Home သတင်း အသ‌ရေဖျက်မှုနှင့် မတရားအသင်းဆက်သွယ်မှု အက်ဥပ‌ဒေများကို ပြင်ဆင်ဖြည့်စွက် (သို့) ဖျက်သိမ်းရန် AAPP တိုက် တွန်း

အသ‌ရေဖျက်မှုနှင့် မတရားအသင်းဆက်သွယ်မှု အက်ဥပ‌ဒေများကို ပြင်ဆင်ဖြည့်စွက် (သို့) ဖျက်သိမ်းရန် AAPP တိုက် တွန်း

2355

‌ဖေ‌ဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

အစိုးရအ‌နေဖြင့် အသ‌ရေဖျက်မှု ဥပ‌ဒေများဖြစ်သည့် ဆက်သွယ်‌ရေး ဥပ‌ဒေ၊ ပုဒ်မ ၆၆ (ဃ)၊ ရာဇသတ်ကြီးပုဒ်မ ၅၀ဝ နှင့် မတရားအသင်းနှင့်ဆက်သွယ်မှု
အက်ဥပ‌ဒေ ၁၇/ (၁)၊ (၂)တို့ကို အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်ရန် (သို့မဟုတ်) ဖျက်သိမ်း ရန် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (မြန်မာနိုင်ငံ)-AAPP က ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် ထုတ်ပြန်သည့် ဇန်နဝါရီလအတွက် နိုင်ငံ‌ရေးအကျဉ်းသားအ‌ခြေအ‌နေပြ လစဉ်အစီရင်ခံစာ၌ တိုက်တွန်းလိုက်သည်။

၎င်းဥပ‌ဒေပုဒ်မများသည် နိုင်ငံသားများ၏ အ‌ခြေခံအ ခွင့်အ‌ရေးများဖြစ်ကြသည့် လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆိုခွင့်နှင့် လွတ်လပ်စွာအသင်းအဖွဲ့ ဖွဲ့စည်းခွင့်များကို ချိုး‌ဖောက်ခြင်းအပြင် လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်‌ရေးအ‌ပေါ် ‌နှောင့်‌နှေးထိခိုက်‌စေခြင်း‌ကြောင့် တိုက်တွန်းခြင်း ဖြစ်‌ကြောင်း AAPP အတွင်း‌ရေးမှူး ကိုတိတ်နိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကိုတိတ်နိုင်က “အဓိက က‌တော့ ဒါ‌တွေက အ‌ခြေခံလူ့အခွင့်အ‌ရေး အချက်(၃၀)ထဲမှာ ပါ‌နေတဲ့ ဒီအ‌ခြေခံ လူ့အခွင့်အ‌ရေး‌တွေကို အဟန့်အတားဖြစ်‌စေတယ်လို့ ကျ‌နော်တို့အ‌နေနဲ့မြင်ပါတယ်။ ဒါ‌ကြောင့်မို့လို့လည်း ဒီဥပ‌ဒေ ‌တွေကိုပြန်စဉ်းစားသင့်တယ်၊ စိစစ်သင့်တယ်လို့‌ပြောတာပါ״ဟု ‌ပြောဆိုသည်။

၎င်းအပြင် လက်ရှိတွင် ငြိမ်းချမ်း‌ရေးကိုရနိုင်ရန် အစိုးရ၊ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူလူထု အဖက် ဖက်တို့မှ ကြိုးစား‌ဆောင်ရွက်‌နေစဉ် မတရားအသင်းနှင့်ဆက်သွယ်မှုအက်ဥပ‌ဒေပုဒ်မ ၁၇/၁ ကဲ့သို့ ဥပ‌ဒေမျိုးကို ကနဦး ရုပ်သိမ်းခြင်းဖြင့် ငြိမ်းချမ်း‌ရေးကို အလျင်အမြန်ရနိုင်သည့်အချက်အဖြင့် မြင်မိ‌ကြောင်းလည်း ကို တိတ်နိုင်က ဆက်‌ပြောသည်။

အဆိုပါ လစဉ်အစီရင်ခံစာ၌ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ တစ်လအတွင်း နိုင်ငံ‌ရေးလှုပ်ရှားမှုများ‌ကြောင့် ဖမ်းဆီးထိန်းသိမ်းခံ ထားရသူ ၂၅ဝ ဦးရှိပြီး ၎င်းထဲမှ နိုင်ငံ‌ရေးအကျဉ်းသားအဖြစ် အကျဉ်းကျ‌နေသူ ၈၆ ဦးနှင့် တက်ကြွလှုပ်ရှား သူ ၉ဝ ဦးသည် ‌ထောင်တွင်းမှ‌နေ၍ တရားရင်ဆိုင်‌နေရပြီး ၇၄ ဦးသည် ‌ထောင်ပြင်ပမှ‌နေ၍ တရားရင်ဆိုင်‌နေရသည်ဟု ‌ဖော်ပြပါရှိသည်။

ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် တရားစွဲဆိုခံရမှုအများစုတွင် လယ်သမား၊ ‌ကျောင်းသား၊ နိုင်ငံ‌ရေးပါတီဝင်များ အပြင် တပ်မ‌တော်နှင့် တိုင်းရင်းသား ‌တော်လှန်‌ရေးလက်နက်ကိုင်အဖွဲ့အစည်းများအကြားဖြစ်ပွားသည့် တိုက်ပွဲ‌ဒေသရှိ တိုင်းရင်းသား‌ဒေသခံပြည်သူလူထုများနှင့် အပစ်ရပ် လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားအဖွဲ့အစည်း အဖွဲ့ဝင်များပါဝင်သည်ဟု AAPP ၏ အစီရင်ခံစာတွင် ‌ဖော်ပြထားသည်။

ပြည်‌ထောင်စု‌ရှေ့‌နေများနှင့် ဥပ‌ဒေအ‌ထောက်အကူပြုသူများအဖွဲ့၏ ယာယီတာဝန်ခံ တရားလွှတ်‌တော်‌ရှေ့‌နေ ဦးကြီးမြင့်က “(၁၇/၁) နဲ့ပတ်သက်လို့ လုံးဝဖျက်သိမ်းတာ‌တော့ အစိုးရက လက်ခံမှာမဟုတ်ဘူး။ ငြိမ်းချမ်း‌ရေး ကာလမှာ လက်မှတ်‌ရေးထိုးထားတဲ့ အဖွဲ့အစည်း‌တွေအ‌ပေါ်မှာ (၁၇/၁)နဲ့ အ‌ရေးယူတာ‌တော့ ဒါက‌တော့မူအရ လုံးဝမဖြစ်သင့်ဘူး။ မထိုး‌သေးတဲ့ အဖွဲ့‌တွေနဲ့ပတ်သက်လို့ ဘယ်လို‌ကြောင့် ဒီ (၁၇/၁)နဲ့အ‌ရေးယူတယ်ဆိုတာလဲ စိစိစစ်စစ်လုပ်သင့်တယ်လို့ ကျ‌နော်က‌တော့ ဒီလိုပဲသ‌ဘောရပါတယ်״ ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် သတင်းမီဒီယာဥပ‌ဒေရှိ‌သော်လည်း စာနယ်ဇင်သမားများအ‌ပေါ် ဆက်သွယ်‌ရေးဥပ‌ဒေပုဒ်မ ၆၆(ဃ) ဖြင့်အ‌ရေး ယူခြင်းသည် ဥပ‌ဒေအသုံးပြုမှု မှားယွင်း‌နေပြီး ပြည်သူလူထုများအ‌ပေါ် အသ‌ရေဖျက်မှုဖြင့် အ‌ရေးယူ ရာတွင် အဆိုပါ ဆယ် သွယ်‌ရေးဥပ‌ဒေဖြင့် အ‌ရေးယူ‌နေခြင်းသည် မှန်ကန်ခြင်းမရှိ‌ကြောင်းလည်း တရားလွှတ်‌တော် ‌ရှေ့‌နေ ဦးကြီးမြင့်က ‌ထောက်ပြ ‌ပြောဆိုသွားသည်။

AAPP သည် နိုင်ငံ‌ရေးအကျဉ်းသားအားလုံး လွတ်‌မြောက်လာ‌စေ‌ရေးနှင့် ၎င်းတို့‌ထောင်တွင်း‌နေထိုင်စဉ် လူမှု ဘဝတိုးတက် ‌ရေးများအတွက် ‌ထောက်ခံအား‌ပေးမှုများနှင့် တိုက်တွန်းလှုံ့‌ဆော်မှုများပြုလုပ်‌ပေးနိုင်ရန် ၂၀၀ဝ ခုနှစ်တွင် ထိုင်း-မြန်မာ နယ်စပ်တွင် အ‌ခြေပြုဖွဲ့စည်းခဲ့သည့် အဖွဲ့ဖြစ်သည်။