Home သတင်း ကရင်ဦး‌ဆောင်‌သော နယူးဇီလန်အမျိုးသား ပိုက်‌ကျော်ခြင်းအသင်း ထိုင်းတွင် လာ‌ရောက်ယှဉ်ပြိုင်မည်

ကရင်ဦး‌ဆောင်‌သော နယူးဇီလန်အမျိုးသား ပိုက်‌ကျော်ခြင်းအသင်း ထိုင်းတွင် လာ‌ရောက်ယှဉ်ပြိုင်မည်

2408
နယူးဇီလန်အမျိုးသား ပိုက်‌ကျော်ခြင်း၏ အသင်း‌ခေါင်း‌ဆောင် ‌စောအဲ့မျိုးဦး (Photo_Eh Myo Oo FB)

နိုဝင်ဘာ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်လူငယ်များဦး‌ဆောင်‌သော နယူးဇီလန်အမျိုးသားပိုက်‌ကျော်ခြင်းအသင်းသည် ၃၂ ကြိမ်‌မြောက် ထိုင်း ဘုရင့်ဖလား နိုင်ငံတကာပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်မည်ဖြစ်‌ကြောင်း နယူးဇီလန်အသင်း တာဝန်ရှိသူမှ နိုဝင်ဘာလ ၂ဝ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

နယူးဇီလန်နိုင်ငံ ခြင်းလုံးသမိုင်းတွင် ပထမဦးဆုံးအသင်းဖြစ်သည့် နယူးဇီလန်အမျိုးသား ပိုက်‌ကျော်ခြင်းအသင်းကို ‌စောအဲ့မျိုးဦးနှင့် ‌စောချစ်မိုးတို့ ကရင်လူငယ်နှစ်ဦးဖြင့် စတင်ဖွဲ့စည်းထားကာ နှစ်‌ယောက်တွဲ(Double ) ပြိုင်ပွဲတွင် ယှဉ်ပြိုင် သွားမည်ဖြစ်‌ကြောင်း နယူးဇီလန်အသင်း‌ခေါင်း‌ဆောင် ‌စောအဲ့မျိုးဦးက ယခုလို‌ပြောသည်။

̏ ပထမဆုံး ပွဲဦးထွက် နိုင်ငံတကာပွဲဖြစ်လို့ အများကြီး ‌မျှော်လင့်လို့မရဲ‌ပေမယ့် အ‌ကောင်းဆုံး‌တော့ ကြိုးစားသွားမယ်။ ငယ်ငယ်က အိပ်မက်ထားသလို နိုင်ငံတကာလက်‌ရွေးစင်‌တွေနဲ့ ခြင်းလုံးတူတူ ကစားရမယ်ဆို‌တော့ အရမ်း စိတ်လှုပ်ရှား ပါတယ်။ အား‌ပေးတဲ့ ပရိဿတ်‌ကြောင့် ကျ‌နော်တိုု့ အဓိက ခွန်အား ဖြစ်‌နေတဲ့အတွက် ဆက်လက်အား‌ပေးပါလို့။ အားလုံးကို ‌ကျေးဇူးတင်ပါတယ်လို့ ‌ပြောချင်ပါတယ်။˝ဟု ‌ပြောသည်။

အသင်းဖြစ်‌မြောက်‌ရေးအတွက် နယူးဇီလန် ကရင်အဖွဲ့အစည်း- New Zealand Karen Association from Palmerston North (NZKA) မှတဆင့် နယူးဇီလန်အစိုးရ၊ အားကစားတာဝန်ရှိသူများနှင့်‌တွေ့ဆုံပြီး တရားဝင် နယူးဇီလန်အမျိုးသား ပိုက်‌ကျော်ခြင်းအသင်းအဖြစ် အားကစားဝန်ကြီးဌာနမှ နိုဝင်ဘာလထဲတွင် အသိအမှတ် ပြုလိုက်ခြင်းဖြစ်သည်ဟု ‌စောအဲ့မျိုးဦးက ဆက်‌ပြောသည်။

ဒီဇင်ဘာ ၁၁ မှ ၁၇ ရက်‌နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၊ Fashion Island Shopping Center၌် ယှဉ်ပြိုင်သွားမည့် ယခုပြိုင်ပွဲတွင် အမျိုးသား၊ အမျိုးသမီး (အသင်းလိုက်၊ Regu၊ နှစ်‌ယောက်တွဲ၊ Hoop) ပြိုင်ပွဲများ ထည့်သွင်းကျင်းပ သွားမည် ဖြစ်‌ကြောင်း ဦး‌ဆောင်ကျင်းပသည့် ထိုင်းနိုင်ငံ၊ ခြင်းလုံး အဖွဲ့ချုပ်မှ နိုဝင်ဘာ ၁၃ ရက်‌နေ့က ထုတ်ပြန်ထားသည်။

နယူးဇီလန်အသင်းအ‌နေဖြင့် ‌စောအဲ့မျိုးဦး နှင့် ‌စောချစ်မိုးတို့နှစ်ဦးသည် နိုဝင်ဘာ ၂၇ ရက်‌နေ့တွင် ထိုင်းနိုင်ငံ သို့ ‌ရောက်ရှိလာမည်ဖြစ်ပြီး နှစ်စဉ်ကျင်းပသည့် ယခုပြိုင်ပွဲတွင် နိုင်ငံ‌ပေါင်း (၃၀) ‌ကျော်မှ ဝင်‌ရောက်ယှဉ်ပြိုင်မည် ဟုလည်း သိရသည်။

ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့အ‌ခြေစိုက် ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု ‌စောင့်‌ရှောက်‌ရေးအဖွဲ့-OKRSO ၏ တွဲဘက်အတွင်း‌ရေးမှူး (၂) ‌စောအဲသိုလ်က“ ဒီကိစ္စကို ကျ‌နော် ‌သေ‌သေချာချာ မသိရ‌သေးဘူး‌ပေါ့‌နော်။ ဒါ‌ပေမယ့်လို့ မြန် မာနိုင်ငံ ကိုယ်စားပြုတဲ့ ‌ဘောလုံးပွဲတို့ဆို ကျ‌နော်တို့ အမြဲတမ်းသွားပြီး အား‌ပေးခဲ့ပါတယ်။ အခု ကျ‌နော်တို့ ကရင်အမျိုး သား‌တွေ လာယှဉ်ပြိုင်မယ်ဆို‌တော့ အချိန်ရရင်ရသလို သွားအား‌ပေးမှာပါ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောအဲ့မျိုးဦးသည် ၂၀၁၇ခုနှစ်၊ ဇွန်လ ၁၁ရက်‌နေ့က ဩစ‌တြေးလျားနိုင်ငံ၊ ကဲန်ဘာရာမြို့၌ ပြုလုပ်‌သော ၅ကြိမ်‌မြောက် နိုင်ငံလုံးဆိုင်ရာ ပိုက်‌ကျော်ခြင်းပြိုင်ပွဲတွင် နယူးဇီလန် လူငယ်အသင်းအ‌နေနဲ့ သွား‌ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုအပြင် တစ်ဦးချင်း အ‌ကောင်းဆုံးဆုကိုပါ ရရှိထားခဲ့သူဖြစ်သည်။

ကရင်ပြည်ဖွား ‌စောအဲ့မျိုးဦး နှင့် ‌စောချစ်မိုးတို့သည် ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ကရင်ဒုက္ခသည်စခန်းများမှတဆင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR ၏ အစီအစဉ်ဖြင့် နယူးဇီလန်နိုင်ငံသို့ ၂၀၁၆ခုနှစ် အ‌စောပိုင်းတွင် ‌ပြောင်း‌ရွှေ့‌နေထိုင်ခဲ့သူများဖြစ်သည်။