခံထားရသည့် ခြံ‌မြေထဲတွင် ၎င်းတို့စိုက်ပျိုးထားသည့် ဓညင်း၊ ဖာလာ၊ ‌ကော်ဖီ၊ လက်ဖက်ပင်များမှ ထွက်ရှိသည့် အသီးအနှံများကို ဝင်‌ရောက် ခူးယူလုပ်ကိုင်ခွင့် မရကြသည့်အပြင် ၎င်းသီးနှံများကို တပ်မ‌တော်တပ်ရင်းမှ ၎င်းတို့၏ တပ်တွင်းရံပုံ‌ငွေအဖြစ် သိမ်းဆည်းထားခဲ့ ပြီး ထိုအချိန်မှစ၍ တပ်စိုက်ပျိုး‌ရေးကို လုပ်ကိုင်‌ဆောင်ရွက်‌နေကြသည်ဟုလည်း ‌ဒေသခံများက ဆိုသည်။

‌မြေယာသိမ်းဆည်းခံရသူ လိပ်သိုမြို့ခံ ‌စော‌ကျော်ဝင်းရှိန်က “ကျ‌နော်ရဲ့ ‌ပြေစာ‌ပေါက်‌မြေဧက ၁၂ဧကနဲ့ ‌ပြေစာ မ‌ပေါက်တဲ့ ‌မြေ ဧက ၂၀‌ကျော် အသိမ်းခံလိုက်ရတယ်။ သူတို့တည်‌ဆောက်ထားတဲ့ တပ်စခန်းက ‌တောင်ထိပ်‌လောက်ပါပဲ။ ‌တောင်‌ခြေ‌တွေက ‌တော့ ပြည်သူ‌တွေလုပ်ကိုင်စား‌သောက်တဲ့ ဥယျာဉ်ခြံ‌မြေ‌တွေပါ။ ‌တောင်‌ပေါ်‌ဒေသမှာ ဆန်စပါးမထွက်ဘူး။ ခြံက‌နေထွက်တဲ့ သီးနှံ‌တွေကို ‌ရောင်းချပြီး‌တော့မှ ဆန်စပါးဝယ်စားရတဲ့ဘဝ‌တွေ။ အခုလို အသိမ်းခံရ‌တော့ စားဝတ်‌နေ‌ရေးအတွက် အခက်အခဲ ဖြစ်လာသလို သားသမီး‌လေး‌ယောက်ကိုလည်း အထက်တန်းပညာ‌ရေးကို မထား‌ပေးနိုင်‌တော့ဘူး။ ကျ‌နော်တို့က‌တော့ ‌မြေကိုပဲ ပြန်လိုချင်တယ်။ ‌ငွေကို မလိုချင်ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ခဲ့သည့် ‌တွေ့ဆုံပွဲသို့ တပ်မ‌တော်မှ(ခမရ-၆၀၃)တပ်ရင်း၏ ဒု-တပ်ရင်းမှူး ဗိုလ်မှူး‌ကျော်နိုင်နှင့် အလုပ်သမားအ ‌ရေးနှင့် ‌မြေယာအ‌ရေးကူညီ‌ဆောင်ရွက်‌ပေး‌နေသူ ‌လေဘာဦးမြင့်စိုး၊ ‌မြေယာထိန်းသိမ်း‌ရေးနှင့် သိမ်းဆည်းခံ လယ်ယာ‌မြေများ ပြန်လည်ရရှိ‌ရေး‌ကော်မတီမှ ‌စောဒိုထူး၊ လွှတ်‌တော်အမတ်၊ နယ်‌မြေခံ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူအ ချို့၊ လူမူထားအရပ်ဖက် အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ‌ဒေသခံခြံ‌မြေပိုင်ရှင်များစုစု‌ပေါင်း ၄၉ဦး တက်‌ရောက်ခဲ့ကြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ နယ်‌မြေခံ မြန်မာ့တပ်မ‌တော်မှ တာဝန်ရှိသူများကို ‌ကေအိုင်စီအ‌နေဖြင့် ဆက်သွယ်‌မေးမြန်းမှုမရရှိခဲ့‌ပေ။