Home သတင်း နယ်‌မြေခံ အပစ်ရပ်‌စောင့်ကြည့်သူများ လုံခြုံ‌ရေးအတွက် နှစ်ဖက်တာဝန်ခံ‌ပေးရမည်ဟု ‌ကေအဲန်ယူ‌ပြော

နယ်‌မြေခံ အပစ်ရပ်‌စောင့်ကြည့်သူများ လုံခြုံ‌ရေးအတွက် နှစ်ဖက်တာဝန်ခံ‌ပေးရမည်ဟု ‌ကေအဲန်ယူ‌ပြော

2654
၁၃ ကြိမ်‌မြောက် JMC_Uအစည်းအ‌ဝေး ( Photo_KIC)

နိုဝင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

လက်နက်ကိုင်ပဋိပက္ခ အ‌တွေ့အကြုံများ‌ကြောင့် အ‌ကြောက်တရားလွှမ်းမိုး‌နေသည့် နယ်‌မြေခံအရပ်သား အပစ် ရပ်‌စောင့် ကြည့်သူများကို JMC လုပ်ငန်းစဉ်တွင် ရဲရဲတင်းတင်းပါဝင်လာနိုင်ရန် လက်နက်ကိုင်နှစ်ဖက်အဖွဲ့က တာဝန်ခံ‌ပေးရမည်ဟု ‌ကေအဲန်ယူမှ JCM-U ဒုဥက္ကဌ ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးက ရန်ကုန်မြို့ NRPC ရုံး၌ နိုဝင်ဘာ ၂ဝ ရက် နံနက်ပိုင်းတွင်ပြုလုပ်သည့် ၁၃ ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးတွင် ‌ပြောသည်။

၎င်းက “ ‌အောက်‌ခြေ JMC-L မှာပါဝင်တဲ့ အရပ်သားကိုယ်စားလှယ်‌တွေနဲ့ နယ်‌မြေခံ အရပ်သား‌စောင့်ကြည့်သူ ‌တွေအ တွက် စွန့်စားမှုနဲ့စိန်‌ခေါ်မှုက ကြီးပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့လက်နက်ကိုင်နှစ်ဖွဲ့ကြား ပဋိပက္ခ ဖြတ်သန်းမှု အ‌တွေ့အကြုံ‌တွေ‌ကြောင့် အ‌ကြောက်တရားက သူတို့ကို လွှမ်းမိုးထားပါတယ်။ ဒါ‌ကြောင့် သူတို့အတွက် လုံခြုံမှုနဲ့ JMC လုပ်ငန်းစဉ်‌တွေမှာ ရဲရဲတင်းတင်းနဲ့ ပါဝင်လာနိုင်ဖို့အတွက် ကျ‌နော်တို့ လက်နက်ကိုင် နှစ်ဖွဲ့စလုံးက တာဝန်ယူတာဝန်ခံ လုပ်‌ပေးရမှာ ဖြစ်ပါတယ်” ဟု အခမ်းအနား အမှာစကားတွင် ထည့်သွင်း ‌ပြောဆိုသည်။

ထို့အပြင် တချိန်တည်းမှာပင် စစ်‌ဘေးဒဏ်ခံစားခဲ့ရသည် နယ်‌မြေခံ ပြည်သူလူထုများအ‌နေဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) အ‌ကောင်အထည်‌ဖော်မှုကို ယုံကြည်၊ ‌ထောက်ခံ မှုအပြည့်အဝရှိမှသာ JMC လုပ်ငန်းစဉ်များ‌အောင်မြင်သည်ဟု ‌ပြောဆိုနိုင်မည်ဖြစ်‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ JMC-U ၏ ၁၃ ကြိမ်‌မြောက် အစည်းအ‌ဝေးကို နိုဝင်ဘာ ၂ဝမှ ၂၂ ရက်ထိ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ပြီး အစည်းအ‌ဝေးတွင် ‌ကော်မတီလုပ်ငန်းဆိုင်ရာ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်မှုနှင့် ဆက်လက်လုပ်‌ဆောင်မည့် လုပ် ငန်းစဉ်‌တွေကို အဖွဲ့အလိုက်အ‌ကျေအလည်‌ဆွေး‌နွေးသွားမည်ဟု JMC-U ဥက္ကဌ၊ တပ်မ‌တော်မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ‌ပြောသည်။

“ NCA ရဲ့ရည်မှန်းချက်ဟာ ထာဝရငြိမ်းချမ်း‌ရေးဖြစ်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်‌တွေ စွန့်လွှတ်ပြီး‌တော့မှ ဒီဘက်က ကျ‌နော်တို့ ‌ရွေး‌ကောက်ပွဲ လမ်းစဉ်‌ပေါ်ကို ‌ရောက်ရှိဖို့အတွက် နိုင်ငံ‌ရေးဆိုင်ရာ‌တွေ့ဆုံ‌ဆွေး‌နွေးပြီး အ‌ဖြေရှ ‌ဆောင်ရွက် သွားဖို့ လိုအပ်ပါတယ်။ ဒါကျ‌နော်တို့အတွက် အဓိက ရည်မှန်းချက်ဖြစ်ပါတယ်။ ရည်မှန်းချက်ကို သွားဖို့အတွက် JMC ဟာ ‌တွေ့ဆုံတိုက်ခိုက်မှု‌တွေမရှိ‌အောင် တဖက်နဲ့တဖက် တိုက်ပွဲ‌တွေ မဖြစ်‌အောင် သက်ဆိုင်ရာ ‌ကော်မတီအလိုက် ‌စေ့စပ်ညှိ နှိုင်းတဲ့ပုံစံနဲ့ ညှိနှိုင်း‌ဖြေရှင်းသွားတာ ဖြစ်ပါတယ်” ဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ‌ပြောသည်။

JMC-U ဒုဥက္ကဌ အရပ်သားကိုယ်စားလှယ် Rev. ‌စောမက်သရူး‌အေးကလည်း အပစ်ရပ်‌စောင့်ကြည့်‌ရေး လုပ်ငန်းစဉ်တွင် အရပ်သားကိုယ်စားလှယ်များအ‌နေဖြင့် သမာသမတ်ကျစွာ ပါဝင်လုပ်‌ဆောင်‌နေသလို နှစ်ဖက်အဖွဲ့ကို ‌စောင့်ကြည့်နိုင်‌ရေး အတွက် အရပ်သားကိုယ်စားလှယ်များ စွမ်းရည် မြှင့်ရန်လိုအပ်ပြီး အစည်းအ‌ဝေး ၁၂ ကြိ်မ်နှင့် ၁၃ကြိမ်‌မြောက် ကြားကာလ အတွင်း အရပ်သားကိုယ်စား လှယ်များ စွမ်းရည်မြှင်‌ဆွေး‌နွေးပွဲများ လုပ်‌ဆောင်နိုင်ခဲ့သည်ဟု ‌ပြောသည်။

သုံးရက်ကြာပြုလုပ်မည့် အစည်းအ‌ဝေးတွင် ‌ကော်မတီလုပ်ငန်း‌ဆောင်တာများ၊ ပထဝီဝင်အချက်အလက် စီမံခန့် ခွဲမှု လုပ်ထုံးလုပ်နည်း(မူကြမ်း)၊ စိစစ်အတည်ပြု‌ရေးလုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွင် ထပ်မံဖြည့်သွင်းမည့် အချက်များ (မူကြမ်း) ‌ဆွေး‌နွေးအတည်ပြုသွားမည်ဖြစ်သည်။

၎င်းအပြင် JMC-L လင်း‌ခေးတွင် အဖွဲ့ဝင် တဦးစီ တိုးမြှင့်‌ရေး၊ ‌ကော်မတီဘတ်ဂျက် ကိစ္စ၊ ‌ကော်မတီဝင်များ ပြည်ပ‌လေ့ လာ‌ရေးခရီးစဉ်နှင့် မိုင်းရှင်းလင်း‌ရေးကိစ္စ တင်ပြခြင်းများ ပြုလုပ်သွားမည်ဖြစ်သလို ယခုအစည်းအ‌ဝေးသို့ JMC-S အဖွဲ့ဝင် အချို့လည်းပါဝင် တက်‌ရောက် လျက်ရှိ‌ကြောင်း ‌ကော်မတီဝင်များထံမှ သိရသည်။