Home သတင်း မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်းဖြစ်‌ရေး ကြိုးပမ်းမှု ပွင့်လင်းရန် လိုအပ်ဟု မင်းလွင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့‌ပြော

မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ စီမံကိန်းဖြစ်‌ရေး ကြိုးပမ်းမှု ပွင့်လင်းရန် လိုအပ်ဟု မင်းလွင်သဘာဝ ပတ်ဝန်းကျင်အဖွဲ့‌ပြော

1698

ဇွန် ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မင်းလွင်‌တောင်၌ ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်‌ရေး စီမံကိန်းဖြစ်‌မြောက်‌ရေး အတွက် ‌ဒေသခံများထံ သ‌ဘောတူညီလက်မှတ်ရရှိရန် ကြိုးပမ်းရာ၌ ပွင့်လင်းရန် လိုလား‌ကြောင်း မင်းလွင် ‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးအဖွဲ့က ဇွန် ၂၆ ရက်‌နေ့တွင် ‌ပြောဆိုလိုက်သည်။

မင်းလွင်‌ဒေသရှိ ‌ကျေးရွာ ၁၂ ရွာကို ဇွန် ၃ ရက်‌နေ့က နယ်ခံ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများ၏ တာဝန်‌ပေးမှုဖြင့် စီမံကိန်းအ‌ပေါ် သ‌ဘောတူလက်မှတ်‌ကောက်ခံခဲ့မှုတွင် လက်မှတ် လုံးဝ မထိုးသည့် ‌ကျေးရွာ ‌လေးရွာရှိသလို ကျန်လက်မှတ်ထိုးသည့် ‌ဒေသခံများသည် စီမံကိန်း၏ ‌ကောင်းကျိုး၊ ဆိုးကျိုးများ သိရှိရန် လိုအပ်‌ကြောင်း မင်းလွင်‌ဒေသ သဘာပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးအဖွဲ့ ဒုဥက္ကဌ ‌နော်သန်းစိန်က ‌ပြောဆိုသည်။

“အဲဒီ လက်မှတ်‌ကောက်ခံမှုမှာ လက်မှတ်မထိုးတဲ့ ရွာ‌တွေက အနည်းစု‌ပေါ့‌နော်။ ဒါ‌ပေမဲ့ သူတို့ မထိုးတာက လုပ်မယ့် စီမံကိန်းနဲ့ပတ်သက်ပြီး ‌ရှေ့ဆက် ဘာဆက်ဖြစ်မလဲ စိုးရိမ်ကြလို့ ဖြစ်တယ်။ ဖွံ့ဖြိုးတိုးတက်ဖို့ ‌ဒေသခံတိုင်း လိုလားမှာပဲ။ ‌ဒေသခံ‌တွေကို ပွင့်ပွင့်လင်းလင်း ချပြ‌ပေးဖို့ လိုတာ‌ပေါ့”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်မှတ်‌ကောက်ခံရာ၌ မင်းလွင်ရွာကြီး (‌မောင်‌လေးတ‌ဝေါဖာဒို့)၊ ပန်းသာ (‌မောင်‌လေးတ‌ဝေါဖိုး)၊ ‌ကျောင်း ရွာ(ထီးဖိုး‌သေ့)၊ အင်းရွာ(နို့ပလယ်ပလူ)‌ကျေးရွာတို့ မထိုးဘဲ ‌နေခဲ့ပြီး အလယ်ရွာ (ကာ့တ‌ဒေါ့်နီ)၊ ပိန္နဲ‌တော ‌အောက်ရွာ(ပနွယ်ကလားတ‌ဝေါလာ)၊ ပိန္နဲ‌တောအထက်ရွာ(ပနွယ်ကလား တ‌ဝေါထာ)၊ ပုရစ်ခို (လားခိုး)၊ ထီး‌မော(‌မောကလိုး)နှင့် ပအိုဝ်းစု(‌တောသူးကလား) စသည့် ‌ကျေးရွာများမှ ‌ဒေသခံအများစုမှာ လက်မှတ် ထိုးခဲ့‌ကြောင်း သိရသည်။

လက်မှတ်ထိုးခဲ့သည့် ‌ကျေးရွာနှင့် ပတ်သက်၍ ‌ဒေသခံဖြစ်သူ ‌စောမြဒင်က “ကျ‌နော်သိသ‌လောက်ဆိုရင် လက်မှတ်‌ကောက်ခံတဲ့ ရွာ‌တွေမှာ တရွာနဲ့တရွာ မတူဘူး။ အဲဒီရွာထဲက တချို့ဆိုရင် အိမ်‌ထောင်စုစာ ရင်းသာ ယူပြီး သ‌ဘောတူ‌ကြောင်း ထည့်တာ ရှိတယ်။ တချို့ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်တဲ့သူ‌တွေ ကိုလည်း သ‌ဘောတူထဲမှာ ထည့်တာရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မင်းလွင်‌တောင်၌ ဘိလပ်‌မြေစက်ရုံတည်‌ဆောက်‌ရေးစီမံကိန်း မလုပ်ရန် ‌ဒေသခံ ၉၀ဝ ‌ကျော် လက်မှတ် ထားသည့် အသနားခံစာတစ်‌စောင်ကို မင်းလွင်‌ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ‌စောင့်‌ရှောက်‌ရေး ‌ကော်မတီမှ ‌ကေအဲန်ယူ ဗဟိုအပါအဝင် သထုံခရိုင်၊ သထုံမြို့နယ်နှင့် ‌မောင်‌လေး‌ကျေးရွာအုပ်စု စသည့် သက်ဆိုင်ရာများထံသို့ ‌မေလ ၂၇ ရက်‌နေ့က ‌ပေးပို့ထား‌သော်လည်း ယခုအချိန်ထိ တစုံတရာ တုန့်ပြန်မှုများ မရရှိ‌သေး‌ကြောင်း သိရသည်။

မင်းလွင်‌တောင်ကို ဓာတ်သတ္တုစမ်းသပ်တိုင်းတာကာလအဖြစ် ဖြူမင်းထွန်းကုမ္ပဏီအား ၂၀၁၅ခုနှစ် ဧပြီ ၂၂ ရက်မှ ၂၀၁၆ ဧပြီ ၂၁ ရက်‌နေ့အထိနှင့် ဖြစ်‌မြောက်နိုင်စွမ်း‌လေ့လာရန် ကာလအဖြစ် ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၂ ရက်မှ ၂၀၁၇ ခုနှစ် ဧပြီ ၂၂ ရက်‌နေ့အထိဖြစ်‌ကြောင်း မြန်မာအစိုးရ သတ္တုတွင်းဝန်ကြီးဌာနမှ ဓာတ်သတ္တုစမ်းသပ် တိုင်းတာရန်နှင့် ဖြစ်‌မြောက် နိုင်စွမ်း‌လေ့လာရန် ခွင့်ပြုမိန့်စာကို ၂၀၁၅ခုနှစ်၊ ဧပြီ ၂၃ ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

ကုမ္ပဏီက စမ်းသပ်ကာလဆို‌သော်လည်း ‌ကျောက်ထုတ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်သည့် ‌ဒေသခံများ ကန့်ကွက်လာကာ ‌ကေအဲန်ယူ ဗဟိုသို့ တိုင်ကြားခဲ့သည်။ ထို့‌နောက် ၂၀၁၆ ခုနှစ်၊ ဧပြီ ၂၂ ရက်‌နေ့ ‌ကေအဲန်ယူ ဗဟို စီးပွား‌ရေး‌ကော်တီမှ မင်းလွင်‌တောင် ဘိလပ်‌မြေစက်ရုံ တည်‌ဆောက်မည့် စီမံကိန်းနှင့် ‌ကျောက်ထုတ်လုပ်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်သည့် အသိ‌ပေးအ‌ကြောင်းကြားစာတစ်‌စောင်ကို ဖြူမင်းထွန်းကုမ္ပဏီထံသို့ ‌ပေးပို့‌ကြောင်း ထုတ်ပြန်ခဲ့သည်။

ထိုသို့ ‌ကေအဲန်ယူ စာထုတ်ပြန်ပြီး‌နောက် ‌ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စု‌ပေါင်း၍ ‌မေလကုန်ပိုင်းတွင် မင်းလွင်‌ကျောက်ထုုတ်လုပ်‌ရေးလုပ်ငန်း ရပ်ဆိုင်း‌ကြောင်း လက်မှတ်ထိုး ထုတ်ပြန်သဖြင့် ယခုအချိန်ထိ လုပ်ငန်းရပ်ဆိုင်းထားလျှက်ရှိသည်။

သို့‌သော် မင်းလွင်‌တောင်၌ ပြုလုပ်မည့် စီမံကိန်းအ‌ပေါ် ‌ဒေသခံများ၏ ဆန္ဒသ‌ဘောထားကို ထပ်မံ သိ‌စေရန် ယခုနှစ် ဧပြီလက ‌ကေအဲန်ယူ သထုံခရိုင် ဥက္ကဌ ပဒို ‌စောကိုလင်း ဦး‌ဆောင်သည့်အဖွဲ့က မင်းလွင်‌ဒေသရှိ ‌ကျေးရွာ‌ပေါင်း ၁၄ ရွာမှ ရပ်မိရပ်ဖများ၊ ဖြူမင်းထွန်းကုမ္ပဏီ တာဝန်ရှိသူအချို့နှင့် လူမှုအရပ်ဘက်အဖွဲ့ အချို့အား မင်းလွင်‌တောင်‌ခြေအနီး ထီးညာလူ‌ကျေးရွာ ဘုန်း‌တော်ကြီး ‌ကျောင်း၌ ‌တွေ့ဆုံခဲ့သည်။