Home သတင်း နိုင်ငံတကာစစ်ဘက် စည်းမျဉ်းဥပ‌ဒေများကို KNLA စစ်ဘက်‌ခေါင်း‌ဆောင်များအား ICRC လာ‌ရောက်ပို့ချ

နိုင်ငံတကာစစ်ဘက် စည်းမျဉ်းဥပ‌ဒေများကို KNLA စစ်ဘက်‌ခေါင်း‌ဆောင်များအား ICRC လာ‌ရောက်ပို့ချ

2923

နိုဝင်ဘာ ၂၉ရက်၊၂၀၁၆ခုနှစ်။ စအိုင်ဆူး

အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီ‌ကော်မတီ-ICRC က နိုင်ငံတကာစစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပ‌ဒေများကို ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်ဘက်‌ခေါင်း‌ဆောင်များအား နိုဝင်ဘာလ ၂၈ရက်မှ ၂၉ရက်‌နေ့အထိ ကရင်အမျိုးသားအစည်း အရုံး-KNU တပ်မဟာ(၇)ထိန်းချုပ်နယ်‌မြေတစ်‌နေရာ၌ လာ‌ရောက်သင်တန်းပို့ချ‌ပေးခဲ့သည်။

KNU လက်‌အောက်ခံတပ်မဟာ(၇)ခုမှ KNLA စစ်ဘက်ဆိုင်ရာ‌ခေါင်း‌ဆောင် (၄၀)‌ကျော် ပါဝင်တက်‌ရောက်ခဲ့သည့် အဆိုပါသင် တန်းပို့ချ‌ပေးခြင်းအ‌ပေါ် သင်တန်းကိုဦး‌ဆောင်‌ပေးသူ KNLA ဌာနချုပ်မှ ဗိုလ်‌စောစွီး‌နေစိုးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အဓိကက‌တော့ တိုက်ပွဲမှာ ပြည်သူပြည်သား‌တွေကို ဘယ်လိုကာကွယ်ရမလဲ။ စစ်သုံ့ပန်း‌တွေကို ဘယ်လိုဆက်ဆံရမလဲ ဆို တာ‌တွေနဲ့ တိုက်ပွဲတစ်ခုဆင်နွဲ‌တော့မယ်ဆိုရင် ပြည်သူ‌တွေကိုမထိခိုက်‌အောင် နိုင်ငံတကာက ချမှတ်ထားတဲ့ စစ်ဘက်ဥပ‌ဒေ ‌တွေကို လာသင်ပြတာပါ”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် KNLA ဘက်မှ ချမှတ်ထား‌သော စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပ‌ဒေများရှိနှင့် ပြီးသားဖြစ်‌သော်လည်း ယခုကဲ့သု့ိ နိုင်ငံတ ကာမှ ချမှတ်ထားသည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းဥပ‌ဒေများကို လာ‌ရောက်သင်ကြား‌စေခြင်း‌ကြောင့် နိုင်ငံတကာဆိုင်ရာ ဗဟု သုတများရရှိသလို KNLA ၏ စစ်ဘက်ဥပ‌ဒေများနှင့် ပြန်လည်နှိုင်းယှဉ် ချိန်ဆနိုင်သည်ဟုလည်း ‌စောစွီး‌နေစိုးက ဆက်‌ပြော သည်။

နှစ်ရက်တာပြုလုပ်သည့် အဆိုပါသင်တန်းပို့ချမှုကို ရန်ကုန်အ‌ခြေစိုက် ICRC တာဝန်ရှိသူများက နိုင်ငံတကာ ချမှတ်ထားသည့် စစ်ဘက်‌ရေးရာ စည်းမျဉ်းဥပ‌ဒေများ၊ စစ်ပွဲကာလအတွင်း လူသားချင်စာနာသည့် စည်းမျဉ်းဥပ‌ဒေများ၊ ICRC ၏ လုပ်‌ဆောင်‌နေ မှုများကို ရှင်းလင်းသင်ကြား‌ပေးခဲ့သလို KNLA ၏ စစ်ဘက်ဆိုင်ရာဥပ‌ဒေများနှင့်လည်း အပြန်အလှန် နှိုင်းယှဉ်ကာ ‌ဆွေး‌နွေးခဲ့ ကြ‌ကြောင်း သိရသည်။
knla-troops-dsc_0013
အဆိုပါသင်တန်းကိုတက်‌ရောက်ခဲ့သူ KNLA အရာရှိတစ်ဦးက “အရင်ကတည်းက ဒီလိုစစ်ဘက်နဲ့ဆိုင်တဲ့ နိုင်ငံတကာဥပ‌ဒေ ‌တွေကို ကျ‌နော်တို့သိထားပြီးသားပါ။ ဒါ‌ပေမဲ့ အခုလို လာသင်‌တော့လည်း ပိုသိသွားတာ‌ပေါ့။ သူတို့ရဲ့စည်းမျဉ်းဥပ‌ဒေနဲ့ ကျ‌နော် တို့ဘက်ကရှိ‌နေတဲ့ ဥပ‌ဒေက သိပ်ကွာခြားမှု မရှိပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ICRC သည် ပြီးခဲ့သည့် ၂၀၁၃ခုနှစ်ကလည်း KNLA တပ်ဖွဲ့ကို စစ်ဘက်ဆိုင်ရာဥပ‌ဒေများ လာ‌ရောက်သင်တန်းပို့ချ‌ပေးခဲ့ပြီး အလားတူ စစ်ဘက်ဆိုင်ရာသင်တန်းမျိုးကို ယခုနှစ် စက်တင်ဘာလ၌လည်း ကုလသမဂ္ဂက‌လေးသူငယ်များ ရန်ပုံ‌ငွေအဖွဲ့ (UNI-CEF) က ကြီးမှူးပြီး က‌လေးစစ်သားအသုံးပြုမှု တားဆီး‌ရေးဆိုင်ရာ အသိပညာ‌ပေးသင်တန်းကို ‌ကေအဲန်ယူနှင့် ပူး‌ပေါင်းပြုလုပ် ခဲ့သည်။

အပြည်ပြည်ဆိုင်ရာကြက်‌ခြေနီ‌ကော်မတီ-ICRC ကို လက်နက်ကိုင်ပဋိပက္ခအတွင်း ဒုက္ခသည်များအား ကူညီ‌စောင့်‌ရှောက်ရန်နှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပ‌ဒေ (IHL)ကို ကမ္ဘာ့နို်င်ငံအသီးသီးမှ အစိုးရများနှင့် လက်နက်ကိုင်အင်အားစုများ အားလုံး လိုက်နာကျင့်သုံး‌ရေး တွန်းအား‌ပေးရန် ၁၈၆၃တွင် ဖွဲ့စည်းခဲ့သည်။