Home သတင်း IDPs များအတွက် တန်ဖိုးနည်းအိမ်ရာ ‌ဆောက်လုပ်ရန် ‌မြေတိုင်းထွာမှုများပြုလုပ်

IDPs များအတွက် တန်ဖိုးနည်းအိမ်ရာ ‌ဆောက်လုပ်ရန် ‌မြေတိုင်းထွာမှုများပြုလုပ်

2516

‌မေ ၁၂ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ပြည်တွင်းစစ်‌ပြေး‌ရှောင်ပြည်သူ (IDPs)များအတွက် ရည်ရွယ်ပြီး တန်ဖိုးနည်းအိမ်ရာများ ‌ဆောက်လုပ်‌ပေးရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာခရိုင်၊ ‌ကော့ကရိတ်မြို့နယ်(မြဝတီခရိုင်၊ စုကလိမြို့သစ်နယ်) ၊ သ‌ဝေါ‌သော ‌ကျေးရွာ၌ ဧပြီလ ‌နောက်ဆုံးအပတ်က ‌မြေ‌နေရာ လာ‌ရောက်တိုင်းထွာမှုပြုခဲ့သည်ဟု ‌ဒေသခံတာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ကေအဲန်ယူမှ ၎င်းစစ်‌ပြေး‌ရှောင်ပြည်သူများ၊ မသန်စွမ်းနှင့် ဒုက္ခသည်များအတွက်ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၅ခုနှစ်က က ရင်ပြည်နယ်ဝန်ကြီးချုပ်ထံ အကူအညီ‌တောင်းခံခဲ့မှုအရ ‌ကေအဲန်ယူမှ ဗိုလ်ချုပ်အိုင်းဇက် တာဝန်ခံမှုဖြင့် အဆိုပါ ‌မြေ‌နေရာကို စီမံကိန်းတာဝန်ရှိသူများက လာ‌ရောက်တိုင်းထွာခဲ့ခြင်းဖြစ်သည်ဟု ၎င်းနယ်‌မြေ အ‌ခြေစိုက် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်ရင်း(၁၀၃)၊ တပ်ခွဲ(၂) တပ်ခွဲမှူး ဗို်လ်ကြီး‌စောလှ‌ရွှေ က‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို တန်ဖိုးနည်းအိမ်ရာအတွက် ‌တောင်းခံထားတာပါ။ ‌တောင်းထားတာ ၂၀၁၅ ခုနှစ်ကတည်းပါ။ ကျ‌နော်တို့အ‌နေနဲ့ အိမ်‌ခြေ‌ပေါင်း ၅၀ဝ တင်ထားတယ်။ အခု ကျ‌နော်တို့ကို ၃၀ဝ အရင်‌ဆောက် ‌ပေးမယ်။ ‌လေး‌ကေ့‌ကော်လို မြို့သစ်ပုံစံ‌ဆောက်မယ်။ အရင်ဆုံး‌တော့ လမ်းနဲ့ ‌ရေရဖို့ အရင်လုပ်မယ်။ အခုက ‌မြေ‌နေရာ အကျယ်အဝန်းကို လာတိုင်းတာပဲ ရှိ‌သေးတယ်”ဟု အတည်ပြု ‌ပြောဆိုသည်။

ထို့အပြင် ၎င်းအိမ်ရာများအတွက် နယ်စပ်‌ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး‌ရေးဝန်ကြီးဋ္ဌာန(နတလ) နှင့် ဂျပန်နိုင်ငံ၊ နီပွန်‌ဖောင်‌ဒေးရှင်းမှ လာ‌ရောက်ကူညီ‌ပေးမည့် အစီအစဉ်ဖြစ်ပြီး အိမ်ရာအ‌ကောင်အထည်‌ဖော်‌ဆောင်မှုပြီးစီးလျှင် အလုပ် အကိုင်ပါ ရရှိရန် အစီအစဉ် ချထားမှုများရှိသည်ဟုလည်း ဗိုလ်ကြီး‌စောလှ‌ရွှေက ဆက် ‌ပြောသည်။

အဆိုပါ တန်ဖိုးနည်းအိမ်ရာအတွက် နတလမှ အိမ်‌ခြေ ၂၀ဝနှင့် နီပွန်‌ဖောင်‌ဒေးရှင်းမှ အိမ်‌ခြေ ၃၀၀‌ဆောက် လုပ်‌ပေး သွားရန် အစီအစဉ်ရှိ‌နေပြီး ‌ပေ (၆၀x၈၀) အမျိုးအစားဖြစ်ကာ ပထမ ဦးစား‌ပေးအ‌နေဖြင့် IDPsများ၊ ဒုတိယ ဦးစား‌ပေး အ‌နေဖြင့် မသန်စွမ်းများနှင့် ‌နောက်ဆုံး ဦးစား‌ပေး အ‌နေဖြင့် နယ်စပ်ရှိ ဒုက္ခသည်များအတွက် ဖြစ်သည်ဟု သိရသည်။

၎င်းအစီအစဉ်အ‌ပေါ် ဋ္ဌာ‌နေမဲ့ပြည်တွင်း ဒုက္ခသည်အ‌ရေး ‌ဆောင်ရွက်‌နေသူအဖွဲ့များနှင့် ပူး‌ပေါင်းလုပ်‌ဆောင်မှု မရှိဘဲ သက် ဆိုင်ရာနယ်‌မြေခံ ‌ကေအဲန်ယူ ခရိုင်၊ တပ်မဟာ တာဝန်ရှိသူများနှင့်သာ တိုက်ရိုက်အ‌ကောင်အထည် ‌ဖော်လုပ် ‌ဆောင်‌နေသည့် အစီအစဉ်များဖြစ်ပြီး စနစ်တကျဖြင့် ပိုမိုကျယ်ပြန့်သည့် ဆက်စပ်ပူး‌ပေါင်းလုပ်‌ဆောင်မှုများ လိုအပ် သည်ဟု IDPs အ‌ရေး‌ဆောင်ရွက်သူများက ဆိုသည်။

အလားတူ နီပွန်‌ဖောင်‌ဒေးရှင်းနှင့် နတလ အစီအစဉ်ဖြင့် ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်းက စတင်ပြီး ၅ နှစ်စီမံကိန်း ဖြင့် ‌လေး ‌ကေ့‌ကော်မြို့သစ်စီမံကိန်းကို ‌နေအိမ် အလုံး‌ပေါင်း ၁,၅၀ဝ တည်‌ဆောက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ‌နေအိမ်အလုံး ‌ပေါင်း ၆၅ဝ တည်‌ဆောက်ထားပြီးဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလအထိ အဆိုပါ ‌လေး‌ကေ့‌ကော်မြို့သစ် စီမံကိန်းသို့ ဒုက္ခသည်များနှင့် ‌ကေအဲန်ယူ တပ်မိသားစုဝင်များ စု‌ပေါင်းပြန်လည်‌နေထိုင်သူ လူဦး‌ရေ ၃,၂၀ဝ ဦးရှိပြီး ‌နေ‌ရေးထိုင်‌ရေးအဆင်‌ပြေ‌သော်လည်း မြို့သစ်တွင် ပြန်လည်‌နေထိုင်ကြသူများ၏ စားဝတ်‌နေ‌ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းမှာ ရှားပါး ‌နေဆဲဖြစ်သည်ဟု မြို့သစ်တွင်‌နေထိုင်သူများက ‌ပြောသည်။