Home ထိပ်တန်းသတင်း မြိုင်က‌လေး တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် ပြန်လည်အသုံးပြုမည့်ကိစ္စ ‌ဒေသခံများကန့်ကွက်

မြိုင်က‌လေး တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် ပြန်လည်အသုံးပြုမည့်ကိစ္စ ‌ဒေသခံများကန့်ကွက်

1989

စက်တင်ဘာ ၁၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောညွန့်‌သောင်း

ကရင်ပြည်နယ်၊ ဖားအံမြို့အနီးရှိ မြိုင်က‌လေး တန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံကို ‌ကျောက်မီး‌သွေး‌လောင်စာဖြင့် ပြန်လည်အသုံးပြုမည့်ကိစ္စကို စက်တင်ဘာ ၁၈ ရက်‌နေ့က ဇရပ်ဖြူဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ဒေသခံများစု‌ပေါင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ‌ဒေသခံများက ကန့်ကွက်ခဲ့ကြသည်။

ထိုသို့ စက်ရုံကို လည်ပတ်အသုံးပြုပါက စက်ရုံအနီးပတ်ဝန်းကျင်ရွာများ၏ အနာဂတ် မျိုးဆက်လူငယ်များ၏ အန္တရာယ်၊ ကျွဲ၊ နွား၊ တိရိစ္ဆာန်များနှင့် သဘာဝပတ်ဝန်းကျင်အ‌ရေးကိစ္စရပ်များအတွက် ရရှိလာမည့် ဆိုးကျိုးများနှင့်ပတ်သက်၍ မည်သို့ တာဝန်ယူတာဝန်ခံမှု လုပ်‌ဆောင်မည်ကို မသိရှိရသဖြင့် ‌ဒေသခံများ ကန့်ကွက်ရခြင်း ဖြစ်သည်ဟု မြိုင်က‌လေး‌ကျေးရွာအုပ် ချုပ်‌ရေးမှူး ဦးခွန်စိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ဒေသခံ‌တွေက အားလုံးမကြိုက်ကြဘူး။ ဘာ‌ကြောင့်လည်းဆို‌တော့ ဒီစက်ရုံက တာဝန်ရှိတဲ့သူ‌တွေက အချိန်တန်ရင် ‌ပြောင်းသွားကြတယ်။ အရင်လူ‌တွေ လုပ်လာခဲ့တဲ့အရာ‌တွေကို ‌နောက်ပြန်လာတဲ့ဝန်ထမ်း‌တွေ မသိ‌တော့ဘူး။ ဒီလိုပဲ ကျ‌နော်တို့‌ဒေသခံ‌တွေ ခံလာခဲ့ရတာများ‌နေ‌တော့ ကျ‌နော်တို့ ကန့်ကွက်သွားမှာ ဖြစ်တယ်”ဟု ဦးခွန်စိုးနိုင်က ‌ပြောသည်။

စက်ရုံကို ‌ကျောက်မီး‌သွေး‌လောင်စာနှင့် သဘာဝဓါတ်‌ငွေ့များဖြင့် အသုံးပြုသွားရန် စက်ရုံတာဝန်ရှိသူများက ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများအား မြိုင်က‌လေးဘိလပ်‌မြေစက်ရုံအတွင်းရှိ သီရိရတနာခန်းမ ‌ဆောင်တွင် စက်တင်ဘာ ၁၇ ရက်‌နေ့က ‌ခေါ်ယူ‌ဆွေး‌နွေးခဲ့ပြီး‌နောက် ‌ဒေသခံများက အများဆန္ဒအတိုင်း ကန့်ကွက်ခြင်းဖြစ်သည်ဟုလည်း မြိုင်က‌လေး‌ဒေသခံ မန်း‌ကျော်ထက်ခိုင်ကလည်း ‌ပြောသည်။

သူက “ဒီစက်ရုံက ၁၉၉၆-၉၇ ခုနှစ်မှာ လာတည်‌ဆောက်တုန်းက တာဝန်ရှိသူ‌တွေက လျှပ်စစ်မီး‌ပေးမယ်။ လမ်း လုပ်‌ပေးမယ်။ နှုတ်ကတိ‌ပြောသွားပြီး‌တော့ ‌ပြောင်း‌ရွှေ့ခံရတဲ့လူထု‌တွေက အခုထိ ‌မြေယာ‌လျော်‌ကြေး‌တောင် မရကြ‌သေးဘူး။ ဒီတခါပြန်ပြီး ‌ကျောက်မီး‌သွေးနဲ့ပြန်လည်မယ်လို့‌တော့ စက်ရုံတာဝန်ရှိသူ‌တွေက ‌ပြောတယ်။ အန္တရာယ်မရှိဘူးလို့လည်း ‌ပြောတယ်။ ဒီကိစ္စကို ဘယ်သူက တာဝန်ယူတာဝန်ခံမလဲ။ အရင်လို နှုတ်ကတိနဲ့ဆို ကျ‌နော်တို့လက်မခံဘူး”ဟု ‌ပြောသည်။

ယင်း‌ကျောက်မီး‌သွေးနှင့် ပြန်လည်အသုံးပြု‌ရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လ ၃၁ ရက်‌နေ့၌ ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ကြီးအဖွဲ့၊ အုပ်ချုပ်‌ရေးမှူးအဖွဲ့များစသည်တို့ကို ‌ဒေသခံများက ကန့်ကွက်စာတင်ပြခဲ့‌သော်လည်း ဌာနဆိုင်ရာတာဝန်ရှိသူများဘက်မှ တစုံတရာ ပြန်လည်အ‌ကြောင်းကြားခြင်း မရှိသဖြင့် ယခုလို ထပ်မံ၍ ပြည်နယ်အစိုးရသို့ ယခုရက်သတ္တပတ်အတွင် ထပ်မံကန့်ကွက်စာတင်ပြဦးမည်ဟု မန်းထက်ခိုင်က ဖြည့်စွပ်‌ပြောကြားသည်။

ဇရပ်ဖြူဘုန်းကြီး‌ကျောင်း၌ ပြုလုပ်သည့် ‌ဒေသခံများစု‌ပေါင်း ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ရွာ‌လေး၊ ကျွန်း‌တော၊ ‌ရေ‌ကျော်၊ ပဲကုန်း၊ မန္တ‌လေးကုန်း၊ လှာကာ၊ ဇရပ်ဖြူ၊ ‌ကျောင်းထက်၊ ‌ကျောင်း‌အောက် စသည့်ရွာများမှ သံဃာ‌တော်များ၊ စက်ရုံမှ တာဝန်ရှိသူများ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများနှင့် ‌ဒေသခံများစုစု‌ပေါင်း ၂၀ဝ ‌ကျော်ခန့် တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။