Home သတင်း ‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ကွယ်လွန်ခြင်း (၃) နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ကျင်းပ

‌ကေအဲန်ယူ ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ကွယ်လွန်ခြင်း (၃) နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ကျင်းပ

1710

ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ‌ဟောင်း၊ ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ကွယ်လွန်ခြင်း (၃) နှစ်ပြည့် ‌အောက်‌မေ့ဖွယ် ဘုရားဝတ်ပြုဆု‌တောင်းခြင်း အခမ်းအနားကို ယ‌နေ့(ဇွန်လ ၂၆ ရက်)တွင် ကျန်ရစ်သူ မိသားစုဝင်များက ထိုင်း-မြန်မာနယ်စပ်၊ မယ်‌ဟောင်‌ဆောင်ခရိုင်၊ မဲ့စရင်းယန်းမြို့နယ်ရှိ ၎င်းတို့၏ ‌နေအိမ်၌ ကျင်းပခဲ့သည်။

ကွယ်လွန်ခဲ့‌သော ကရင်‌တော်လှန်‌ရေး‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ‌စောတာမလာ‌ဘော၏ ကရင်တစ်မျိုးသားလုံး အတွက် အဖိနှိပ်ခံဘဝမှ လွတ်‌မြောက်ရန်ကြိုးပမ်းမှုအ‌ပေါ် သတိရ‌သောအားဖြင့် ‌အောက်‌မေ့ဖွယ် ဘုရားဝတ်ပြု ဆု‌တောင်းပွဲ အခမ်း အနားအား ပြုလုပ်ခြင်းရဖြစ်သည်ဟု သမီးဖြစ်သူ ‌ကေအဲန်ယူ ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “သူ(ဗိုလ်ချုပ်ကြီး ‌စောတာမလာ‌ဘော)ဟာ လူငယ်ဘဝကစလို့ အသက်ဆုံးတဲ့အထိ အမျိုးသား တန်းတူ‌ရေးအတွက် အခက်အခဲ‌တွေကြားက ‌ပေးဆပ်‌တော်လှန်ခဲ့တယ်။ အဲဒီအတွက် ကျန်ရစ်တဲ့ မိသားစုု ‌တွေက ‌အောက်‌မေ့တဲ့အ‌နေနဲ့ ဝတ်ပြုပွဲကိုု ပြုလုုပ်ရတာဖြစ်တယ်။ သူ့ရဲ့‌ကျေးဇူးကို ‌အောက်‌မေ့ရင် အခုထိ မ‌အောင်မြင်‌သေးတဲ့ အမျိုးသားလွတ်‌မြောက်‌ရေးအတွက် တစ်‌ထောင့် တစ်‌နေရာက‌နေ ပူး‌ပေါင်းပါဝင်‌ပေးကြပါလို့ တိုက်တွန်းချင်ပါတယ်”ဟု ‌ပြောသည်။

ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် အသက် (၉၄) နှစ်အရွယ်တွင် ထိုင်း-မြန်မာနယ်စပ်ရှိ ၎င်း၏ ‌နေအိမ်၌ လူကြီး‌ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ယခု ‌အောက်‌မေ့ဖွယ် ဘုရားဝတ်ပြု ဆု‌တောင်းပွဲ အခမ်းအနားတွင် ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘော၏ ရပ်‌ဝေး၊ ရပ်နီးမှ အသိမိတ်‌ဆွေများ၊ ‌တော်လှန်‌ရေး လုပ်‌ဖော်ကိုင်ဖက်များနှင့် မိသားစု ဝင်များအပါအဝင် စုစု‌ပေါင်း လူဦး‌ရေ ၂၀ဝ ဝန်းကျင် တက်‌ရောက် ဝတ်ပြုဆု‌တောင်းခဲ့ကြသည်ဟု သိရသည်။

အဆိုပါ ‌အောက်‌မေ့ဖွယ် အခမ်းအနားသို့ တက်‌ရောက်ခဲ့သူ ကရင်ဒုက္ခသည်‌ကော်မတီမှ ‌နော်ဘလူးမင်းနိုက်ဇန်က “အဖိုးရဲ့ တိုင်းပြည်နဲ့ လူမျိုးအ‌ပေါ် သစ္စာရှိရှိ ‌ပေးဆပ်‌တော်လှန်ခဲ့တဲ့ အ‌ကြောင်း‌တွေ ကြားရတဲ့ခါ စိတ်ဓာတ်မကျပဲ ဆက်လက်လုပ် ရမယ့် အရာ ၊ ဆက်လုပ်ရမယ်ဆိုတဲ့သ‌ဘောကိုသိလို့ လာတဲ့လူတိုင်းအကျိုးရှိတယ်လို့မြင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်‌နေ့တွင် ကွယ်လွန်ခဲ့‌သော ဗိုလ်ချုပ်ကြီး‌စောတာမလာ‌ဘောသည် ကရင်လက်နက်ကိုင် ‌တော်လှန်‌ရေး စတင်ချိန် (၁၉၄၉)ခုနှစ်မှ စတင်ကာ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတွင် တာဝန်ထမ်း ‌ဆောင်ခဲ့ပြီး အမျိုးသားလွတ်‌မြောက်‌ရေး၊ တိုင်းရင်းသားတန်းတူ‌ရေးနှင့် ဒီမိုက‌ရေစီအ‌ရေးတို့တွင် တိုင်းရင်းသား ‌တော်လှန်‌ရေး အင်အား စုများနှင့်အတူ နှစ်‌ပေါင်း (၆၀) ‌ကျော် ဦး‌ဆောင် ‌တော်လှန်တိုက်ပွဲဝင်ခဲ့သူဖြစ်သည်။