Home သတင်း ကျန်းမာ‌ရေးလုပ်သား ၅၇ ဦး KDHW ‌ဆေးသင်တန်းဆင်း

ကျန်းမာ‌ရေးလုပ်သား ၅၇ ဦး KDHW ‌ဆေးသင်တန်းဆင်း

3236

ဇွန် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

KNU-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန-KDHW က ဦး‌ဆောင်ဖွင့်လှစ်ခဲ့ ပြီး ကျန်းမာ‌ရေးလုပ်သား (၅၇)ဦး တက်‌ရောက်သည့် ‌ဆေးသင်တန်း ဆင်းပွဲကို ထိုင်း-မြန်မာ နယ်စပ်၊ တာ့ခ် ခရိုင်၊ မဲ‌ဆောက်မြို့တစ်‌နေရာ၌ ဇွန် ၂၃ရက်‌နေ့တွင် ကျင်းပခဲ့သည်။

အဆိုပါ သင်တန်းကို ကရင်ပြည်နယ်အတွင်း ကျန်းမာ‌ရေး ဝန်‌ဆောင်မှု အလှမ်းကွာ‌ဝေးသည့် ‌ဒေသသများရှိ ပြည်သူများအား ‌ဆေးကုသမှု‌ပေးနိုင်ရန် ရည်ရွယ်ကာ Hope 4(for) the World နှင့် မယ်‌တော် ‌ဆေးခန်းတို့မှ ‌ထောက်ပံ့မှုဖြင့် KDHW က တစ်နှစ်နီးပါးကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

KDHW ဌာန တာဝန်ခံ ပဒို‌စောအယ်ကလူ‌ရွှေဦးက “KNU အုပ်ချုပ်‌ရေး‌ဒေသမှာ အဆင့်မြင့်၊ အဆင့်မီတဲ့ ‌ဒေါက်တာ ‌တွေ သိပ်မလာဘူး၊ အဲ‌တော့ ဒီ‌ဒေသပြည်သူ‌တွေရဲ့ ကျန်းမာ‌ရေးကို ကုသ‌ပေးနိုင်တဲ့ ‌ဆေးမှူးအဆင့် Medic ‌တွေ အများကြီး လိုအပ်လို့ သင်တန်းကို ရည်ရွယ်ဖွင့်လှစ်ရတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသင်တန်းသို ့‌ကေအဲန်ယူ တပ်မဟာ/ခရိုင် (၇)ခု အပါအဝင် နယ်စပ်အ‌ခြေစိုက် နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့-BPHWTနှင့် မြန်မာနိုင်ငံ ‌ဆေးပညာရှင်များအသင်း-BMA တို့မှ သင်တန်းသူ၊ သင်တန်းသား ၅၇ ဦးတက်‌ရောက်ခဲ့ပြီး သင်တန်းကာလအတွင်း စာ‌တွေ့၊ လက်‌တွေ့များ သင်ကြားပို့ချပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ထို့အပြင် သင်တန်းတွင် အသက်ရှူလမ်း‌ကြောင်းဆိုင်ရာ၊ ဆီးစစ်၊ ‌သွေးစစ်ခြင်းဆိုင်ရာ၊ ခွဲစိတ်ကုသခြင်း၊ ‌ရောဂါ ပိုးပြန့်နှံ့ မှုဆိုင်ရာ၊ က‌လေးကျန်းမာဖွံ့ဖြိုး‌ရေးနှင့် အစားအ‌သောက်ဆိုင်ရာ၊ TB၊ မျက်စိ၊ သွားဖက်ဆိုင်ရာ၊ အရိုး နှင့်ကြွက်သား ဆိုင်ရာ၊ မိခင်နှင့် က‌လေးကျန်းမာ‌ရေးဆိုင်ရာ စသည့် ဘာသာရပ်များရှိ အခန်း ၄၄ ခုကို ၆ လ ကြာ သီအိုရီ ပိုင်းများ သင်ကြားပို့ချ‌ပေးပြီး မယ်‌တော်‌ဆေးခန်း MTC နှင့် နို့ဖိုးဒုက္ခသည်စခန်းရှိ ‌ဆေးရုံ၌ ‌လေးလကြာ လက်‌တွေ့သင်တန်းများ ပြုလုပ်‌ပေးခဲ့သည်ဟု သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်မှ သင်တန်းတက်‌ရောက်ခဲ့သူ နန်းရီရီသန်းက “ကျမရဲ့ဇ ာတိ‌ဒေသမှာ ‌ဒေါက် တာ‌တွေ၊ ‌ဆေးမှူး‌တွေ သိပ်မရှိ‌တော့ ကျန်းမာ‌ရေးနဲ့ ပတ်သက်ရင် ဒုက္ခ‌ရောက်ကြတာ‌တွေရှိတယ်၊ ဒါ‌ကြောင့် လိုအပ်တဲ့ ‌နေရာကိုဖြည့်ဆည်းပြီး ကိုယ်တိုင်လည်းဝါသနာပါလို့ ဒီသင်တန်းကို ရည်ရွယ်တက်‌ရောက်ခြင်းဖြစ် တယ်။ ဒီသင်တန်းပြီးပြီ ဆို‌တော့ ကျမရဲ့ဝင်းက ‌ဆေးခန်းကိုပြန်ပြီး လူထု‌တွေအတွက် ကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှု၊ ကုသမှု‌တွေ ပြန်လုပ်မယ်” ဟု ‌ပြောသည်။

၎င်းသင်တန်းဆင်းပွဲသို့ KDHW ဌာန တာဝန်ခံ ပဒို‌စောအဲ့ကလူ‌ရွှေဦး၊ သင်တန်းဆရာ ဆရာဝန် သုံးဦး၊ နယ်စပ် အ‌ခြေစိုက် ကျန်းမာ‌ရေး ဝန်‌ဆောင်မှု‌ပေးသည့် လူမှုအဖွဲ့အစည်းမှ ကိုယ်စားလှယ်အချို့၊ ဖိတ်ကြားထား‌သော ဧည့်သည်များနှင့် သင်တန်းသူ သင်တန်းသားများ အပါအဝင် စုစု‌ပေါင်း ၁၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

‌ကေအဲန်ယူ၊ လက်‌အောက်ခံဌာနတစ်ခုဖြစ်သည့် KDHW ကို ကျန်းမာ‌ရေးပြုစု‌စောင့်‌ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်ရှိ ‌ကျေးလက်‌ဒေသခံ ပြည်သူလူထုနှင့် ပြည်တွင်း ပုန်း‌ရှောင်စစ်‌ဘေးဒုက္ခသည်များ(IDPs)ကို ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးလုပ်ငန်းများကို လုပ်‌ဆောင် ရန်အတွက် ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။ KDHW က ဦး‌ဆောင်၍ ကျန်းမာ‌ရေးလုပ်သားများအတွက် ‌ဆေးသင်တန်းများကို ၂၀၁ဝ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ရာ ယခုအကြိမ် အပါအဝင် (၅)ကြိမ် ‌မြောက်ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သည်။