Home သတင်း ကရင်ပြည်နယ်ရှိ လူငယ်များအတွက် အလုပ်အကိုင်ပြပွဲ ပထမဦးဆုံးအကြိမ် ပြုလုပ်

ကရင်ပြည်နယ်ရှိ လူငယ်များအတွက် အလုပ်အကိုင်ပြပွဲ ပထမဦးဆုံးအကြိမ် ပြုလုပ်

1973

နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိ‌စေရန် ရည်ရွယ်ပြီး ပထမဦးဆုံးအကြိမ် အလုပ်အ ကိုင်ပြပွဲကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာလ ၂၉ရက်မှ ၃ဝရက်‌နေ့အထိ ကျင်းပပြုလုပ်‌နေသည်ဟု ဦး‌ဆောင်စီစဉ်သူ ADRA မြန်မာ၊ Project Manager ‌နော်မူမူ‌စောက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အလုပ်အကိုင်ပြပွဲကို ADRA မြန်မာ၊ ကရင်ပြည်နယ် ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း(KSCCI) နှင့် အစိုးရ နည်းပညာအထက်တန်း‌ကျောင်း(ဖားအံ)တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြပွဲရည်ရွယ်ချက်နှင့် ပတ်သက်၍ သူမက ယခုလို ရှင်း ပြ‌ပြောဆိုသည်။

“အဓိက လူငယ်‌တွေကို အလုပ်အကိုင် ရ‌စေချင်တယ်။ ပြီး‌တော့ ကုမ္ပဏီ‌တွေက သူတို့အလုပ်မှာ လစ်လပ်တဲ့ အလုပ်‌နေရာ‌တွေ လည်း ရှိ‌နေ‌တော့ အလုပ်အကိုင် လိုအပ်တဲ့လူ‌တွေကို ကျမတို့က ချိတ်ဆက်‌ပေးတဲ့သ‌ဘောပါ။ ‌နောက်ပြီး ကရင်ပြည်နယ်မှာရှိ တဲ့ က‌လေး‌တွေကလည်း တစ်ဖက်နိုင်ငံမှာ အလုပ်မလုပ်‌စေချင်ဘူး။ အခုလုပ်တဲ့ပြပွဲမှာ တစ်ခါထဲ အလုပ်‌လျှောက်လို့ရ‌အောင် စီ စဉ်ထားပါတယ်”ဟု ‌နော်မူမူ‌စောက ‌ပြောသည်။

နှစ်ရက်ကြာ ပြုလုပ်သည့် ၎င်းပြပွဲတွင် ရုံးလုပ်ငန်းဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်း၊ စား‌သောက်ဆိုင်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ Fashion လုပ်ငန်း၊ IT နည်းပညာလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ ‌ဆောက်လုပ်‌ရေးလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်းနှင့် Shopping Mall စသည့် အလုပ်အကိုင်အမျိုးအစားများကို ကရင်ပြည်နယ်၊ မွန်ပြည်နယ် သထုံမြို့အ‌ခြေစိုက်ကုမ္ပဏီများနှင့် ရန်ကုန်မြို့အ‌ခြေ စိုက် ကုမ္ပဏီပြခန်း‌ပေါင်း ၂၂ခန်း ပါဝင်ပြသခဲ့သည်။

အဆိုပါပြပွဲနှင့် ပတ်သက်၍ ကရင်ပြည်နယ် လူမှု‌ရေးဝန်ကြီး ‌ဒေါက်တာတင်ဝင်း‌ကျော်က “ကျ‌နော်တို့ အစိုးရသစ်သက်တမ်းမှာ ဒါက ပထမဦးဆုံးလုပ်တဲ့ပွဲ ဖြစ်တယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လူငယ်‌တွေလည်း လိုက်အလုပ်ရှာစရာ မလို‌တော့ဘူး။ ပြီး‌တော့ အလုပ်အကိုင် ရှားပါးမှုနည်းလာမယ်။ လူငယ်‌တွေ အလုပ်ရှိရင်‌တော့ ‌နောက်ဆက်တွဲ လူကုန်ကူးမှု၊ မူးယစ်‌ဆေးဝါး အဲဒါ‌တွေကို ပါ နည်းလာတဲ့ အကျိုးရလဒ် ရှိလာမယ်။ လူငယ်‌တွေ လာ‌လေ့လာ‌စေချင်တယ်”ဟု ‌ပြောသည်။
15271349_1062127263898280_1440941642_o
ထို့အပြင် ပြပွဲသို့ လာ‌ရောက်ကြည့်ရှုသူများအ‌နေဖြင့် မိမိနှစ်သက်ရာ အလုပ်၊ ရာထူးများကို ‌ရွေးချယ်ပြီး ကိုယ်‌ရေးအချက်အ လက်အကျဉ်း(CV Form)များ ဖြည့်စွက်ကာ တစ်ပြိုင်နက် အလုပ်‌လျှောက်လွှာတင်နိုင်ရန် စီစဉ်ထားသလို ယခုလို ပြပွဲမျိုးနှစ်စဉ် ပြုလုပ်နိုင်ရန်စီစဉ်သွားမည်ဟု ပြပွဲတာဝန်ခံများက ‌ပြောသည်။

ပြပွဲသို့ လာ‌ရောက်‌လေ့လာသူ နန်း‌ဝေ‌ဝေစိုးက “သမီး ဒီမှာလာကြည့်ရင်း အလုပ်တစ်ခု ‌လျှောက်လိုက်တယ်။ သမီး‌လျှောက်တဲ့ အလုပ်က ‌ဈေးကွက်နဲ့ ပတ်သက်ပြီး ‌ဒေါ်လာအတက်အကျ၊ Marketing နဲ့ ပတ်သက်ပြီး လုပ်ရတဲ့ အလုပ်‌ပေါ့။ သမီးက အခုမှ B.E ‌ဖြေထား‌တော့ သမီးအရည်အချင်းနဲ့ ကိုက်ညီတဲ့အလုပ်နဲ့ ‌လျှောက်ထားကြည့်တာပါ။ ကျန်တဲ့သူငယ်ချင်း‌တွေလည်း လာ ကြည့်ကြပါ။ အလုပ်‌တွေ အများကြီးရှိတယ်လို့ ‌ပြောချင်ပါတယ်”ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်အတွင်း အလုပ်အကိုင် အခွင့်အလမ်းနည်းပါး‌နေ‌သေးသလို လုပ်ခလစာလည်း နည်းပါးသည့်အတွက် လူငယ်အများစုအ‌နေဖြင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွား‌ရောက်အလုပ်လုပ်ကိုင်မှု အများအပြား ရှိ‌နေ‌သေး‌ကြောင်း ‌ဒေသခံများ ထံမှ သိရသည်။