ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် -DKBA (ကလို့ထူးဘောအဖွဲ့)၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ရွှေမြ စန္ဒီမြို့ပြစီမံကိန်းအတွက် မြဝတီမြို့နယ်အတွင်း မဲကနယ်၊ အပြင် မဲကနယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများအား မြေနေ ရာ များချထားပေးလျှက်ရှိကြောင်း ထိုစီမံကိန်းကို ဦးဆောင်အကောင်အထည်ဖော်ဆောင်သူများက ပြောသည်။
အဆိုပါ မြေနေရာများကို DKBA ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးစောစတီး၊ မြန်မာအစိုးရတပ်မတော်လက်အောက်ခံ ကရင် နယ်ခြားစောင့်တပ် -BGF အမှတ်(၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်၊ KNU ကော့ကရိတ်မြို့နယ် ဥက္ကဌ ပဒိုစောမော ထူးတို့မှ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဒေသခံများနှင့်တွေ့ဆုံပြီး ပေး အပ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းရွှေမြ စန္ဒီမြို့ပြစီမံကိန်း တာဝန်ခံ စောညီညီက ပြောသည်။
၎င်းက “အရင်ကဒီမြေတွေက ပလပ်မြေတွေဖြစ်ပါတယ်။ ဒီကေဘီအေ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ်တို့ရဲ့လမ်းညွှန် မှုနဲ့အညီ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်တဲ့အနေနဲ့ အဲဒီကျေးရွာအုပ်စုတွေထဲက ဒေသခံတွေ၊ အိုးအိမ်မဲ့ဖြစ်နေတဲ့သူတွေ၊ မရှိ ဆင်းရဲ သားတွေအတွက် ရည်ရွယ်ပြီးတော့ အခုလို စီစဉ်ပေး တာ ဖြစ်ပါတယ်”ဟု ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ထိုသို့ မြေနေရာများချထားပေးရာတွင် အတွင်းမဲကနယ်ကျေးရွာအုပ်စုအတွင်းရှိ ဒေသခံများအား အိမ်ထောင်စု တစ်ခုလျှင် ပေ ၈ဝ ပတ်လည်အကျယ်ရှိ မြေကွက်ပေါင်း ၅၄၇ ကွက်၊ အပြင်မဲကနယ် ဒေသခံ များအား ပေ ၄၀-၆ဝ အကျယ်ရှိမြေ ကွက်ပေါင်း ၁၃ဝ ကွက်ကို အသီးသီးပေးအပ်ခဲ့သည်ဟု သိရသည်။
၎င်းအပြင် စီမံကိန်းတွင် ပါရှိသည့် လစ်လပ်မြေကွက်(၁၉၀၀)အား မြဝတီခရိုင်အတွင်းရှိ မြေယာမဲ့ ပြည်သူများ၊ ပညာရေး၊ ကျန်းမာရေး၊ စစ်မှုထမ်းနှင့် အခြားဝန်ထမ်းများအတွက် တန်ဘိုးနည်းအိမ်ယာအဖြစ် သတ်မှတ်ကာ နိုင်ငံတော် အစိုးရထံ လန-၃ဝ (လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်) လျှောက်ထားပြီး
ခွင့်ပြုပါက အဆိုပါ ဒေသခံများထံ ပြန်လည်လွှဲ ပြောင်းပေးအပ်မည်ဖြစ်ကြောင်းလည်း ယင်းစီမံကိန်း တာဝန်ခံ စောညီညီက ဆက်ပြောသည်။
အဆိုပါ မြေနေရာများရရှိထားသူများအနေဖြင့် ၃ လအတွင်း အိမ်ဆောက်ရမည်ဖြစ်ကာ ၁၁ နှစ်အထိ လွှဲပြောင်းရောင်း ချခြင်းမပြုလုပ်ရသလို ၎င်းစည်းကမ်းချက်များကို ဖောက်ဖျက်ပါက ပြန်လည် သိမ်းဆည်းခံရမည့် စည်းကမ်းချက်များ သတ်မှတ်ထားကြောင်းလည်း သိရသည်။
ကရင်ပြည်နယ် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး စောမြင့်ဦးက “ဒီကိစ္စက ပြည်နယ် အနေနဲ့ မ သိသေးပါဘူး။ အဲ့လို လန-၃ဝ တင်တဲ့စာလည်း မဝင်သေးပါဘူး။ အခုလိုလာမေးမှ ကျနော်တို့ သိတာပါ။ အောက်ခြေမြို့ နယ် တာဝန်ရှိသူတွေကို စိစစ်ခိုင်းပါ့မယ်။ ကျနော်တို့ သိတာကတော့ မြဝတီမှာ အမှတ် ၆ ရပ်ကွက်နဲ့ ၇ ရပ်ကွက် ဆိုပြီးရပ် ကွက်သစ် စီမံကိန်း လျာထားချက်တော့ ပြည်နယ်အနေနဲ့လမ်းညွှန်ထားတာတော့ရှိတယ်။ ဒီလို ရွှေမြစန္ဒီမြို့ကွက် သစ်ဖော်တာတော့ ကျနော်တို့ မသိသေးပါဘူး”ဟု ကေအိုင်စီသို့ ယနေ့ (ဖေဖော်ဝါရီ ၁၅)တွင် ပြောဆိုသည်။
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် -DKBA သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA လက် မှတ်ရေးထိုးထားသည့် ကရင်လက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ယခုမြို့ပြစီမံကိန်းကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် စတင်ဖော်ဆောင်နေခြင်းဖြစ်ကြောင်း DKBA မှ ရွှေမြစန္ဒီမြို့ပြစီမံကိန်း တာဝန်ခံ စောညီညီက ပြောသည်။



















