Home သတင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးပြုံးချိုအား အဂတိလိုက်စားမှုဖြင့် အ‌ရေးယူခံရ

ကရင်ပြည်နယ် အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးပြုံးချိုအား အဂတိလိုက်စားမှုဖြင့် အ‌ရေးယူခံရ

1282

ဇူလိုင် ၁၇ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်း‌ရေးမှူး ဦးပြုံးချိုအား အဂတိလိုက်စားမှုဖြင့် အ‌ရေးယူခံရသည်ဟု ကရင်ပြည်နယ် ပြန်ကြား‌ရေး တာဝန်ခံဝန်ကြီး ဦး‌တေဇထွဋ်လှိုင်‌ထွေးက ဇူလိုင်လ ၁၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ အတည်ပြု‌ပြောကြားသည်။

ဝန်ကြီးက “ဟုတ်ပါတယ်။ သူ့ကို မ‌နေ့ည‌နေက သူ့ကို စစ်‌ဆေးဖို့ဆိုပြီး‌တော့ ရန်ကုန်က အဖွဲ့‌တွေက လာ‌ခေါ်ယူသွားတယ်။ အခု ရန်ကုန်‌ထောင်မှာ ‌ရောက်‌နေပြီး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးပြုံးချိုသည် ယခင်အစိုးရ လက်ထက်၌ အဂတိလိုက်စားခဲ့သည့်အမှုဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး ‌ကော်မရှင်က အ‌ရေးယူခြင်းဖြစ်ပြီး ယခု အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) အစိုးရသစ် လက်ထက်အမှု မဟုတ်‌ကြောင်း ဝန်ကြီးဦး‌တေဇထွဋ်လှိုင်‌ထွေးက ဆက်‌ပြောသည်။

ယခင်တွင် ပြည်ထဲ‌ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူးတစ်ဦးဖြစ်သူ ဦးပြုံးချိုသည် ၂၀၁၇ ခုနှစ်၊ ‌မေလတွင် ချင်းပြည် နယ်မှ ကရင်ပြည်နယ်သို့ ‌ရောက်ရှိလာပြီး ကရင်ပြည်နယ်အစိုးရ အဖွဲ့မှ အတွင်း‌ရေးမှူး တာဝန်ကို ထမ်း‌ဆောင်ခဲ့သူဖြစ်သည်။

ပြည်ထဲ‌ရေးဝန်ကြီးဌာနမှ ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်း‌ရေးမှူး ဦးပြုံးချိုအပါအဝင် အရာရှိ ငါးဦးအား အဂတိလိုက်စားမှု တိုက်ဖျက်‌ရေး ‌ကော်မရှင်က ယခု ဇူလိုင်လ ၁၆ ရက်‌နေ့တွင် ဖမ်းဆီးလိုက်သည်ဟု သိရသည်။