Home သတင်း ‌ဒေသတွင်း စခန်းလာချ‌နေသည့် တပ်စခန်းများ ပြန်ရုပ်သိမ်းရန် ဒုက္ခသည် ၂၀၀ဝ ‌ကျော်ဆန္ဒထုတ်‌ဖော်

‌ဒေသတွင်း စခန်းလာချ‌နေသည့် တပ်စခန်းများ ပြန်ရုပ်သိမ်းရန် ဒုက္ခသည် ၂၀၀ဝ ‌ကျော်ဆန္ဒထုတ်‌ဖော်

3298

‌မေ ၂၄ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောသိန်းမြင့်

ယ‌နေ့ ‌နေပြည်‌တော်တွင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယ အကြိမ်အစည်း အ‌ဝေး ကျင်းပ‌နေသည့် တပြိုင်နက် ကရင်ပြည်နယ်၊ ‌မြောက်ပိုင်းရှိ သံလွင်မြစ်ကမ်း‌ဘေးတွင်တည်ရှိသည့် အီးတူထ ပြည်တွင်းပုန်း‌ရှောင်‌နေထိုင်သူ ဒုက္ခသည် ၂၅၀၀‌ကျော်သည် ၎င်း‌ဒေသအတွင်း စခန်းလာချ‌နေသည့် မြန်မာ့ တပ်မ‌တော် စခန်းများအားလုံး ပြန်ရုပ်သိမ်း‌ပေးရန် ‌တောင်းဆိုသည့် ဆန္ဒထုတ်‌ဖော်ပွဲအစီအစဉ်တစ်ခု ပြုလုပ်ခဲ့သည်။

‌ကေအဲန်ယူ နယ်‌မြေအတွင်း ယခင်ကထက် မြန်မာစစ်တပ်၏ တိုးမြှင့်လာမှု‌ကြောင့် ဒုက္ခသည် သို့မဟုတ် IDP များသည် မိမိ‌နေရပ်ဌာ‌နေသို့ ‌ဘေးကင်းလုံခြုံစွာ ပြန်နိုင်‌ရေးနှင့် လုံခြုံစွာရပ်တည်‌နေထိုင်‌ရေးအတွက် အဟန့် အတားတစ်ခုဖြစ်သည့်အတွက် ဒုက္ခသည်များ စုု‌ပေါင်းပြီး ယခုလို ဆန္ဒထုတ်‌ဖော် ‌တောင်းဆို‌နေခြင်းဖြစ် သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးသည့် အီးတူထ ပြည်တွင်းပုန်း‌ရှောင်စခန်းမှ ‌နော်သဲ‌နေက ယခုလို ‌ပြောသည်။

၎င်းက“ ကျမတို့ ဘာ‌ကြောင့် ‌တောင်းဆိုသလဲဆို‌တော့ အခုက ကျမတို့ ပြန်ဖို့ ဖိအား‌ပေးခံရတယ်။ ဒါ‌ပေမဲ့ ကျမတို့ ပြန်လို့မရဲဘူး။ ကျမတို့ တိုင်းပြည်မှာ ဘဝလုံခြံမှု မရှိတဲ့အတွက်‌ကြောင့် ကျမတို့ ‌နေတဲ့‌နေရာ၊ လုပ် ကိုင်စား‌သောက်တဲ့ ‌နေရာ‌တွေအားလုံးမှာ စစ်စခန်း‌တွေရှိတယ်။ အဲလိုပဲ ‌မြေမြုပ်မိုင်း‌တွေလည်းရှိတယ်။ အသက်လုံခြံမှုမရှိတာ‌ကြောင့် ပြန်လို့ မရဲ‌သေးတဲ့အ‌ပေါ်မှာ ကျမတို့ ဆန္ဒထုတ်‌ဖော် ‌တောင်း ဆိုရတာဖြစ်ပါတယ်။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ အီးတူထ IDPsများ ဆန္ဒ ထုတ်‌ဖော်ပွဲတွင် ၎င်းတို့၏ ‌တောင်ယာ၊ လယ်‌မြေ ဥယျာဉ်ခြံနှင့် အိမ်ပြန် လမ်းတစ်‌လျှောက်ရှိ မြန်မာစစ်စခန်း ၁၇ ခုကို ရုပ်သိမ်းဖယ်ရှား‌ပေးရန်၊ ၎င်းနယ်‌မြေများတွင် ‌မြေမြုပ်မိုင်းများ ဖယ်ရှား‌ပေးရန်၊ လိင်ပိုင်းဆိုင်ရာ အခွင့်အ‌ရေး‌စော်ကားချိုး‌ဖောက်မှု၊ အတင်းအဓမ္မခိုင်း‌စေမှု၊ အတင်းအဓမ္မ ပစ္စည်း ‌တောင်းယူမှု ၊ သတ်ဖြတ်မှု၊ လယ်ယာ‌မြေနှင့် ဥယျာဉ်ခြံ‌မြေဖျက်ဆီးမှု သို့မဟုတ် သိမ်းယူမှုကဲ့သို့‌သော လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို အဆုံးသတ်ရပ်တန့်‌ပေးရန်အပါအဝင် ‌တောင်းဆိုချက် ၆ချက် ပါဝင်သည့် ထုတ်ပြန်ချက် တစ်‌စောင်ကို ထုတ်ပြန်ခဲ့သည်။

ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု ‌ခြောက်နှစ်ခန့်ကာလတွင် ခိုင်လုံ‌သော ရလဒ် အ ‌နေဖြင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGOs)များသည် မိမိ‌နေရပ်စွန့်ခွာပြီး အခြား‌ဒေသသို့ ထွက် ‌ပြေး ခိုလှုံ‌နေရသည့် IDP နှင့်ဒုက္ခသည်များအတွက် လိုအပ်‌သော ကျန်းမာ‌ရေး၊ ပညာ‌ရေး ဆိုင်ရာ ‌ထောက်ပံ့မှုများနှင့်အတူ စားနပ်ရိက္ခာနှင့် ‌နေအိမ်အဆာက်အဦးဆိုင်ရာ အ‌ထောက်အပံ့များကုို ဖြတ်‌တောက် လာခဲ့ကြသည့်အတွက် ၎င်းတို့၏ ယခင် ‌နေရပ်ဌာ‌နေသို့ ပြန်လည် ‌နေထိုင်ရန် ဖိအား‌ပေးမှု တစ်ရပ်ဖြစ် လာသည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အီးတူထ IDP တစ်ဦးဖြစ်သူ ‌စောရယ်ကယ်ကလည်း “ကျ‌နော်တို့ နယ်‌မြေမှာမြုပ်ထားတဲ့ ‌မြေမြုှပ် မိုင်းအားလုံးကို ဖယ်ရှား‌ပေး‌စေလိုတယ်.။ ကျ‌နော်တို့ ပြည်သူလူထု‌တွေ‌နေထိုင် ‌နေတဲ့‌နေရာ‌ဒေသက‌နေ မြန်မာစစ်စခန်း‌တွေကို ဖယ်ရှား‌ပေး‌စေလိုပါတယ်။ ဒီလိုပြုပြင်‌ပြောင်းလဲမှုကို ‌ဒေါ် ‌အောင်ဆန်းစုကြည်နှင့်သူ့အ စိုးရက ‌ဆောင်ရွက်ဖြည့်ဆည်း‌ပေးတာကို ကျ‌နော်မြင်ရဖို့ အရမ်း‌မျှော်လင့်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်/တပ်မဟာ (၅) နယ်‌မြေတစ်ခုတည်းအတွင်း၌ ‌ကေအဲန်ယူနှင့် ဦးသိန်းစိန် ဦး‌ဆောင်သည့် မြန်မာအစိုးရတို့ ပဏာမ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေး ထိုးသည့် ၂ဝ၁၂ ခုနှစ်မှစတင်ပြီး ယခုအချိန်အထိ မြန်မာစစ်တပ်၏ စစ်စခန်းများ ၆၅ မှ ၈၁ ‌နေရာအထိ တိုးမြှင့်လာခဲ့သည့်အ‌ပေါ် အီးတူထ ပြည်တွင်း ပုန်း‌ရှောင်ဒုက္ခသည်များ၏ ဒုက္ခသည် (သို့မဟုတ်) IDP ‌ထောင် ‌ပေါင်းများစွာသည် မိမိ‌နေရာဌာ‌နေသို့ ပြန်ရန် ‌ကြောက်ရွံ့လျက်ရှိသည်ဟုု ယင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုင်း-မြန်မာ နယ်စပ်တစ်‌နေရာ ဖာပွန်ခရိုင်တွင် တည်ရှိသည့် အီးတူထ IDP ဒုက္ခသည်စခန်းကို ပြီးခဲ့သည့် ၂၀၀၆ ခုနှစ်က မြန်မာစစ်အစိုးရ စစ်တပ်နှင့် ‌ကေအဲန်ယူတပ်မဟာ ၂ တို့အကြား အကြီးအကျယ် တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးလာကြသည့် ပြည်သူများအား ယာယီခိုလှုံရန်အတွက် ထိုနှစ်တွင်ပင် စတင်တည်‌ထောင်ခဲ့ပြီး လက်ရှိ လူဦး‌ရေ ၂၉ဝ၉ ဦးခိုလှုံလျက်ရှိသည်။

၎င်းဒုက္ခသည်များအား ‌ထောက်ပံ့‌ပေးထား‌သော အ‌ထောက်အပံ့အားလုံးကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် ဒုက္ခသည်အချို့မှာ ၎င်းတို့ ဆန္ဒအ‌လျောက် နည်းလမ်းရှာကြံပြီး ‌နေရပ် ရင်းသို့ ပြန်သွားခဲ့ကြ‌သော်လည်း အများစုမှာ ၎င်းတို့ ၏ ‌နေရပ်‌ဒေသတွင် အစိုးရတပ်များက ‌နေရာယူ တပ်စွဲ ထား‌သော‌ကြောင့် ၎င်းတို့ ‌နေရပ်သို့ ပြန်လည် ‌နေထိုင်ရန် ‌နေရာမရှိ‌တော့‌ကြောင်း ထုတ်‌ဖော်‌ပြောဆိုကြ သည်။

အလားတူ ဖာပွန်ခရိုင် လူ‌သောမြို့နယ် ဖလာခို့ ‌ဒေသရှိ ‌နေရပ်စွန့်ခွာ ပုန်း‌ရှောင်‌နေရသည့် ပြည်တွင်း ပုန်း ‌ရှောင်ဒုက္ခသည် တစ်‌ထောင်နီးပါးသည် ၎င်းတု့ိ၏ မူလ‌ကျေးရွာများဆီသို့ လုံခြုံစိတ်ချ စွာပြန်သွားပြီး ဘဝ တ ဖန်ပြန်လည်စတင်နိုင်ရန်ဟုဆိုကာ KNU ထိန်းချုပ်ရာနယ်‌မြေတစ်ခုဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ခရိုင် အတွင်း စခန်းချ‌နေထိုင်‌နေသည့် မြန်မာ့တပ်မ‌တော်တပ်စခန်းများ ပြန်လည်ရုပ်သိမ်း‌ပေး‌ရေးအတွက် ပြီးခဲ့သည့် ‌မေလ ၁၅ ရက်‌နေ့ကလည်း ‌တောင်းဆို ဆန္ဒထုတ်‌ဖော်မှု တစ်ခုပြုလုပ်ခဲ့‌သေးသည်။