Home ထိပ်တန်းသတင်း မြိုင်ကြီးငူ-မဲသ‌ဝေါလမ်းတစ်‌လျှောက် ယ‌နေ့ ထိန်းချုပ်လိုက်နိုင်ပြီဟု BGF ‌ပြော

မြိုင်ကြီးငူ-မဲသ‌ဝေါလမ်းတစ်‌လျှောက် ယ‌နေ့ ထိန်းချုပ်လိုက်နိုင်ပြီဟု BGF ‌ပြော

2375

စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ်အတွင်း အစိုးရတပ်မ‌တော်၊ BGF ပူး‌ပေါင်းတပ်ဖွဲ့နှင့် DKBA ခွဲထွက်အဖွဲ့တို့ စက်တင်ဘာလ ၁၁ရက်‌နေ့မှ စတင် ကာ ရက်သတ္တပတ်တစ် ပတ်‌ကျော်အကြာ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး‌နောက် မြိုင်ကြီးငူ-မဲသ‌ဝေါကားလမ်းတစ် ‌လျှောက်ကို ယ‌နေ့ စက်တင်ဘာလ ၁၉ရက်‌နေ့ ည‌နေတွင် လုံးဝ ထိန်းချုပ်ထားနိုင်ပြီဖြစ်‌ကြောင်း နယ်ခြား‌စောင့်တပ်(BGF)မှ အရာရှိတစ်ဦးက အတည်ပြု ‌ပြောဆိုသည်။

“အခု‌တော့ ဒီ‌နေ့မှာပဲ မဲသ‌ဝေါလမ်းတစ်‌လျှောက် ထိန်းထားလိုက်နိုင်ပြီ။ အဓိက‌တော့ သူတို့ရဲ့အဓိက စခန်း ၄ခု‌ပေါ့။ ကျန်တာ ‌တွေက‌တော့ သူတို့ တပ်ဖြန့်လိုက်တဲ့အတွက် သိပ်ပြီး စိုးရိမ်စရာ အ‌ခြေအ‌နေ မရှိ‌တော့ပါဘူး”ဟု ၎င်းအရာရှိက ‌ပြောသည်။

မဲသ‌ဝေါ‌ဒေသတွင်း မြိုင်ကြီးငူ- မဲသ‌ဝေါကားလမ်းတစ်‌လျှောက် တိုးတက်‌သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော်(DKBA) ၏ အဓိကစခန်းများဖြစ်သည့် ရိက္ခာကုန်းစခန်း၊ ‌ကျောက်လုံး၊ ဝူ‌သောပူ၊ ‌ရော‌ပေါခီး စသည့်စခန်းများကို ထိန်းချုပ်လိုက်နိုင်ခြင်း ဖြစ်သည်ဟု BGF က ‌ပြောသည်။

တိုက်ပွဲ‌ကြောင့် မဲ့သ‌ဝေါ‌ဒေသခံ ၅၃၀၀‌ကျော် မြိုင်ကြီးငူရှိယာယီ စစ်‌ဘေး‌ရှောင်စခန်းများ၌ ခိုလှုံ‌နေရသလို တိုက်ပွဲအတွင်း ပိတ် မိ‌နေသည့် ‌ဒေသခံ အနည်းဆုံး ၃၀ဝနီးပါး ထိုင်းဘက်ခြမ်းတွင် စစ်‌ဘေး‌ရှောင်‌နေဆဲဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့ (စက်တင်ဘာလ ၁၉ရက်) နံနက် ၁ဝနာရီခွဲအချိန်တွင် DKBA စခန်းတစ်ခုဖြစ်သည့် ဝူ‌သောပူစခန်းကို ‌နောက်ဆုံး ထိန်း ချုပ်နိုင်ခဲ့‌ကြောင်း သိရှိရ‌သော်လည်း တိုက်ပွဲ‌ကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှု အတိအကျကိုမူ ယ‌နေ့အချိန်ထိ အတည်ပြုနိုင် ခြင်း မရှိ‌သေး‌ပေ။