Home သတင်း နယ်စပ်ရှိမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌အောင်ချက် အနည်းငယ် ကျဆင်း

နယ်စပ်ရှိမြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌အောင်ချက် အနည်းငယ် ကျဆင်း

1582

ဇွန် ၁၉ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

၂၀၁၆-၂၀၁၇ပညာသင်နှစ် မြန်မာနိုင်ငံ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုကြသည့် ထိုင်း-မြန်မာနယ်စပ်၊ မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း၏ ‌အောင်ချက်မှာ ယခင်နှစ်ထက် အနည်းငယ် ကျဆင်းသွား‌ကြောင်း မြန်မာ ‌ရွှေ့‌ပြောင်းအလုပ်သမားများဆိုင်ရာ ပညာ‌ရေး‌ကော်မတီ-BMWEC ထံမှ သိရသည်။

မြဝတီမြို့နယ်၊ မြဝတီမြို့ အထက(၁) စာစစ်ဌာနတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းနှစ်‌ကျောင်းဖြစ်သည့် ဆာသူး‌လေနှင့် ‌သွေးသစ်‌ကျောင်းတို့မှ ယခင် ၂၀၁၅-၁၆ ပညာသင်နှစ်၌ ‌ကျောင်းသား‌ပေါင်း ၁၀၁ဦး ဝင်‌ရောက်‌ဖြေဆိုရာတွင် ၁၇ဦး‌အောင် မြင်ခဲ့ပြီး ယခုနှစ် ပညာသင်နှစ်၌ ၁၀၁ဦး ဝင်‌ရောက်‌ဖြေဆိုရာတွင် ၁၆ဦးသာ ‌အောင်မြင်သည့်အတွက် ‌အောင်ချက် ကျဆင်း ရသည့် အ‌ခြေအ‌နေကို BMWEC ၏ ပြည်တွင်းပညာ‌ရေးတာဝန်ခံ ‌စောခလိထူးက ယခုလို ‌ပြောသည်။

၎င်းက “ဒီနှစ် ‌အောင်ချက်နည်းနည်း ကျဆင်းလာတာက စခန်းသွင်းတဲ့အချိန်လည်း တစ်လပဲ ရှိခဲ့တယ်။ ဆရာအင်အား ‌တွေလည်း နည်းလာတယ်။ က‌လေး‌တော်‌တော်များများက အိမ်‌ရောက်ရင် စာမဖတ်ဘူး။ ဒီမှာက ကျူရှင်မရှိဘူး။ ‌ကျောင်း ကိုပဲ အားကိုးရတဲ့အတွက် ‌နောက်နှစ် ‌အောင်ချက်‌ကောင်းဖို့ဆိုရင် အချိန်ပို‌တွေ များများ‌ခေါ်ပြီး သင်သွားမယ်”ဟု ‌ကေအိုင် စီသို့ ‌ပြောသည်။

ထို့အပြင် ယခုနှစ် ‌ရွှေ့‌ပြောင်း‌ကျောင်းများ၏ ‌အောင်ချက်မှာ ၁၅.၈၄ရာခိုင်နှုန်းသာရှိပြီး ‌အောင်မြင်သူ ၁၆ဦးထဲတွင် ၃ဦးမှာ တစ်ဘာသာဂုဏ်ထူး ရရှိခဲ့သည်ဟု ‌စောခလိထူးက ဖြည့်စွက်‌ပြောဆိုသည်။

‌သွေးသစ်‌ကျောင်း၏‌ကျောင်းအုပ် ဦး‌ဇော်လွင်ဦးက “ကိုယ့်‌တော‌တောင်‌ရေ‌မြေနဲ့ ပတ်သက်ပြီး အလုပ်ဖြစ်တဲ့ ပညာ‌ရေးဆို ‌ကောင်းတာ‌ပေါ့။ အခု ကျ‌နော်တို့ မြန်မာ့ပညာ‌ရေးက ဥပမာ-သချင်္ာဆိုရင် International (နိုင်ငံတကာ)အဆင့်‌လောက် မြင့်တယ်။ ဒီအဆင့်‌လောက် က‌လေး‌တွေ ကြိုးစား‌နေရတဲ့ဟာကို ဒီ‌လောက် စိစစ်‌နေမှ‌တော့ က‌လေး‌တွေ ပညာ‌ရေးကို စိတ်ကုန်တာ‌ပေါ့။ ဒီလိုပဲ ဆက်သွား‌နေမယ်ဆိုရင်‌တော့ က‌လေး‌တွေ လမ်း‌ဘေး‌ရောက်ဖို့ များမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများသည် အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ ပညာသင်နှစ် မှစ၍ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ၅၆ဦး ‌ဖြေဆိုခဲ့ရာ ၈ဦးသာ ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၁၂၆ဦး အနက် ၃၆ဦး၊ ၂၀၁၄-၂၀၁၅ခုနှစ်တွင် ၁၂၅ဦးအနက် ၃၃ဦး ‌အောင်မြင်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း စာသင်‌ကျောင်းများသည် ‌ထောက်ပံ့‌ရေး ‌လျော့နည်းလာသည့်အတွက် အခက်အ ခဲမျိုးစုံကြားက ‌ကျောင်းရပ်တည်‌နေရသည့်အတွက် အဆင့်မြင့်ပညာ‌ရေး တက်လှမ်းသင်ယူနိုင်‌ရေးရန် ‌မျှော်မှန်းချက်ဖြင့် မြန်မာနိုင်ငံ၏ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ဝင်‌ရောက်‌ဖြေဆိုကြသည့် မြန်မာ‌ရွှေ့‌ပြောင်းက‌လေးငယ်များလည်း အခက် အခဲအမျိုးမျိုး ကြုံ‌တွေ့‌နေရသည်ဟု ‌ရွှေ့‌ပြောင်းပညာ‌ရေး လုပ်‌ဆောင်‌နေသူများက ‌ပြောသည်။