Home သတင်း ၂၁ ပင်လုံ ညီလာခံ ရက်‌ရွှေ့မှု‌ကြောင့် ကွန်ဂရက်ကျင်းပမည့်ရက်ကို ပြန်လည်‌ဆွေး‌နွေးနိုင်ဖွယ်ရှိဟု KNU ‌ပြော

၂၁ ပင်လုံ ညီလာခံ ရက်‌ရွှေ့မှု‌ကြောင့် ကွန်ဂရက်ကျင်းပမည့်ရက်ကို ပြန်လည်‌ဆွေး‌နွေးနိုင်ဖွယ်ရှိဟု KNU ‌ပြော

2392

‌ဖေ‌ဖော်ဝါရီ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌နေပြည်‌တော်တွင် ကျင်းပမည့် ဒုတိယအကြိမ် ၂၁ ပင်လုံညီလာခံ ကျင်းပမည့်ရက်ကို ရက်‌ရွှေ့ဆိုင်းလိုက်သည့်အတွက် မတ်လ ၁၄ ရက်‌နေ့တွင် စတင်ကျင်းပရန် စီစဉ်ထားသည့် ၁၆ ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကွန်ဂရက် ကျင်းပမည့်ရက် သတ်မှတ်ထားမှုများနှင့်ပတ်သက်ပြီး အဖွဲ့အတွင်း ပြန်လည်‌ဆွေး‌နွေးရမည့် အ‌ခြေအ‌နေဖြစ်‌ပေါ် လာနိုင်ဖွယ်ရာရှိ‌ကြောင်း KNU ‌ခေါင်း‌ဆောင်များထံမှ သိရသည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောကွယ်ထူးဝင်းက “KNU ကွန်ဂရက်ကို ၁၄ ရက်‌နေ့မှာ စမယ်လို့ ကျ‌နော်တို့ သတ်မှတ်ထားတယ်။ ‌ရွှေ့မယ်၊ မ‌ရွှေ့ဘူးဆိုတာကို ကျ‌နော်တို့ ဘာမှမ‌ပြော‌သေးဘူး။ ကျ‌နော်တို့ ဘာမှမ‌ဆွေး‌နွေးရ ‌သေးတဲ့အတွက် အရင်အတိုင်းပဲ ဆက်ရှိဦးမယ်။ ကျ‌နော်တို့ ကွန်ဂရက်အ‌ပေါ် ထိခိုက်မှုရှိလား၊ မရှိဘူးလားဆိုတာက ကျ‌နော်တို့ရဲ့ ဆုံးဖြတ်ချက်အ‌ပေါ်မှာပဲ မူတည်တယ်။ အဲဒါက‌တော့ အတိအကျ မ‌ပြောနိုင်‌သေးဘူး။ ကျ‌နော်တို့ ပြန်‌ဆွေး ‌နွေးမှပဲ ။ အခုက‌တော့ ကျ‌နော်တို့ ဘာမှမ‌ဆွေး‌နွေး‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအ‌ဝေးကို ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်‌နေ့တွင် ကျင်းပရန် ကနဦး သတ်မှတ်ထားရာမှ မတ်လအတွင်း ကျင်းပရန် ရက်‌ရွှေ့ဆိုင်းလိုက်သည့်အပြင် ဆိုင်းငံ့ထားသည့် CNF ၏ ချင်းအမျိုး သားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအား ယခုလအတွင်း ကျင်းပရန် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှုပူးတွဲ ‌ကော်မတီ -UPDJC မှ ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်‌နေ့တွင် ခွင့်ပြုလိုက်သည်ဟုလည်း သိရသည်။

၂၁ ပင်လုံ ညီလာခံကျင်းပမည့်ရက် အတိအကျကို -UPDJC မှ တရားဝင်ထုတ်ပြန်‌ပြောဆိုထားခြင်း မရှိ‌သေး‌သော်လည်း အဆိုပါ ညီလာခံကို မတ်လ ၁၅ ရက်‌နေ့တွင် ကျင်းပရန် လျာထားချက်များရှိ‌ကြောင်းနှင့် KNU ကွန်ဂရက် ကျင်းပမည့်ရက် ကို ပြန်သုံးသပ်‌ပေးရန် ငြိမ်းချမ်း‌ရေး‌ကော်မရှင်-PCမှ KNUထံ ‌တောင်းဆိုမှုများ ပြုလုပ်ထား‌ကြောင်း UPDJC နှင့် နီး စပ်သူ တစ်ဦးထံမှ သိရသည်။

အလားတူ KNU မှ မတ်လ ၁၄ ရက်‌နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် ၁၆ ကြိမ်‌မြောက် ကွန်ဂရက်တွင် ကရင် လက်နက် ကိုင်အဖွဲ့အစည်းများ၊ ပြည်တွင်းရှိ ကရင်နိုင်ငံ‌ရေးပါတီများ၊ ကရင်လူမှုအဖွဲ့အစည်းများ၊ ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများ ပထမဆုံးအကြိမ် ပါဝင်လာမည်ဖြစ်သည့်အတွက် ကရင်အမျိုးသားအစည်းအရုံးအတွက် အ‌ရေးကြီးသည့် ကွန်ဂရက်လည်း ဖြစ်သည်။

အဆိုပါ ၁၆ ကြိမ်‌မြောက် KNU ကွန်ဂရက်ကို ပြီးခဲ့သည့် ၂၀၁၆ နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်မှုများရှိရာမှ လက်ရှိ ‌ဖော်‌ဆောင်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ‌ကြောင့် မတ်လ ၁၄ ရက်‌နေ့တွင် ကျင်းပရန် ‌ရွှေ့ ဆိုင်းလိုက်ရသည့်အတွက် ‌နောက်တစ်ကြိမ်ထပ်မံ‌ရွှေ့ဆိုင်းရမည့်အ‌ခြေအ‌နေများဖြစ်‌ပေါ်လာမည်ကို အချို့‌သော ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များအကြား ‌ဝေဖန်မှုများရှိ‌နေသည်။