Home ထိပ်တန်းသတင်း ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရေခမ်း‌ခြောက်မှုမြန်ဆန်‌သော‌ကြောင့် ‌သောက်သုံး‌ရေရရှိရန် ခက်ခဲ‌နေ

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ‌ရေခမ်း‌ခြောက်မှုမြန်ဆန်‌သော‌ကြောင့် ‌သောက်သုံး‌ရေရရှိရန် ခက်ခဲ‌နေ

2113

မတ် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ယခင်နှစ်ကထက် ‌ရေခမ်း‌ခြောက်လာမှု မြန်ဆန်‌သော‌ကြောင့် လတ်တ‌လော တွင် ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော်မှာ ‌သောက်သုံး‌ရေ ရရှိရန် ခက်ခဲလာသည်ဟု ‌ဒေသခံများထံမှ သိရသည်။

‌ရွှေအင်း၊ ‌ကော့ခမာ၊ မရစ်ကလ၊ ဝါဘိုးကုန်း၊ ကြာအင်း၊ ‌နောင်း‌ဒေ့၊ မဂင်္လာကုန်း၊ ဝင်း‌ထောင်း၊ ပူးလိင်စသည့် ‌ကျေးရွာများ အပါအဝင် ‌ကျေးရွာ‌ပေါင်း ၂ဝ ‌ကျော်တွင် မတ်လဆန်းပိုင်းမှစတင်ကာ ‌ရေများခမ်း‌ခြောက်လာမှု‌ကြောင့် ‌သောက်သုံး‌ရေရရှိရန် ခက်ခဲလာသည်ဟု ‌နောင်း‌ဒေ့ရွာသား နိုင်မြင့်ထွန်းက ‌ပြောသည်။

“‌ချောင်း‌ရေ၊ အဝီစိတွင်းက‌ရေ သုံးမရဘူး။ အဆီပြန်ပြီး အနည်‌တွေများတယ်။ သစ်ရွက်အမှိုက်သရိုက် ‌တွေ၊ နွား‌ချေး‌တွေနဲ့ ‌ချောင်းက‌ရေကို ချိုး‌နေရ‌တော့ က‌လေး‌တွေ ယားယံမှုဖြစ်လာတယ်။ ‌သောက်သုံး‌ရေကို‌တော့ တစ်မိုင်ခွဲ‌လောက်ရှိတဲ့ ခလယ်ရွာဘက်ကို သွားခပ်ရတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။
ထို့အပြင် ယခင်နှစ်က ဧပြီလမှသာ ‌ချောင်း‌ရေ၊ အဝီစိတွင်း‌ရေများ စတင်ခမ်း‌ခြောက်လာသဖြင့် တစ်လခန့်သာ ‌ရေအခက်အခဲရှိ‌ကြောင်း၊ ယခုနှစ်မူ နှစ်လခန့်အထိ ‌ရေအခက်အခဲ ရှိလာနိုင်သည့်အတွက် တာဝန်ရှိသူများအ‌နေဖြင့် အဝီစိ တွင်းများ တူး‌ပေး‌စေလိုသည်ဟု ၎င်းက ဆက်‌ပြောသည်။

ပူးလိင်‌ကျေးရွာအုပ်ချုပ်‌ရေးမှူး မန်းဝင်းထွန်းကလည်း “အရင်နှစ် ဧပြီလ‌လောက်မှ ‌ရေခမ်းလာတာ။ အခုမတ်လ ပထမပတ်က ‌ရေခမ်းပြီး ‌တောင်‌ပေါ်က သွယ်ထားတဲ့‌ရေလည်း နှစ်ရက်တစ်ခါ ‌လှောင်ထားပြီး ရွာကို ဖြန့်‌ပေးတာ‌ပေါ့‌နော်။ ‌ချွေတာပြီး သုံး‌နေရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အဆိုပါ ‌ရေရှားပါးမှု ကြုံ‌တွေ့‌နေရသည့် ‌ကျေးရွာများကို မြို့နယ် မီးသတ်၊ စည်ပင်၊ ‌ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်‌ရေး ဦးစီးဌာနတို့မှ မတ်လ ‌နောက်ဆုံးအပတ်တွင် ‌သောက်သုံး‌ရေများ ဖြန့်‌ဝေ‌ပေးသွားမည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ‌ကျေးလက်‌ဒေသ ဖွံ့ဖြိုးတိုး တက် ‌ရေးဦးစီးဌာန ဦးစီးမှူး ‌စော‌အောင်မျိုးမြင့်မှ ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

ဦးစီးမှူး ‌စော‌အောင်မျိုးမြင့်က “‌ရေရှားတဲ့ရွာ‌တွေကို လူထုဗဟိုပြုစီမံကိန်းနဲ့ ‌ရေရရှိ‌အောင် လုပ်ထား‌ပေးတာ‌တွေ ရှိတယ်။ ပုံမှန်အသုံးပြုလို့ ရနိုင်‌အောင်
ပြည်နယ်က‌နေ ဆီဂါလံ ၂၀ဝ ထုတ်ထား‌ပေးတယ်။ ‌ကျေးရွာအချို့ ‌မြေ‌အောက်‌ရေ အဆီဓာတ် များတယ်။ ‌ပေအနက်တူးလည်း မရဘူး။ ‌သောက်သုံး‌ရေ ရရှိနိုင်‌အောင်‌တော့ နိုင်ငံတကာအဖွဲ့အစည်း‌တွေကို အကူညီ ‌တောင်းထားတယ်”ဟု မတ်လ ၂၃ ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ‌ကျေးရွာအများစုတွင် နှစ်စဉ် ‌နွေရာသီ‌ရောက်တိုင်း ‌သောက်သုံး ‌ရေရှားပါးမှုကို ကြုံ‌တွေ့‌နေရပြီး အစိုးရ ဌာနဆိုင်ရာနှင့် လူမှု‌ရေးအသင်းအဖွဲ့များအ‌နေဖြင့်လည်း နှစ်စဉ် ‌သောက်သုံး‌ရေများလာ‌ရောက် ဖြန့်‌ဝေ‌ပေးရသည်ဟု သိရသည်။