Home ထိပ်တန်းသတင်း ဖမ်းမိ မူးယစ်‌ဆေးဝါး အလုံး‌ရေ (၂၀၀၀)‌ကျော်ကို KNU မီးရှို့ဖျက်ဆီး

ဖမ်းမိ မူးယစ်‌ဆေးဝါး အလုံး‌ရေ (၂၀၀၀)‌ကျော်ကို KNU မီးရှို့ဖျက်ဆီး

3143

နိုဝင်ဘာ ၃ဝရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ် (ကြာအင်းဆိပ်ကြီး)ရုံးတွင် နိုဝင်ဘာလ (၂၇) ရက်‌နေ့က ကျပ်သိန်း‌ပေါင်း (၆၀)‌ကျော်တန်ဖိုးရှိ မူးယစ်‌ဆေးဝါး အလုံး‌ရေ(၂၀၀၀)‌ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ယင်းမြို့ နယ်တာဝန်ရှိသူများက ‌ပြောသည်။

KNU လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA)နှင့် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF)တို့ ပူး‌ပေါင်း ကာ ဖားပြ၊ မအူ၊ ရက်‌ဖော၊ ဘုရားသုံးဆူ၊ ‌ရေး၊ ‌တောင်ဒီးနှင့် ခလယ်‌ကျေးရွာတုို့တွင် ယခုနှစ် စက်တင်ဘာလမှ နိုဝင်ဘာလအ ထိ ဖမ်းဆီးရမိသည့် (WY)မူးယစ်‌ဆေး အလုံး‌ရေ (၂၀၀၀)‌ကျော်နှင့် (ICE) ‌ရေခဲတုံး (၃)ခုနှင့် မူးယစ်‌ဆေးသုံးစွဲရာတွင် အသုံးပြု သည့် ကိရိယာများကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဝင်း‌ရေးမြို့နယ်၏ KNPF အမှတ်(၄) ဒုစခန်းမှူး‌စောငြိမ်းချမ်းက‌ပြောသည်။

“အခု သုံးကြိမ်‌မြောက် မီးရှို့ဖျက်ဆီးတာပါ။ အဖမ်းဆီးရမိတဲ့ လူ‌တွေကို (၁/၂၀၁၄)‌ကော်သူး‌လေ မူးယစ်ဥပ‌ဒေနဲ့ အ‌ရေးယူ ‌ဆောင်ရွက်‌နေတယ်။ ပညာ‌ပေးအ‌ရေးယူမှုအပိုင်းမှာ ခံဝန်ချက်ကတိ လက်မှတ်နဲ့‌ပေါ့။ မူးယစ်‌ဆေး ပ‌ပျောက်‌အောင်‌တော့ အတတ်နိုင်ဆုံး ကြိုးစား‌ဆောင်ရွက်ပါတယ်”ဟု နိုဝင်ဘာလ (၂၇)ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးအများစုမှာ ပြည်တွင်းလမ်း‌ကြောင်းမှတစ်ဆင့် ‌ကေအဲန်ယူ ထိန်းချုပ်ရာ နယ်‌မြေအတွင်း သို့ တဆင့် ‌ရောင်းဝယ်သုံးစွဲ‌နေခြင်းဖြစ်ပြီး လတ်တ‌လောတွင် အသက် ၁၆နှစ်မှ ၂ဝနှစ်ကြား လူငယ်အများစု သုံးစွဲမှုများ‌နေ သည်ဟု ဒုစခန်းမှူး ‌စောငြိမ်းချမ်းက ဆက်‌ပြောသည်။
burning-drug
KNU ဝင်း‌ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်‌ဆေးဝါးများကို ၂၀၁၆ခုနှစ်၊ ဩဂုတ်(၂၉)ရက်‌နေ့တွင် ပထမအကြိမ်၊ စက် တင်ဘာ (၁၉)ရက်‌နေ့တွင် ဒုတိယအကြိမ်နှင့် ယခုအကြိမ်မှာ တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လမှစ၍ မူးယစ် ‌ဆေးဝါး‌ရောင်းဝယ် သုံးစွဲသူ (၂၀၀)‌ကျော်ကို ဖမ်းဆီးနိုင်ခဲ့ရာ မူးယစ်‌ဆေးပြား‌ပေါင်း(၅၀၀၀)ခန့်ကို မီးရှိုးဖျက်ဆီးနိုင်ခဲ့ပြီဟု KNU ဝင်း‌ရေးမြို့နယ်က ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်မှ ဝင်း‌ရော်‌ဒေသခံ ‌စောက‌လေ့က “ဖမ်းမိတဲ့လူ‌တွေကို ထိထိ‌ရောက်‌ရောက် ထုတ်ပြန်ထားတဲ့ ဥပ‌ဒေအတိုင်း အ‌ရေးယူ ‌ဆောင်ရွက်‌စေချင်တယ်။ အခု ပညာ‌ပေးပုံစံနဲ့ဆို ဘာမှမထူးခြားလာဘူး။ ပြန်လွှတ်လာတယ်။ ပြန်သုံးစွဲတယ်။ ရွာမှာ ‌ရောင်းသူ‌တွေကို အကုန်အ‌ရေးယူပြီးမှ ပညာ‌ပေးရင် ပိုထိ‌ရောက်မယ်”ဟု ‌ပြောသည်။

ဝင်း‌ရေးမြို့နယ်(ကြာအင်းဆိပ်ကြီး)နယ်အတွင်း ရင်ဆိုင်ကြုံ‌တွေ့‌နေရသည့် မူးယစ်‌ဆေးဝါး အန္တရာယ်များကို ကာကွယ်ရန်ရည် ရွယ်ပြီး နိုဝင်ဘာလ (၂၇)ရက်‌နေ့က ကျင်းပသည့် (၆)ကြိမ်‌မြောက် မြို့နယ်အဆင့် ကရင် လူငယ်အစည်းအရုံး(KYO) ညီလာခံတွင် လူငယ်မူးယစ်‌ဆေးဝါး ကာကွယ်တားဆီး‌ရေးအဖွဲ့ကို ဖွဲ့စည်းထားမှုများလည်း ရှိသည်။