Home ဆောင်းပါး ‌တေး‌ရေး၊ ‌တေးဆို၊ ဝတ္ထု၊ ဇာတ်ညွန်းနှင့် ဒါရိုက်တာ ကရင်အနုသုခုမပညာရှင် ‌စော‌ကျော်လိုက်သိန့်၏ ဘဝဖြတ်သန်းရာ

‌တေး‌ရေး၊ ‌တေးဆို၊ ဝတ္ထု၊ ဇာတ်ညွန်းနှင့် ဒါရိုက်တာ ကရင်အနုသုခုမပညာရှင် ‌စော‌ကျော်လိုက်သိန့်၏ ဘဝဖြတ်သန်းရာ

3393

တင်ပြသူ- ‌ကျော်ထက်ခိုင် (ဖားစည်‌မြေ)

အ‌ခြေပျိုး၊ နိဒါန်း
ဆရာ‌ကျော်လိုက်သိန့်ကို (မွာဲလိုက်သိန့် ထွန်လကုံး) “‌ကျော်လိုက်သိန့် ရန်ကုန်‌ရောက်ခြင်း”‌တေးသီချင်းဖြင့် ၁၉၇၈ခုနှစ်‌လောက် တွင် စတင်သိကျွမ်းခဲ့ပြီး ထိုစဉ်က တဟုန်ထိုး နာမည်ထွက်လာသူဖြစ်သည်။ ထို့‌နောက် ၁၉၉၆ခုနှစ်တွင် ရန်ကုန် စတူဒီယိုတွင် စလင်းလင်း(စ‌လောင်း‌လောင်း)၊ စဍာ်ကဝ်(စဒိုင်‌ကော်)နှင့် ကရင်အဆို‌တော်များ တွဲဖက်၍ (ဏ်ုလင်မာ.) ‌ပျောက်ဆုံးသွားသူ အမည်ရ ‌တေးသီချင်းဖြင့် ပြည်တွင်း /ပြည်ပ ကရင့်ပရိဿတ် နားစွဲခဲ့‌သော ‌တေးသီချင်းစီးရီးတစ်‌ခွေ ထွက်လာပြန်ရာ ပြည်ပ ‌ရောက် ကရင်ပရိဿတ်များ၏ ပိုမိုအား‌ပေး ချီး‌မြှောက်ခြင်း ခံရ‌လေသည်။

ထို့‌နောက် ဗိုလ်မှူးကြီး‌စောချစ်သူ၏ အား‌ပေးကူညီမှု‌ကြောင့် သီချင်း‌ခွေနှင့် ရှှိုးပွဲများသီဆိုမှုပွဲ စိပ်စိပ်က‌လေး ကျင်းပနိုင်ခဲ့သည်။ (၁၃-၁-၁၇) ည (၆းဝ၀)နာရီတွင် ကျန်းမာ‌ရေးမ‌ကောင်းသည့်ကြားမှ ဆရာထံမှ သိချင်ရာများကို ပထမကြိမ် ‌ဆွေး‌နွေး‌မေးမြန်းခဲ့ ပြီး (၁၅-၁-၁၇)ရက် ‌နေ့လည်(၁၁)နာရီ (၃၀)မိနစ်မှ (၁)နာရီ (၃၀)မိနစ်အထိ ‌မေးမြန်း‌ဆွေး‌နွေးခဲ့ပုံများကို ‌နောင်လာ‌နောက်သား အတွက် သမိုင်းကျန်ရစ်‌စေရန် တင်ပြလိုက်ပါသည်။

ဆရာ‌ကျော်လိုက်သိန့်၏ ကိုယ်‌ရေးအကျဉ်း
ငယ်မည် – ‌စောသတ္တု၊ အတု
အမည်ရင်း – ‌စောလှ‌ရွှေ
အနုပညာအမည် – ‌ကျော်လိုက်သိန့်(သိန်းစွန်ငှက်)
၁၉၅၂ မတ်လ ၁၈ရက်‌နေ့ ဖားအံမြို့နယ် ‌ကော့ကဒါ‌ကျေးရွာအုပ်စု ‌ကော့တာရွာတွင် ‌မွေးဖွားသည်။
မိဘအမည် – ‌စော‌တောင်မူ+ နန်းဘီး တို့ဖြစ်ပြီး
အစ်မဖြစ်သူမှာ – မစဉ့်အိုး (စဉ့်အိုးဖြင့် ခမဲ‌ပေးခံရသူ) ဖြစ်သည်။ ‌မွေးချင်း ၂ဦးရှိသည်။

၁၉၅၈ခုနှစ်၊ အသက် (၅)နှစ်တွင် ရပ်ရွာ မ‌အေးချမ်း‌သော‌ကြောင့် ‌မော်လမြိုင်မစ်ရှင်‌ကျောင်း (ကရင်‌ကျောင်း)တွင် သူငယ်တန်း ကို သင်ယူ။ ထို့‌နောက် ကျိုက္ဖနဲ‌မြေတံတားလမ်းအစိုးရ မူလတန်း‌ကျောင်းတွင် ပထမတန်းသင်ယူ။ ဒုတိယနှင့် တတိယတန်းကို ဦးပန်းညှာ ပုဂ္ဂလိက‌ကျောင်းတွင် သင်ယူခဲ့သည်။

မိခင်ဖြစ်သူမှာ ရွာမှာ‌နေပြီး အ‌ဒေါ်ဖြစ်သူနှင့် လိုက်‌နေလိုက်၊ ရွာပြန်လိုက် ဖြစ်ခြင်း‌ကြောင့် ‌ကျောင်းခဏခဏ‌ပြောင်း‌ရွှေ့ ပညာ သင်ယူခဲ့ရသည်။ ၁၉၆၃ခုနှစ်တွင် ရွာပြန်၊ ‌နောင်လုံအလယ်တန်း‌ကျောင်းတွင် စတုတ္ထတန်းကို ပညာသင်ယူချိန် ‌ပေါင်နှစ်ဖက် တွင် အနာစိမ်း‌ပေါက်၍ စတုတ္ထတန်း ဆုံးခန်းမတိုင်ဘဲ ‌ကျောင်းထွက်ခဲ့ရသည်။

၁၉၆၅ အသက်(၁၂)နှစ်တွင် ရွာ၌ ဒုံးဆရာ ဦး‌စောဟန် ဒုံးအဖွဲ့တွင် ‌နောက်တန်းက စတင်၍ ဝင်ကခဲ့သည်။ (၃)နှစ်ခန့် ဒုံးက ‌သောအခါ ကျွမ်းကျင်လာ၍ အသက် (၁၅)နှစ်၊ ၁၉၈၆ခုနှစ်တွင် ဒုံးအ‌ကြောင်း စတင် တတ်သိခါစဖြစ်၍ ကိုယ်တိုင်သီချင်းစပ်၍ က‌လေးဒုံးတစ်ဖွဲ့ စတင်သင်ကြားခဲ့သည်။
၁၉၇၃ခုနှစ်တွင် ‌ကော့ကရိတ်၊ ‌ပေါင်‌ရေပူ၊ ငါးတိုင်ရွာတွင် “ဖါး‌ဝေါ်” ဇာတ် စတင် နာမည်ကြီးလာ၍ အားကျမိ‌သော‌ကြောင့် အ‌ပျော်တမ်းပြဇာတ်အဖြစ် အင်ဖက်‌ကောက်ချိန် စမ်းသပ်‌လေ့ကျင့်ခဲ့သည်။ ထို့‌နောက် ‌ကော့တာရွာတွင် တစ်ခန်းရပ်ဟာသ၊ ‌အော်ပရာပြဇာတ်များ၊ ပုံပြင်ဝတ္ထုများ ဇာတ်လမ်းဖွဲ့ပြီး “ဖိုးဟွဲ‌ဘောင်ဘား” တစ်ခန်းရပ်ပြဇာတ်ကို တင်ဆက်နိုင်ခဲ့သည်။

၁၉၆၈မှစ၍ မိခင်‌ဒေါ်နန်းဘီး ဦး‌ဆောင်တည်‌ထောင်ခဲ့‌သော “‌ကျော်ဖါးခစ်”ဇာတ်တွင် ကိုယ်တိုင် ပါဝင်ကပြနိုင်ခဲ့သည်။ (၈)နှစ် ကြာခဲ့ပြီး‌သော် ၁၉၇၅ ခုနှစ်တွင် ကရင့်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှ ဇာတ်ဆရာ ဇွဲကပင်‌ကျော်‌လေး၏ ဖုုံပညာ့ရာဲသီ့ (ကရင့်အနုသုခမအဖွဲ့ )တွင် တစ်နှစ်မျှ ပါဝင်ခဲ့သည်။ ၁၉၈၁ခုနှစ်တွင် ဖားအံမြို့နယ်၊ ခနိန်းဒိုရွာသူ နန်းလုံးကြိုင်နှင့် အိမ်‌ထောင် ပြုခဲ့သည်။

ဆရာ‌ကျေ်ာလိုက်သိန့်သည် တိတ်‌ခွေ‌ခေတ်က ‌ခွေ‌ပေါင်း (၆၀)‌ကျော် သီချင်းအပုဒ်‌ပေါင်း (၃၀၀)နှင့် ဗီဒီယို‌ခွေ (၁၀)‌ခွေ‌ကျော် ကိုယ်တိုင်ညွန်ပြ ‌ရေးသားထုတ်‌ဝေခဲ့ပြီး ယခုအခါ ဖားအံမြို့နယ်၊ အိန္ဒုရွာ၊ အိန္ဒု-ဇာသပြင်လမ်းမတွင် ဇနီး ‌ဒေါ်နန်းလုံးကျင်၊ သား ထွန့်က‌ပေါ်၊ လိုက်ထွက်ယှား၊ ပိုင်‌စေ၊ သမီး နန်းစန္ဒာ‌အေး(ကဝ်သုုက်ဖဝ့်အွာ)တို့နှင့်အတူ ‌နေထိုင်ခဲ့သည်။

‌ကျော်လိုက်သိန့်၏ ထင်ရှား‌ကျော်ကြား‌သော ‌တေးစီးရီးများ
၁။ ဍုဂ်ပါင်လာဆာ် ကျဝ်ကိုသာ. (‌ဒေါက်ပိုင်လာဆိုင် ‌ကျော့်ကိုသာ)
‌ဇေသီဟ ‌တေးသံသွင်း၊ ၁၉၇၉ခုနှစ် ‌ကျော်ဖါခစ်ဇာတ်တွင်‌နေရင်း ‌ရေးဖွဲ့သီဆိုခဲ့သည်။
၂။ ဝးမာယှာ.သာ (ဘားမာရှားသာ)
ဇာတ်လမ်းသရုပ်‌ဖော်‌တေး ၁၉၇၉
၃။ ဝးယါင်ယှးမိင်တုန်ယှာ. (ဘားယိုင်ရှားမိန်တုန်ရှာ)
၁၉၈၀၊ ရန်ကုန်‌ဇေမင်းသား‌တေးသံသွင်း
၄။ ဝီ.ဃှင့်ဖိုင်သာ (ဝီး‌ဟောင့်ဖန်သာ)
သုဂ်ကျာ်‌ကေတု + ဖလို့မိင်လား၊ မူးထွန့်အွာ၊ ကျဝ်ဩီ့ဆိုဒ်ဖါန် တွဲဖက်သီဆို
၅။ ဏု်လင်မာ.
စလင်းလင်း+ စဍာ်ကဝ် အဖွဲ့ တွဲဖက်ထုတ်‌ဝေ၊ ၁၉၉၇ ခုနှစ်
၆။ ဖဝ့်ခါန်.ဆိုင့် – နယ်စပ်ပန်း (၁/၂/၃)
၁၉၉၈ခုနှစ် ကျန်တာ မမှတ်မိ‌တော့ပါ။

အနုပညာဆိုင်ရာ ဆုချီးမြှင့်ခံရခြင်း
၁။ ကရင်‌တေး‌ရေး/‌တေးဆိုဆု (၂၀၁၁ ‌ရွှေကုက္ကိုနှစ်သစ်‌နေ့အထိမ်းအမှတ်)
၂။ ‌တေး‌ရေး/‌တေးဆိုဆု (၂၀၁၁ ကရင်ရဟန်း‌တော်အသင်းမှချီးမြှင့်)
၃။ ကရင်‌တေးသီချင်းအများဆုံး သီဆို၊ ‌ရေးသားနိုင်သည့်ဆု
OKRSO ဘန်‌ကောက်‌ရောက်ကရင်လူငယ်များ ၂၀၀၅ ချည်ဖြူဖွဲ့မဂင်္လာအထိမ်းအမှတ်
၄။ ကရင့်‌တေးဆို ၊ ‌တေး‌ရေး အထူးဆု
KLC မ‌လေးရှား‌ရောက် ကရင်လူငယ်များ ချီးမြှင့်‌သောဆု
၅။ ကရင့်အနုသုခုမ စံပြပဂ္ဂိုလ်ဆု (ဆ်ုလာဖါန် ထု်ယဲအု်ဏါင်း)
၂၀၁၅ ကရင်သက္ကရာဇ် ၂၇၅၄ ထွီ‌မောင်ထိုရွာ၊ ဝင်း‌ရော်‌ဒေသ ကြာအင်းဆိပ်ကြီးမြို့နယ်။

ဆရာ‌ကျော်လိုက်သိန့်နှင့် ‌တွေ့ဆုံစကား‌ပြောခြင်း
‌မေး။ ။ ဆရာ‌ကျော်လိုက်သိန့် နဲနဲဝလာသလိုပဲ။
‌ဖြေ။ ။ ဝတာ မဟုတ်ဘူး။ ‌ဖော‌ယောင်တာ။

‌မေး။ ။ကျန်းမာ‌ရေးအ‌ခြေအ‌နေဘယ်လိုလဲ။ တ‌လောက ‌ကျော်လိုက်သိန့် ‌သေတယ်လို့‌ပြောသံကြားတယ်။
‌ဖြေ။ ။ အဲ…ကျ‌နော်က‌တော့ ခဏခဏ‌သေတာပဲ ။ ‌သေလိုက်ရှင်လိုက်ပဲ (ရယ်သံနည်းနည်းပါ)။

‌မေး။ ။ ကျ‌နော် မန်းထက်ခိုင်ပါ။ ၂၀၁၂ခုနှစ်တုန်းက ဖားအံ ကြား‌တောရ‌ကျောင်းမှာ ‌ကောက်သစ်စားပွဲစကားဝိုင်းလုပ်‌တော့ ဆရာနဲ့ ဆုံခဲ့‌သေးတယ်‌လေး။
‌ဖြေ။ ။ ဟုတ်ကဲ့မှတ်မိပြီး။

‌မေး။ ။ဆရာ‌ကျော်လိုက်သိန့် အားမယ်ဆိုရင် ကရင့်အနုပညာနဲ့ ဆရာရဲ့ ပါဝင်ပတ်သက်မှု အ‌ခြေအ‌နေ အချိန်ခဏ‌လေး ‌ဖြေကြား‌ပေးပါလား။
‌ဖြေ။ ။ဟုတ်ကဲ့ ကျ‌နော် ‌ဖြေကြား‌ပေးနိုင်ပါတယ်။

စာ‌ရေးသူနှင့်ဆရာလိုက်သိန့် စကား‌ပြောချိန်မှာပဲ ဆရာ့အိမ်သူက လက်ဖက်ရည်ဓာတ်ဗူး လာချ‌ပေးပါတယ်။ ဆရာလိုက်သိန့် သည် သူ‌ပြောချင်‌နေ‌သော ကရင့်အနုပညာနှင့် သူဖြတ်သန်းခဲ့‌သော ဘဝအ‌ခြေအ‌နေကို စိတ်ရှည်လက်ရှည်ဖြင့် ‌အောက်ပါအ တိုင်း ရှင်းပြပါသည်။

ကိုယ်တိုင်‌ပြောပြချက်များ
– ၁၉၇၆-၇၇ ခုနှစ်မှာ ဖလုံပညာ့ရာဲသီ့အဖွဲ့မှ နှုတ်ထွက်ပြီး ခ‌လောက်နို့ အုန်းတစ်ပင်‌ကျောင်းတွင် သစ္စာ‌မေတ္တာ ဇာတ်အဖွဲ့ကို (၂) နှစ်ခန့် တည်‌ထောင် ကပြခဲ့ပါတယ်။
– ရပ်ရွာမ‌အေးချမ်းတဲ့အချိန် ပုဒ်မ ၁၇/၁ကို ‌ကြောက်ရသည့်ကြားမှ ‌နောင်မြလွဲရွာ အ‌ခြေစိုက် KNU-ကရင့်အမျိုးသားအစည်းအရုံး က တိတ်တဆိတ်‌ခေါ်ယူကာ ဇာတ်အဖွဲ့တစ်ဖွဲ့တည်‌ထောင်ခဲ့တယ်။ ဇာတ်အဖွဲ့ နာမည်က‌တော့ (ဖါသိုင့်ရာဲသီ့) ‌ဒေါနသုခုမ လို့ ‌ခေါ်ပါတယ်။
– ‌စော‌စောက ‌ပြောတာက ၁၉၈၁ခုနှစ် ကျ‌နော် အိမ်‌ထောင်ကျတယ်။ ၁၉၈၂ခုနှစ်မှာ ‌ကော့တာရွာမှာပဲ ဒုတိယအကြိမ် သစ္စာ ‌မေတ္တာဇာတ်ဖွဲ့ကို တည်‌ထောင်တယ်။ လှှိုင်းဘွဲမြို့မိုင်(၂၀) မှာ ဇာတ်ကရာမှအပြန် ကား‌မှောက်လို့ ဇာတ်အဖွဲ့သား (၃)ဦး ‌သေဆုံးတဲ့အတွက် ဇာတ်ကရာမှ အနားယူခဲ့တယ်။
– ၁၉၉၂ခုနှစ်မှာ အိန္ဒဲ‌လေသာ‌ကျောင်းမှာ စတည်ချပြီး စလင်းလင်းတို့နဲ့ အတူ (မူ.လာယှူးခိုင်း) ‌နေရိပ်‌အေးချမ်းဇာတ်အဖွဲ့ကို တည်‌ထောင်ခဲ့တယ်။ (၃)နှစ်ကြာတယ်။
– ၁၉၉၅ခုနှစ် KNUမှ DKBA ခွဲထွက်လာ‌တော့ ကျ‌နော် တစ်နှစ်အနားယူခဲ့တယ်။
– ၁၉၉၆ခုနှစ် ဖယားကျိုင်ရွာ ဦးသာမြိုင်ဇာတ်အုပ်လုပ်ပြီး (ဆိုဒ်လျာ.ဖါန်) အမျိုးသား‌ရောင်ခြည် ဇာတ်အဖွဲ့ကို တည်‌ထောင်ခဲ့ တယ်။ (၁)နှစ်ပဲ။ ၁၉၉၇ခုနှစ်မှာ သာမညရွာမှာ(ကလူးလူ‌သော့) ဖားစည်သံ‌ဝေအဖွဲ့ကို တည်‌ထောင်ခဲ့တယ်။ (၁)နှစ်ပဲ။
– ၁၉၉၉ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ မွတ်စရီးအဖွဲ့ ကရင်မွတ်စရီးအဖွဲ့မှ ဦး‌ဆောင်တည်‌ထောင်‌သော ဒုံရင်း (အဲဂမိုုင်ယှံင်)၊ ဘာသာ ‌ပေါင်းစုံ ပြည်သူ့‌မေတ္တာအဖွဲ့ (၅)နှစ် တည်‌ထောင်ခဲ့။
– ၂၀၀၆ခုနှစ်မှစ၍ ဇာတ်သဘင်‌လောကမှ အနားယူ၊ ကရင့်အနုသုခုမ၊ ဝတ္ထု၊ ပြဇာတ်၊ ဇာတ်ညွန်း၊ သီချင်း‌ရေး/ဆို၊ ဗီဒီယိုဇာတ် ကားများအား ညွန်ကြား၊ ပြသ၊ အကြံ‌ပေးခဲ့တယ်။
– ဗီဒီယိုဇာတ်ကား‌တွေက‌တော့ “ဖိုးဟွဲဆိုနွတ်ယား” “သိင်း‌မောင်ဆုင့်” “မူးဒုံ‌ယောင်း” “တယ်ဖဲု” “သွီး” ဇာတ်ကား‌တွေမှာ ပါဝင်ညွန်ကြားခဲ့ပါတယ်။ ကျန်တာ‌တွေလည်း ရှိ‌သေးတယ်။ စာ‌ပေနဲ့ မှတ်သားထား‌သေးတာ မလုပ်ထားလို့ မမှတ်မိ‌တော့ဘူး။
ဆရာ‌ကျော်လိုက်သိန့် စကား‌ပြောရတာ ‌မောသွားဟန်ဖြင့် ‌ရေ‌နွေးတစ်ခွက်ကို ‌မော့‌သောက်လိုက်သည်။
ပြီးမှ…ကျ‌နော်‌ပြောချင်တာ များသွားပြီပဲ။ ဆရာထက်ခိုင်‌ရေ အနုပညာ‌လောကဟာ နူးညံ့သိမ်‌မွေ့သ‌လောက် ရှုတ်လည်း ရှုတ်ပါ တယ်။ စာ‌ပေ‌လောကနဲ့ ဒီဘက် ဆို၊ က၊ ‌ရေး၊ တီး ‌လောက ကရင်အမျိုးသားအချင်းချင်း ချီးမြှင့်‌မြှောက်စားဖို့၊ အချင်းချင်း သ‌ဘောထား မ‌သေးသိမ်ဖို့ လိုပါတယ်”ဟု‌ပြောပြီး ‌ခေတ္တရပ်နားသည်။

စာ‌ရေးသူ ။ ။ ကဲ …ဆရာလိုက်သိန့်‌ရေ ‌တော်‌တော်‌လေး‌တော့ သိသွားပါပြီး။ ယ‌နေ့ ‌ခေတ်မျိုးဆက်သစ် အနုပညာ‌တွေ‌ရော ကရင်အတွက် အားလုံး‌ပြောချင်တာရှိရင် ‌ပြောပြ‌ပေးပါဦး။
‌ဖြေ။ ။ ဟုတ်ကဲ့ ကရင်လူထုနဲ့ ပတ်သက်လို့ အဆင့်(၃)ဆင့်ကို ‌ပြောပြချင်ပါတယ်။
(‌သောက်လက်စ လက်ဖက်ရည်ကို မျိုချရင်း ဆက်‌ပြောသည်။
၁။ အနုပညာကဏ္ဍ
၂။ အမျိုးသား‌ရေးကဏ္ဍ
၃။ နိုင်ငံ‌ရေးကဏ္ဍ ဆိုပြီး ခွဲ‌ပြောပါ့မယ်။
အနုပညာနဲ့ဆိုင်တဲ့ ကဏ္ဍကို ‌ပြောပါ့မယ်။
အနုပညာဆိုတာ နူးညံ့တယ်။ သိမ်‌မွေ့တယ်။ တချို့လူဟာ နူးညံ့သိမ်‌မွေ့တဲ့ ပညာကိုလုပ်ရင်း နူးနူးညံ့ညံ့ပဲ သွားတယ်။ တချို့လူ ဟာ လုပ်တဲ့အလုပ်က နူးညံ့‌ပေမဲ့ စိတ်ဓာတ်‌တွေ ကြမ်းတမ်းခက်ထန်ပါတယ်။ ဖြစ်နိုင်ရင် အတတ်နိုင်ဆုံး နူးညံ့တဲ့ဘက် ‌ပြောင်း လဲနိုင်ဖို့ စိတ်ဓာတ်ကို ‌မွေးမြူနိုင်ဖို့ မှာကြားချင်ပါတယ်။ တစ်‌ယောက်နဲ့တစ်‌ယောက် မနာလိုစိတ် အပြိုင်အဆိုင်စိတ်‌တွေ မထား ကြဖို့ ပြုပြင်ကြဖို့ မှာကြားလိုပါတယ်။

ကဲ….အမျိုးသား‌ရေးကဏ္ဍ – ကရင်အမျိုးသား‌တွေဟာ ရိုးသားတယ်လို့‌ပြောကြတယ်။ ကရင်လို့‌ပြောလိုက်တာနဲ့ အားလုံးနဲ့ သက်ဆိုင်တယ်။ ဇွဲကပင်မှ ဇွဲကပင်၊ ဒုံရင်းမှဒုံရင်း၊ ခ‌လောက်နို့မှ ခ‌လောက်နို့ ‌ဒေါနအင်းစိန်ဆိုပြီး အစွန်းစိတ်‌တွေ (အစွန်း‌ရောက် စိတ်)‌တွေ မဖြစ်ဖို့ ‌ဖျောက်ဖျက်နိုင်ဖို့ လိုပါတယ်။ အင်းစိတ်က‌နေ တတိယနိုင်ငံ‌ရောက်သူ‌တွေလည်း မနည်း။ အမျိုးသား‌ရေးဆို
KNU၊ ဗုဒ္ဒ ၊ခရစ်ယာန်၊ လဲကယ်၊ တလာကူး၊ မွတ်စလီ ဒီလိုအစွန်း‌ရောက်တဲ့ အဖွဲ့အစည်းအချင်းချင်း၊ တစ်ဦးချင်း စိတ်ဝမ်းကွဲတာ ‌တွေ စိတ်ထဲမထားဖို့လိုတယ်။ အဲဒီအစွန်းစိတ်ကို ပယ်နိုင်ဖို့ပဲမှာ ကြားလိုပါတယ်။

နိုင်ငံ‌ရေးကဏ္ဍ – ကျ‌နော်‌ဆွေး‌နွေးပွဲ‌တွေ ဘာ‌တွေတက်‌တော့ တချို့‌မေးကြတယ်။ ကရင်မှာ သမိုင်းမရှိဘူး။ ‌သေနတ်ပဲ ရှိတယ် ဆိုတာ ဟုတ်သလား? ကျ‌နော်‌ဖြေလိုက်တယ် .. ကရင်မှာ သမိုင်းလည်းရှိတယ် ‌သေနတ်လည်းရှိတယ် သမိုင်းကို‌သေနတ်နဲ့ ‌စောင့်‌ရှောက်ရတယ်လို့ ‌ပြောလိုက်ပါတယ်။ နိုင်ငံ‌ရေး၊ လူမျိုး‌ရေးကို စည်းရုံး‌ရေးပြန်လည် စုစည်း‌ရေးနဲ့ လုပ်‌ဆောင်ရပါတယ်လို့ ‌ပြောချင်ပါတယ်။ ယခု ကရင်‌တွေဟာ အဓိက စည်းရုံး‌ရေးလိုပါတယ်။ နိုင်ငံ‌ရေးမ‌ပြောနဲ့။ ‌ကျေးရွာတစ်ရွာ‌တောင်မှ မစည်းရုံးနိုင် ဘူး။ နိုင်ငံ‌ရေးပဲဖြစ်ဖြစ်၊ အမျိုးသား‌ရေးပဲဖြစ်ဖြစ် ကရင်လူမျိုး‌တွေဟာ စည်းရုံး‌ရေးကို မထိန်းသိမ်းနိုင်တဲ့အတွက် လိုအပ်ချက်ရှိပါ တယ်။ အမျိုးသား‌ရေးအတွက် ကိုယ့်နိုင်ငံပြန်ပြီး တည်‌ထောင်ကြပါလို့ ‌ပြောချင်ပါတယ်။

“ယ‌နေ့ အနုပညာရှင်‌တွေ မူပိုင်ခွင့် ကိစ္စနဲ့ ပတ်သက်လို့ နည်းနည်း‌လေး ဖြည့်စွက်‌ပြောပြ‌ပေးပါလား” စာ‌ရေးသူက ‌မေးလိုက် ‌တော့ ဆရာလိုက်သိန့်က ‌အောက်ပါအတိုင်း‌ပြောကြားပါသည်။
ကျ‌နော်တို့မှာ KCO လို့‌ခေါ်တဲ့ “Karen Culture Organization” ကရင်အနုသုခုမ အဖွဲ့ဆိုတာ ရှိပါတယ်။ ဒီလိုအဖွဲ့ရှိ‌ပေမဲ့ ကျစ် လစ်ခိုင်မာမှုရှိရမယ်။ အစည်းအ‌ဝေး‌တော့ ပုံမှန် မထိုင်နိုင်ဘူး။
အဲဒီမှာ နာယကဆရာ‌တော်ဦးစန္ဒာရ၊ ကျ‌နော် လိုက်သိန့်၊ မူ.လျား‌ဝေါ်၊ ခီ‌သောင့်ဖြစ်ပြီး ဥက္ကဌ သ‌မော့အဲ‌ဖေါင် အတွင်း‌ရေးမှူး ‌စောလှ‌ထွေး၊ ‌အေစီ၊ ဒုအတွင်း‌ရေးမှူး ‌စောလှ‌ထွေး/အထိန် ဆိုပြီး ဖွဲ့ထားပါတယ်။

‌မေး။ ။ ကရင်မူပိုင်ခွင့် ချိုး‌ဖောက်တဲ့ ခိုးကူး‌ခွေလိုဟာမျိုးနဲ့ ပတ်သက်လို့ ဆရာ့သ‌ထေားကိုသိပါရ‌စေ…
ကျ‌နော်က‌တော့ မှန်တာကိုပဲ မြင်ပြီးမှန်တာကိုဘဲ ‌ပြောမယ်။ မှားများမှားမလားမသိဘူး။ ကျ‌နော်တို့ ကရင်ပြဇာတ်၊ သီချင်း‌တွေ ‌ရေး၊ ဇာတ်လမ်း‌ခွေ‌တွေဟာ ဘယ်ကိုမှ တကူးတက မူပိုင်ခွင့် တင်ထားတာလဲမဟုတ်။ ဒီလိုပဲ အလွှတ်ရိုက်ကူး၊ အလွှတ်ထုတ် ‌ဝေ ပြသ‌နေကြပဲ မဟုတ်လား။ ဒီ‌တော့ ခိုးကူးပြဿနာ‌ပေါ်‌တော့ ဘယ်လိုအ‌ရေးယူနိုင်မလဲ။ ယိုးဒယားမှာသွား‌တော့ ခိုးကူး‌တွေ တဲ့။ ဘယ်လိုလုပ်မလဲ‌ပြောကြ‌တော့ ‌ခွေ‌တွေက တရားဝင်လာတာမှ မဟုတ်ဘဲ ‌ခွေပို ဖြန့်ဖြူးမှု‌ကြောင့် ပိုနာမည်ရနိုင်တယ်။ ပိုပြီး သိများတယ်လို့ တစ်နည်း‌ပြောရရင် ‌ကျေးဇူး‌တောင်တင်ရမယ့်သ‌ဘော မြင်ရပါတယ်။ ဒါက ကျ‌နော်တစ်‌ယောက်ထဲမြင်တာပါပဲ။

နိဂုံး
ဆရာလိုက်သိန့်နှင့် ‌ဆွေး‌နွေး‌ပြောဆိုပြီးမှာ‌တော့ မွန်းလွဲ(၁)နာရီခွဲ‌ချေပြီး။ ဆရာက‌တော် တည်ခင်းဧည့်ခံတဲ့ ယိုးဒယားထုတ် “စမူ ဖလိုက်” ‌ဆေးမြစ်‌ရောစပ်ထားတဲ့ ‌ကော်ဖီတစ်ခွက်‌သောက်လိုက်ပြီး ပြန်ဖို့ခွင့်ပန်လိုက်သည်။
ဆရာ‌ကျော်လိုက်သိန့်ထံမှ အချက်အလက်ဆိုင်ရာ ဓာတ်ပုံများကို ‌ရွေးယူပြီး အိမ်‌ပေါ်မှ ဆင်းလိုက်သည်။ အိန္ဒု-ဇာသပြင်ကား လမ်းသည် လွန်ခဲ့‌သော ဇန်နဝါရီ ၁၁ရက်က မိုးရွာသွန်းထား၍ ရွှံ့ဗွက်များ အနည်းငယ်ရှိ‌နေသည်။ စာ‌ရေးသူသည် ဆရာဇွဲကပင် ‌ကျော်‌လေး အတ္ထုပ္ပတိ္တ‌ရေးတုန်းက ‌ကျော်လိုက်သိန့် ‌သေတ္တာပြင်ပြီး ဇာတ်အဖွဲ့မှ ခွဲထွက်မည့် အချက်အလက်နှင့် ပတ်သက်ပြီး အ‌ရေးအသားများ ဆရာ့အ‌ပေါ် ‌စော်ကားတဲ့ အသုံးအနှုန်းများ ပါဝင်‌နေရင် ခွင့်လွှတ်ပါလို့ ‌တောင်းပန်ပါတယ်။

ဆရာက “လူတိုင်းအားလုံး မမှန်နိုင်ပါဘူး။ ခွင့်လွှတ်ပါတယ်”လို့ ‌ပြောလိုက်သည့်အတွက် စိတ်ထဲ ‌ပေါ့ပါးသွားပါတယ်။
ပွဲကြည့်ပရိဿတ်‌တွေရဲ့ လက်ခုပ်သံကြားမှာ ‌ကျော်ကြားခဲ့သူတစ်ဦးဖြစ်တဲ့ ဆရာဟာ ယခုအခါ ‌ရောဂါ‌ဝေဒနာ‌ကြောင့် ‌နေအိမ် မှာပဲ အနားယူခဲ့ရပြီး ဆရာနှင့် ‌ခေတ်ပြိုင် ‌မောင်ခွက်လုံ၊ ဖလွတ်မိန်လား ယှားမိန်လားတို့မှာ အရင်သွားပါ‌ချေပြီး။ ဆရာလိုက်သိန့်မှာကား …..ယခုအခါ အိမ်ထဲမှာ ‌သေမင်းလာ‌ခေါ်မည့်‌နေ့ကို ‌စောင့်‌နေသလား……
ဆရာ မြန်မြန်ကျန်းမာလာနိုင်ပါ‌စေလို့ ဆု‌တောင်းလိုက်ပါတယ်…

ဤစာစု မူ‌ချောအဖြစ် အဆုံးသတ်ရန်( ၂၈-၁-၂၀၁၇)‌နေ့ မွန်းလွဲ (၂)နာရီတွင် ဆရာ့အိမ်သို့ ‌ရောက်သွားပါသည်။ ဆရာ၏ ဘဝ ဖြစ်စဉ် အတ္ထုပ္ပတိ္တကို KCO ကရင်အနုသုခုမအဖွဲ့မှ လာ‌ရောက်မှတ်တမ်းယူသွား‌ကြောင်း သိရသည်။

“နင့်အတွက်က ‌ဆောင်းပါးတစ်‌စောင်ဆို‌တော့ ဒီ‌လောက်နဲ့ လုံ‌လောက်ပြီးထင်ပါတယ်”ဟု ‌ပြောရှာသည်။ ဆရာလိုက်သိန့် ရရှိ ‌သော အနုပညာလက်မှတ်၊ ဆုတံဆိပ်များကို မှတ်တမ်းတင်ပြီး လိုအပ်သည့် အချက်အလက်အချို့ကို ထပ်မံဖြည့်စွက်သည်။

‌ရွှေကုက္ကိုမှ ချီးမြင့်‌သော ဆုတံဆိပ် ဖားအံကြား‌တောရ‌ကျောင်းမှာ ကျန်‌နေခဲ့၍ လမ်းကြုံ၍ လာပို့‌ပေးပါဟု မှာကြားသည်။ ဟိုး ယခင် (၁)ပတ်၊ (၂)ပတ်‌လောက် ‌တွေ့တာနဲ့ ယခု တစ်ပတ်နှစ်ပတ်‌လောက် ‌တွေ့ကြုံစကား‌ပြောရတာ ဆရာ့သံ နည်းနည်း ‌ပျော့ လာပြီး ဖုန်းစကား‌ပြောလျှင် ယခင်ကလို အသံမမာ‌တော့‌ကြောင်း သတိပြုမိသည်။
ဆရာ့‌နောက်ဆုံးပုံနှင့် ‌နေအိမ်ပုံကို ဓာတ်ပုံမှတ်တမ်းတင်ပြီး ပြန်လာခဲ့သည်။
ကျိုက်သရီး‌ဒေါက်ပိုင်လားဆိုက်
‌ကျော်ထက်ခိုင်(ဖားစည်‌မြေ)
ကတိပြုဝန်ခံချက်
အမည်- ‌စောစိန်သန်း
က‌လောင်- မန်းထက်ခိုင်၊ ‌ကျော်ထက်ခိုင်၊ ဖားစည်‌မြေ
‌နေရပ်လိပ်စာ- မြိုင်က‌လေး၊ ‌ရေ‌ကျော်ရွာ ဖားအံမြို့နယ်
ဖုန်း – ဝ၉-၇၉၁၆၀၉၆၇၂

မှတ်ချက် – ဤစာမူကို ‌ရေးသားသူအ‌နေဖြင့် ‌စော‌ကျော်လိုက်သိန့် မကွယ်လွန်မီက သွား‌ရောက်‌တွေ့ဆုံကာ ‌ရေးသားထားခြင်း ဖြစ်သည်။