Home သတင်း ပြည်တွင်းဋ္ဌာ‌နေမဲ့ စာသင်‌ကျောင်းများ စု‌ပေါင်း၍ (၁၅)ကြိမ်‌မြောက် ‌ကျောင်းသားစုံညီပွဲ‌တော် ကျင်းပပြီးစီး

ပြည်တွင်းဋ္ဌာ‌နေမဲ့ စာသင်‌ကျောင်းများ စု‌ပေါင်း၍ (၁၅)ကြိမ်‌မြောက် ‌ကျောင်းသားစုံညီပွဲ‌တော် ကျင်းပပြီးစီး

1592

နိုဝင်ဘာ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

ပြည်တွင်းဋ္ဌာ‌နေမဲ့ပြည်သူ (IDP) စာသင်‌ကျောင်းများစု‌ပေါင်းပြီး ၁၅ကြိမ်‌မြောက် ‌ကျောင်းသားစုံညီပွဲ‌တော်ကို ကရင်အမျိုးသား အစည်းအရုံး-KNU ၏ ထိန်းချုပ်နယ်‌မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်း၌ ယခုလ နိုဝင်ဘာလ ၂၂ရက်မှ ၂၄ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

ပိုင်ကျုံမြို့နယ် IDP ‌ကျောင်းသားစုံညီပွဲ‌တော်တာဝန်ခံ ‌စောရိန်းဘိုးက “ကျ‌နော်တို့ ရည်ရွယ်တာက‌ကျောင်း‌တွေ ပိုပြီးရင်းနှီးမှု များလာ‌အောင်ပါ။ ‌မျှော်မှန်းတာက ပညာ‌ရေးကို တန်ဖိုးထားတတ်ဖို့ရယ်။ ‌ကျောင်းသားဖြစ်‌စေ၊ ‌ကျောင်းဆရာ‌တွေဖြစ်‌စေ ကိုယ့် ကိုယ်ကို ပိုပြီး‌တော့ ယုံကြည်မှု ပိုရှိလာ‌အောင်နဲ့ ရိုးရာယဉ်‌ကျေးမှုကို ပိုပြီး‌တော့မှ ထိန်းသိမ်းသွားဖို့ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမြို့နယ်ရှိ ၊ ဝါ့မီကလား‌ကျေးရွာအုပ်စု၊ က‌လေ့မို့ခီး‌ကျေးရွာ၌ ကျင်းပပြုလုပ်သည့် ‌ကျောင်းသားပွဲ‌တော်တွင် ကွဲပြား‌နေသည့် ကရင့်လက်နက်ကိုင်အသီးသီး၏ မတူညီကွဲပြားသည့် ‌ဒေသနှင့် အုပ်ချုပ်‌ရေး‌အောက်တွင် တည်ရှိ‌နေသည့် ကရင်‌ကျောင်းသူ/ ‌ကျောင်းသား၊ ဆရာ/ဆရာမများအကြားတွင် စိတ်သ‌ဘောထားနှင့် အမြင်တူညီမှုရှိ‌စေရန်အတွက် ထိုကဲ့သု့ိ စုံညီပွဲ‌တော်ကို ပြု လုပ်ခြင်းဖြစ်သည်ဟုလည်း ‌စောရိန်းဘိုးက ဆက်‌ပြောသည်။

၎င်းပြည်တွင်းဋ္ဌာ‌နေမဲ့ ‌ကျောင်းသားစုံညီပွဲ‌တော်တွင် က‌လေ့မို့ခီး‌ကျောင်း၊ က‌လေ့ဖိုးကလိုး၊ မဲ့လာအားခီး၊ မဲ့လာအားထာ့၊ နိုဘိုး၊ ‌စေဖိုးခီး၊ မယ်ကဲ၊ ဘို‌ဘော်‌လေး၊ ထီးတို‌ကော်၊ ‌မော်ဖိုး‌ကေနှင့် ‌မော်ပယ်ခို စသည့် ကရင်ပညာ‌ရေးဋ္ဌာန-KED ထိန်းချုပ်မှု‌အောက် ရှိ စာသင်‌ကျောင်း ၁၁‌ကျောင်းမှ ‌ကျောင်းသူ/‌ကျောင်းသား ၃၀၀‌ကျော် ပူး‌ပေါင်းပါဝင်ခဲ့သည်။
img_7918
သုံးရက်ကြာ ကျင်းပခဲ့သည့် ယင်း‌ကျောင်းသားစုံညီပွဲ‌တော်တွင် ‌ဘောလုံး၊ ခြင်းလုံး၊ မြှားပစ်ပြိုင်ပွဲ စသည့် အားကစားနည်းများအ ပြင် ဂီတပွဲ၊ ရိုးရာယဉ်‌ကျေးမှုအကပြိုင်ပွဲများနှင့် စကားရည်လုပွဲ အစီအစဉ်များ ထည့်သွင်းပြုလုပ်‌ပေးခဲ့ပြီး ယင်းအစီအစဉ်တွင် KED မှ ဗဟို၊ ခရိုင်၊ မြို့နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ‌ဒေသခံ ရပ်မိရပ်ဖများနှင့် ကရင်လူမှုအဖွဲ့အစည်းအချို့လည်း ပူး‌ပေါင်း ပါဝင်ခဲ့သည်။

‌စေဖိုးခီး‌ကျောင်းမှ ‌ကျောင်းဆရာ ‌စောက‌လော်ထူးက “ကျ‌နော်တို့ကို ကူညီ‌ထောက်ပံ့‌ပေးသူ‌တွေကို ‌ကျေးဇူးတင်ရမှာပဲ။ ဒီလို ‌ထောက်ပံ့ကူညီမှု၊ စီစဉ်‌ပေးမှု‌တွေ‌ကြောင့်ပဲ ကျ‌နော်တို့ ‌ကျောင်းဆရာ/ ဆရာမ‌တွေအကြား ‌ကျောင်းသူ/‌ကျောင်းသား‌တွေ၊ ‌ကျောင်း‌ကော်မတီ‌တွေအကြားမှာ ရင်းနှီးချစ်ခင်မှု‌တွေ နားလည်မှု‌တွေ ပိုရှိလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင်နှစ်က (၁၄)ကြိမ်‌မြောက် ‌ကျောင်းသားစုံညီပွဲ‌တော်ကို ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ၊ ပိုင်ကျုံမြို့နယ်၊ ဝါ့မီက‌လေး ‌ကျေးရွာတွင် ပြုလုပ်ခဲ့သည်။ အလားတူ IDP ‌ကျောင်းသားစုံညီပွဲ‌တော်ကို ထိုင်းနယ်စပ်အ‌ခြေစိုက် ကရင်‌ကျောင်းသားကွန်ရက် အဖွဲ့(KSNG)မှ ဦးစီးပြီး ‌ကေအဲန်ယူ ထိန်းချုပ်ရာနယ်‌မြေအချို့တွင် နှစ်စဉ် ပြုလုပ်ကျင်းပမှုများ ရှိသည်။