Home သတင်း ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံလိုသူများကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖိတ်‌ခေါ်

ပြည်နယ်အတွင်းရင်းနှီးမြှုပ်နှံလိုသူများကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ဖိတ်‌ခေါ်

2218

နိုဝင်ဘာ ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံရန်စိတ်ပါဝင်စားသည့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများကို ပြည်နယ် အစိုးရ အ‌နေဖြင့် ပူး‌ပေါင်းကူညီ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်း ယ‌နေ့(နိုဝင်ဘာလ ၂၄ ရက်)တွင် ကျင်းပသည့် Karen State Investment Fair-2017 ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဖိတ်‌ခေါ် ‌ပြောကြားလိုက်သည်။

၎င်းက “ကရင်ပြည်နယ် အစိုးရအ‌နေနဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံလိုသူများ ကရင်ပြည်နယ်အတွင်း လာ ‌ရောက်လုပ်ကိုင်ကြရာမှာ အဆင်‌ပြေ‌ချော‌မွေ့‌စေ‌ရေးအတွက် လိုအပ်သည်များကို ပူး‌ပေါင်းကူညီ ‌ဆောင်ရွက် ‌ပေးသွားမှာဖြစ်ပါတယ်” ဟု ၎င်းရင်းနှီးမြှုပ်နှံမှုပြပွဲ အဖွင့်မိန့်ခွန်းတွင် ထိုသို့ထည့်သွင်း‌ပြောဆိုသည်။

ထို့အပြင် ကရင်ပြည်နယ်တွင် သဘာဝ သယံဇာတ‌ပေါကြွယ်ဝသည့်အပြင် ထိုင်း-မြန်မာကုန်သွယ်‌ရေးလမ်း ‌ကြောင်း‌ပေါ်တည်ရှိ‌နေပြီး ပို့‌ဆောင်ကုန်သွယ်‌ရေး လွယ်ကူအချက်အချာကျသည့်အတွက် ဟိုတယ်နှင့် ခရီး သွားလာ‌ရေးလုပ်ငန်း၊ စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူး ‌ရေးနှင့် ဆက်သွယ်‌ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် ‌ရွေးချယ်နိုင်‌ကြောင်းလည်း ဝန်ကြီးချုပ်က ဖိတ်‌ခေါ်သည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကရင်ပြည်နယ်အစိုးရ၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု‌ကော်မရှင်နှင့် ဂျပန် အပြည်ပြည် ဆိုင်ရာပူး ‌ပေါင်း‌ဆောင်ရွက်‌ရေး‌အေဂျင်စီ ( JICA )တို့ပူး‌ပေါင်းပြီး ကရင်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုမြှင့်တင်‌ရေးစီမံ ကိန်း၏ ကဏ္ဍတစ်ရပ်အ‌နေဖြင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ဝင်‌ရောက်လာနိုင်‌ရေး ကျင်းပခြင်းဖြစ်သည်ဟု သိရသည်။

ကရင်ပြည်နယ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ကျင်းပသည့် အဆိုပါ ရင်းနှီးမြှုပ်နှံမှုပြပွဲကို ဖားအံမြို့၊ သီရိဖားအံ ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့်အစိုးရအဖွဲ့ဝင်များ၊ မ‌ကွေး၊ မွန်၊ ကယား၊ ချင်းစသည့် တိုင်းနှင့်ပြည်နယ်များမှဝန်ကြီးချုပ်များ၊ NCA လက်မှတ်‌ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက် နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့များမှ ‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ကြသည်။

ထို့အပြင် ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ ဂျပန်စသည့် ပြည်ပနိုင်ငံများမှ ရင်းနှီး မြှုပ်နှံရန် စိတ်ပါဝင်စားသူများ၊ ပြည်တွင်းစီးပွား‌ရေး လုပ်ငန်းရှင်များ အပါအဝင် လူဦး‌ရေ ၆၃ဝ ‌ကျော် တက်‌ရောက်ခဲ့ကြပြီး ရင်းနှီးမြှုပ်နှံမှုပြပွဲ တွင် အစိုးရဌာနဆိုင်ရာနှင့် ပြည်တွင်းလုပ်ငန်းရှင်များပါဝင်ပြသသည့် ပြခန်း ၂၂ ခန်းကိုပါ ဖွင့်လှစ်ပြသထားသည်။

ယ‌နေ့ပြုလုပ်သည့် ပွဲတွင် ကရင်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာ‌ရေး၊ စွမ်းအင်နှင့်လျှပ်စစ်၊ ပို့‌ဆောင်ဆက်သွယ် ‌ရေး၊ သဘာဝသယံဇာတနှင့်ဓာတ်သတ္တုတူး‌ဖော်‌ရေးအခွင့်အလမ်းများ စိုက်ပျိုုး‌ရေးနှင့်ဖွံ့ဖြိုး‌ရေး စသည့်ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အခွင့်အလမ်းများအ‌ကြောင်းကို သက်ဆိုင်ရာလုပ်ငန်းရှင်များ အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများမှ ရှင်းလင်း တင်ပြမှုများပြုလုပ်ခဲ့ကြသည်။

မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ‌ကော်မရှင်ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာ‌ရေးဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌ကျော်ဝင်းက “တိုင်းရင်းသားညီအစ်ကို‌တွေအားလုံး တူညီတဲ့အ‌တွေးအမြင် ညီညွတ်မှု‌တွေနဲ့‌ဆောင်ရွက်လို့ရှိရင် ကျ‌နော်တို့ ကရင်ပြည် နယ်ကြီးဟာ အခြား‌သော‌ဒေသများနည်းတူ ရင်‌ဘောင်တန်းပြီး ဖွံ့ဖြိုးနိုင်တဲ့ အလားအလာ‌ကောင်း‌တွေ ရှိတယ်။ ကရင်ပြည် နယ်ကြီးဟာ သယံဇာတ‌မြောက်မြားစွာရှိတယ်။ ကျ‌နော်တို့ပိုင်ဆိုင်ထားတဲ့ ဥစ္စာဓန‌တွေကို စနစ်တကျ၊ မျှမျှတတနဲ့ရင်းနှီးလုပ်ကိုင်နိုင်ခဲ့လို့ရှိရင် တိုးတက်ကြမှာဖြစ်ပါတယ်” ဟု‌ပြောသည်။

၎င်းအပြင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်များရရှိ‌ရေးအတွက် ခရီး သွားလုပ်ငန်း အဖွဲ့များအ‌နေဖြင့် ဖိတ်‌ခေါ်မှုများပြုလုပ်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ချိတ်ဆက်ကာ သဘာဝအ‌ခြေခံခရီး သွားလုပ် ငန်းအား မြန်မြန်ဆန်ဆန် အ‌ကောင်အထည်‌ဖော်ရန် လိုအပ်‌ကြောင်းလည်း ဦး‌ကျော်ဝင်းက တိုက်တွန်း‌ပြော ဆိုသည်။

ကရင်ပြည်နယ်အတွင်း သဘာဝသယံဇာတ ‌ပေါကြွယ်ဝပြီး ငြိမ်းချမ်းမှုများရှိလာသည့်အတွက် ရင်းနှီးမြှုပ်နှံလိုသူများ စိတ် ဝင်စားမှုရှိ‌သော်လည်း ယ‌နေ့အထိ ပြည်နယ်အတွင်းရှိ လူငယ်အများစုမှာ အလုပ်အကိုင်အခွင့်လမ်းနည်းပါးမှု‌ကြောင့် တစ်ဖက်အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင်မှုများရှိ‌နေဆဲပင်ဖြစ်သည်။

ကရင်ပြည်နယ်အတွင်းပြုလုပ်သည့် ရင်းနှီး မြှုပ်နှံမှုပြပွဲကို နိုဝင်ဘာလ ၂၅ ရက်‌နေ့အထိ ဆက်လက် ကျင်းပသွား မည်ဖြစ်ပြီး အလားတူ ပြပွဲမျိုးကို မန္တ‌လေးတိုင်း‌ဒေသကြီးနှင့် သျှမ်းပြည်နယ်များတွင် အသီးသီး ပြုလုပ်ခဲ့ပြီဖြစ်‌ကြောင်း သိရသည်။