Home ထိပ်တန်းသတင်း ဒုတိယအကြိမ်၂၁ ပင်လုံညီလာခံတွင် ဖက်ဒရယ်ပြည်‌ထောင်စုစနစ်အ‌ခြေခံမူ ချမှတ်နိုင်မည်ဟု KNU ‌မျှော်လင့်

ဒုတိယအကြိမ်၂၁ ပင်လုံညီလာခံတွင် ဖက်ဒရယ်ပြည်‌ထောင်စုစနစ်အ‌ခြေခံမူ ချမှတ်နိုင်မည်ဟု KNU ‌မျှော်လင့်

1720

‌ဖေ‌ဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောညွန့်‌သောင်း

‌နေပြည်‌တော်တွင် လာမည့် မတ်လ ဒုတိယအပတ်ခန့်တွင် ကျင်းပမည့် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေး၌ ဖက်ဒရယ်ပြည်‌ထောင်စုစနစ် အ‌ခြေခံမူချမှတ်နိုင်မည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံးက ‌မျှော်လင့်သည်။

အမျိုးသားအဆင့်နိုင်ငံ‌ရေး ‌ဆွေ‌နွေးပွဲတွင် အ‌ကြောင်းအရာအလိုက် ရရှိထားသည့် အမြင်သ‌ဘောများကို ပြည် ‌ထောင် စုငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ -UPDJC မှ တစ်ဆင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံသို့ ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး ယင်းညီလာခံတွင် ဖက်ဒရယ်ပြည်‌ထောင်စုစနစ်၏ အ‌ခြေခံမူများအား ချမှတ်နိုင်မည် ဟု ‌မျှော်လင့်‌ကြောင်း KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လာမယ့်ညီလာခံမှာ ချမှတ်ထားတဲ့ အ‌ကြောင်းအရာ ၅ ခုကိုသာ ‌ဆွေး‌နွေးသွားရမှာဖြစ်တယ်။ ဘယ်ကဏ္ဍကို အရင်‌ဆွေး‌နွေးသွားမလဲကို‌တော့ ညှိနှိုင်းကြရဦးမယ်။ နိုင်ငံ‌ရေး ကဏ္ဍမှာ‌တော့ ဖက်ဒရယ် ဒီမိုက‌ရေစီကို တည် ‌ဆောက်မယ့် အ‌ခြေခံကို ‌ဆွေး‌နွေးသွားရမှာဖြစ်တယ်။ အဲဒီ အ‌ခြေခံမူကို ချမှတ်နိုင်မယ်လို့ ‌မျှော်လင့်တယ်”ဟု သူက ‌ပြောသည်။

ဒီမိုက‌ရေစီ ဖက်ဒရယ်စနစ်သည် မြန်မာနိုင်ငံကို ပြန်လည်တည်‌ဆောက်ရာ၌် မဖြစ်မ‌နေကျင့်သုံးရမည့် စနစ် ဖြစ် သည်ကို တိုင်းရင်းသားများအားလုံးက လက်ခံယုံကြည်ထားကြ‌သော်လည်း ပြီးပြည့်စုံသည့် ဒီမိုက‌ရေစီ ဖက်ဒရယ်ဖြစ်ရမည်ဟု ချင်းအမျိးသားတပ်ဦး -CNF ဒုတိယဥက္ကဌ ဆလိုင်းလျန်မှုန်းဆာ‌ခေါင်းက ‌ပြောသည်။

၎င်းက “လာမယ့်ငြိမ်းချမ်း‌ရေးညီလာခံမှာ ပြီးပြည့်စုံတဲ့ ဒီမိုက‌ရေစီ အ‌ခြေခံမူ‌တွေနဲ့ ပြီးပြည့်စုံတဲ့ ဖက်ဒရယ် စနစ်ရဲ့အ ‌ခြေခံမူ‌တွေကို ကျ‌နော်တို့ သ‌ဘောတူသွားမှာဖြစ်တယ်။ ဒီအတွက်ကိုလည်း ကျ‌နော်ယုံကြည်ပါတယ်” ဟု ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောစာချုပ် -NCA တွင် လက်မှတ်မ‌ရေးထိုးထားသည့် ရခိုင်ပြည် အမျိုးသား‌ကောင်စီ-ANC ၏ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးလည်းဖြစ် ညီညွတ်‌သောတိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ် ‌ကောင်စီ-UNFC ၏ တွဲဖက်အတွင်း‌ရေးမှူး (၁)လည်းဖြစ်သူ ကိုထွန်း‌ဇော်က “ကျ‌နော်တို့မြင်တာက အားလုံး ပါဝင်မှုမရှိရင်‌တော့ ဒီအခင်းအကျင်းဟာ ရလဒ်‌ကောင်းထွက်မှာ မဟုတ်ပါဘူး။ အဓိပ္ပာယ်ပြည့်ဝမှာ မဟုတ်သလို အနှစ်သာရလည်း ရှိမှာမဟုတ်ပါဘူး”ဟု သုံးသပ်သည်။

ငြိမ်းချမ်း‌ရေးသည် ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေ ပြင်ဆင်‌ရေးအတွက် နည်းလမ်းတစ်ခုဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် NCA တွင် အားလုံးလက်မှတ်‌ရေးထိုးရန် လိုလားသည်ဟု UPDJC ၏ နိုင်ငံ‌ရေး ပါတီများ အစုအဖွဲ့မှ အတွင်း‌ရေးမှူး ရန်ကုန်တိုင်း လူမှု‌ရေးဝန်ကြီး ဦးနိုင်ငံလင်းက အကြံပြု ‌ပြောဆို သည်။

KNU အဖွဲ့သည် နိုင်ငံ‌တော်သမ္မတဦးသိန်းစိန်လက်ထက် ‌အောက်တိုဘာ ၁၅ ရက်‌နေ့၊ ၂၀၁၅ ခုနှစ်တွင် အစိုးရ နှင့် NCA စာချုပ် ချုပ်ဆိုထားသည့် အဖွဲ့ ၈ဖွဲမှ တစ်ဖွဲ့အပါအဝင်ဖြစ်သည်။ လက်မှတ်မ‌ရေးထိုး‌သေးသည့် အ ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ ကချင်လွတ်လပ်‌ရေးအဖွဲ့-KIO၊ ကရင်နီအမျိုးသားတိုး တက်‌ရေးပါ တီ-KNPP၊ မြန်မာအမျိုးသားဒီမိုက‌ရေစီ-NDAA ၊ မွန်ပြည်သစ်ပါတီ-NMSP၊ နာဂအမျိုးသားဆိုရှယ်လစ်ပါတီ -NSCN-K၊ ရှမ်းပြည်တိုးတက်‌ရေးပါတီ/ရှမ်းပြည်တပ်မ‌တော်SSPP /SSA ၊ ပ‌လောင်ပြည်လွတ်‌ရေးတပ်ဦး/တ အာင်းအမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -PSLF/TNLA ၊ “၀”ပြည်‌သွေးစည်းညီညွတ်‌ရေးတပ်မ‌တော်/ပါတီ -UWSA /UWSPတို့ ဖြစ်ကြသည်။