Home သတင်း တပ်မ‌တော်နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်တိုက်ပွဲဖြစ်လာမည်ကို ‌ဒေသခံများစိုးရိမ်

တပ်မ‌တော်နှင့် မွန်ပြည်သစ်ပါတီ နှစ်ဖက်တိုက်ပွဲဖြစ်လာမည်ကို ‌ဒေသခံများစိုးရိမ်

2754

‌ဖေ‌ဖော်ဝါရီ ၁၆ ရက်။ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

မွန်ပြည်သစ်ပါတီ -NMSP လက်‌အောက်ခံ မွန်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -MNLA စခန်းများဖြစ်သည့် ဇီးနှစ်ပင်နှင့် ဘုရား‌တောင်စခန်းကို ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်‌နေ့တွင် မြန်မာ့တပ်မ‌တော်မှ ဖယ်ရှားလိုက်သည့် အ‌ပေါ် နှစ်ဖက် စစ်‌ရေး အ‌ခြေအ‌နေ တင်းမာလာပြီး တိုက်ပွဲဖြစ်ပွားလာမည်ကို ‌ဒေသခံများ စိုးရိမ်မှုရှိသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရား‌တောင်မွန်ပြည်သစ်ပါတီစခန်းနှင့် သံဖြုဇရပ်မြို့နယ် ဇီးနှစ်ပင်‌ကျေးရွာ စခန်းများကို ‌ဖေ‌ဖော်ဝါရီ ၁၄ ရက်က မြန်မာ့တပ်မ‌တော်မှ ဖယ်ရှားခဲ့ပြီး ‌ရေးမြို့နယ် မွန်ပြည်သစ်ပါတီဆက်ဆံ‌ရေးရုံးတွင်လည်း ဝင်‌ရောက်ရှာ‌ဖွေမှု ပြုလုပ်ခဲ့ပြီး‌နောက် နှစ်ဘက်အ‌ခြေအ‌နေ တင်းမာလာမှု‌ပေါ် ‌ဒေသခံ ပြည်သူများက ယခုလို စိုးရိမ် လာခြင်းဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။

ဘုရားသုံးဆူမြို့ခံ မင်း‌ကောင်‌အောင်က “စစ်တပ်ဘက်က ဒီမှာ ‌နေရာယူထားတယ်။ ‌လော‌လောဆယ် ဘာမှ မဖြစ် ‌သေးဘူး။ ည‌နေပိုင်းအလုပ်‌တွေ ‌စော‌စောပြန်လာကြတယ်။ တစ်ချို့စားစရာ‌တွေ အထုပ်အပိုး‌တွေ ပြင်ဆင်ထားတယ်။ အ‌ခြေအ‌နေက ဘယ်လိုမှန်း မသိဘူး‌ပေါ့‌နော်။ တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ကြတယ်”ဟု ‌ဖေ‌ဖော်ဝါရီ ၁၆ရက်‌နေ့ ‌ကေ အိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီး ၊ ဘုရားသုံးဆူရှိ မွန်ပြည်သစ်ပါတီမှ တပ်စခန်းချထားသည့်‌ကျေးရွာများတွင် စစ်ဖြစ်လာမည်ကို စိုးရိမ်ထိတ်လန့်မှု‌ကြောင့် ၎င်း‌ဒေသရှိ ‌ဒေသခံအချို့သည် နယ်စပ်ဖြတ်ပြီး ထိုင်းဘက်ခြမ်း ကန်ချနဘူရီခ ရိုင်၊ ဆန်ခလဘူရီမြို့နယ်တွင် ဝင်‌ရောက်ခိုလှုံမှု များရှိခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ မွန်ပြည်သစ်ပါတီနှင့် တပ်မ‌တော်တို့ နှစ်ဖက်အ‌ခြေအ‌နေအ‌ပေါ် မွန်ပြည်သစ်ပါတီ မှ ဗဟို‌ကော်မတီဝင် နိုင်ဗွန်သာခိုင်က “‌လော‌လောဆယ်အ‌ခြေအ‌နေ ‌ပြောဆိုမရ‌သေးပါ။” ဟု ယ‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၆ ရက်)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် အရပ်သား အပစ်ခတ်‌စောင့်ကြည့်‌ရေးအဖွဲ့-CMM မှ ဒုဥက္ကဌ ဦးမင်းမင်းနွယ်က “ဒီမနက် ကြားရတာက မွန်ပြည်သစ်ပါတီက ‌ခေါင်း‌ဆောင်‌တွေ ‌မော်လမြိုင်ဆင်းလာပြီး တိုင်းမှူး‌သော်လည်း‌ကောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူ ‌တွေနဲ့ ညှိနှိုင်း‌ဆွေး‌နွေးမှုလုပ်မယ်လို့ သိရတယ်။ အတည်‌တော့ မပြုနိုင်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ငြိမ်းချမ်း‌ရေး တည်‌ဆောက်‌နေသည့်ကာလအတွင်း စစ်‌ရေးအရ ဖိအား‌ပေးမှုများမှာ ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန် ခက်ခဲနိုင်ပြီး ကတိကဝတ်မူ‌ဘောင် စာချုပ်လက်မှတ်‌ရေးထိုးသည့် အချက်အလက်‌ပေါ်တွင် ညှိနှိုင်း ‌ဆောင်ရွက်သင့် သည်ဟု ဦးမင်းမင်းနွယ်က ဆက်‌ပြောသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်‌နေ့မှ စတင်ကာ အစိုးရတပ်မ‌တော်နှင့် အပစ်ခတ် ရပ်စဲ‌ရေးကာလ အနှစ် ၂ဝ ‌ကျော်ကြာ သ‌ဘောတူညီမှုရရှိထား‌သော်လည်း ၂၀၁ဝ ခုနှစ် ဧပြီလတွင် အစိုးရ၏ နယ်ခြား‌စောင့်တပ်ဖွဲ့စည်းခြင်းကို လက်မခံခဲ့သည့်အတွက် အပစ်အခတ်ရပ်စဲ‌ရေး ပျက်ပြယ်သွားခဲ့သည်။

ထို့‌နောက် ၂၀၁၁ ခုနှစ် ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုများ ထပ်မံပြုလုပ်ခဲ့ရာ ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် ပြည်‌ထောင်စုအဆင့်တို့တွင် အပစ်အခတ်ရပ်စဲခဲ့ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ကို လက်မှတ် ‌ရေးထိုးနိုင်ခြင်းမရှိ‌သေး‌သော်လည်း လက်ရှိ NCA အရ အ‌ကောင်အထည်‌ဖော်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ဆက်လက်ပါဝင်နိုင်ရန် ကြိုးပမ်း‌နေဆဲဖြစ်သည်။