Home ထိပ်တန်းသတင်း ‌ဂေဘားမျိုးနွယ်စုသည် ကရင်လူမျိုးစု‌အောက်တွင်ရှိ‌ကြောင်း စုံညီအစည်းအ‌ဝေးတွင် ထပ်မံအတည်ပြု

‌ဂေဘားမျိုးနွယ်စုသည် ကရင်လူမျိုးစု‌အောက်တွင်ရှိ‌ကြောင်း စုံညီအစည်းအ‌ဝေးတွင် ထပ်မံအတည်ပြု

2815

မတ်၂၄ ရက်၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

‌ဂေဘားမျိုးနွယ်စုသည် ကရင်လူမျိုးစု ‌အောက်တွင်ရှိ‌ကြောင်း ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ‌ပေါ်ရှိ ရိုမန်ကက်သလစ် ဘုရား‌ကျောင်းခန်းမ၌ မတ် ၂၁ ရက်မှ ၂၂ ရက်ထိ ပြုလုပ်ခဲ့သည့် ‌ဂေဘားမျိုးနွယ်စု စုံညီအစည်းအ‌ဝေး တွင် ထပ်မံအတည်ပြုဆုံးဖြတ်လိုက်သည်။

ယခင် အစိုးရအဆက်ဆက်က ‌ဂေဘားမျိုးနွယ်စုများကို ကယား(ကရင်နီ) လူမျိုးစု‌အောက်တွင် မှားယွင်းထည့် သွင်းခဲ့သည့်အ‌ပေါ် မူလ ကရင်မျိုးနွယ်စု‌အောင်တွင် အမှန်ပြန်လည်ထားရှိ‌စေလိုသည့်အတွက် ယခုလို စုံညီ အစည်းအ‌ဝေးတွင် ထပ်မံ အတည်ပြုချက်ရယူခြင်းဖြစ်သည်ဟု ‌ဂေဘား‌ရေးရာ‌ကော်မတီ ဥက္ကဌ ‌စောဂျူးနစ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “‌ဂေဘားဌာ‌နေ တိုင်းရင်းသားအများစုက‌တော့ ကရင်မျိုးနွယ်စုထဲမှာပါဝင်တယ်လို့ ဘိုးဘွားအစဉ်ဆက် ကတည်းက ခံယူကြတယ်။ အဲဒါတစ်ထပ်ထဲဖြစ်‌အောင် ပြန်လည်ကျိုးစားဖို့အစီအစဉ်ရှိတယ်။ ကရင်လူမျိုးစု ‌အောက်မှာ ပြန်လည် ထည့်ဖို့ သက်ဆိုင်ရာအစိုးရအဆင့်ဆင့်ကိုတင်ပြတယ်။ ၂၀၁၄ ခုနှစ်တုန်းက စတင်‌တောင်းဆိုတင်ပြခဲ့တယ်။ အခုထိ တရားဝင် တိတိကျကျ ကျ‌နော်တို့လိုချင်တဲ့ အ‌ဖြေကို ပြန်မရ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ဂေဘားမျိုးနွယ်စု စုံညီအစည်းအ‌ဝေးသို့ ကရင်ပြည်နယ်နှင့် ကယား(ကရင်နီ) ပြည်နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု ၃ဝ ‌ကျော်မှ ‌ဂေဘားမျိုးနွယ်စု
ကိုယ်စားလှယ်များ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ‌တောင်ငူ ခရိုင်ကိုယ်စား လှယ်များ၊ ကရင့်‌ရေးရာ‌ကော်မတီဝင်များ၊ KUPC ‌ကော်မတီဝင်များ၊ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်နှင့် လိပ်သိုမြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ စုစု‌ပေါင်း ၆၀ဝ ဦး‌ကျော် တက်‌ရောက်ခဲ့သည်။

ထိုအပြင် နှစ်ရက်ကြာပြုလုပ်သည့် စုံညီအစည်းအ‌ဝေးတွင် ‌ဂေဘားမျိုးနွယ်စုဝင်များ အ‌ရေးကို ဦး‌ဆောင်လုပ်ကိုင်မည့် ‌ဂေဘား‌ရေးရာ‌ကော်မတီကို အများသ‌ဘောထားဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သလို ‌ဂေဘားမျိုးနွယ်စုများ၏ သမိုင်းနှင့် ယဉ်‌ကျေး မှုဆိုင်ရာ ပြခန်းဖွင့်လှစ်ပြသခဲ့သည်။

ယခုလို ‌ဂေဘားမျိုးနွယ်စုဝင်များသည် ကရင်မျိုးနွယ်စု ဝင်များဖြစ်ဟည်ဟု စုံညီအစည်းအ‌ဝေးတွင် အတည်ပြု ဆုံးဖြတ်ခဲ့မှုအ‌ပေါ် ပြည်နယ်အစိုးရထံ တင်ပြသွားမည်ဟု သံ‌တောင်ကြီးမြို့နယ်၊ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “ ယခင်အစိုးလက်ထက်က ဒီအ‌ရေးနဲ့ပတ်သက်ပြီး ပြည်‌ထောင်စုကိုတင်ပြတယ်။ သူတို့မှာအဟန့်အတား အချုပ် အ‌နှောင် ဖြစ်မယ်လို့ကျ‌နော်က‌တော့ ယုံကြည်တယ်။ သူတို့မလုပ်နိုင်ဘူး။ အ‌ဖြေတိတိကျကျ ပြန်လာတာမရှိဘူး။ အခုအ မှန်အကန်ဖြစ်ဖို့ ကျ‌နော်တို့ပြည်သူလူထုကိုပြန်ချပြတယ်။ လူထုလိုလိုလားလားလက်ခံတယ်။ ပြီးရင် ဒီစည်းအ‌ဝေးက ဆုံး ဖြတ်ချက်အတိုင်း ပြည်နယ်အစိုးရထံ ပြန်တင်ပြမယ်”ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်၊ မတ် ၇ ရက်‌နေ့တွင် ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲ၊ မြသာကုန်း ‌ကျေးရွာ၌ ‌ဂေဘားမျိုးနွယ်စု စုံညီအစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအ‌ဝေးတွင် ‌ဂေဘားမျိုးနွယ်စုဝင်များ ကရင်မျိုးနွယ်စု ဝင်များသာဖြစ်‌ကြောင်း တညီတညွတ်တည်း သ‌ဘောတူ ဆုံးဖြတ်ခဲ့ဖူးသည်။

‌ဂေဘားမျိုးနွယ်စုများသည် ကရင်ပြည်နယ် သံ‌တောင်ကြီး ‌မြောက်ဘက်ခြမ်းတွင် အများစု‌နေထိုင်လျှက်ရှိသလို ကယား(က ရင်နီ)ပြည်နယ် လွိုင်‌ကော်မြို့တွင်လည်း‌နေထိုင်လျှက်ရှိကာ ခန့်မှန်း လူဦး‌ရေ စုစု‌ပေါင်း တစ်သိန်း ‌ကျော်ခန့်ရှိပြီး ‌ဂေဘား စာ‌ပေ၊ အမျိုးသားသီးချင်း စသည်တို့သည် ကရင်မျိုးနွယ်စုများနှင့် အတူတူပင်ဖြစ်သည် ဟု ‌ဂေဘား‌ရေးရာ‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။