Home သတင်း ခလယ်-တံခွန်တိုင်တိုက်နယ်၌ ပထမဦးဆုံးအကြိမ် ‌ရှေးဦးပြုစုခြင်း (အ‌ခြေခံ)သင်တန်း ပြီးစီး

ခလယ်-တံခွန်တိုင်တိုက်နယ်၌ ပထမဦးဆုံးအကြိမ် ‌ရှေးဦးပြုစုခြင်း (အ‌ခြေခံ)သင်တန်း ပြီးစီး

2442

မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ ခလယ်-တံခွန်တိုင်တိုက်နယ်တွင် ပထမဆုံးအကြိမ် ‌ရှေးဦးပြုစုခြင်း (အ‌ခြေခံ)သင်တန်းကို ‌ဖေ‌ဖော်ဝါရီ ၂၁ရက်မှ ၂၇ရက်‌နေ့အထိ တံခွန်တိုင် အထက်တန်း‌ကျောင်း၊ မြ‌ရွှေပြည်ခန်းမတွင် ပြုလုပ်ခဲ့ ပြီး သင်တန်းဆင်းပွဲကို ယမန်‌နေ့က ကျင်းပပြီးစီးခဲ့သည်။

မြို့နယ်ကြက်‌ခြေနီသူနာပြုတပ်ရင်းမှ ဒုတပ်ရင်းမှူး ဦးသန်း‌ကျော်က “အဓိက‌တော့ ဒီ‌ဒေသမှာ ဆင်းရဲဒုက္ခ နည်းပါးသက်သာ‌စေဖို့ ရည်ရွယ်ပြီး သင်တန်းလာဖွင့်‌ပေးတာ‌ပေါ့။ ဒီသင်တန်းတက်လိုက်ရခြင်းအ‌ပေါ် သူတို့‌တွေရဲ့ မိသားစု ၊ မိမိပတ်ဝန်းကျင်၊ ‌ကျေး ရွာ၊ ရပ်ကွက်‌တွေအ‌ပေါ်မှာ လက်လှမ်းမှီသ‌လောက် သူတို့‌လေး‌တွေ ထဲထဲဝင်ဝင် ပါဝင်လို့ရတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၆ရက်ကြာပြုလုပ်သည့် ယင်းသင်တန်းချိန်အတွင်း လုပ်ငန်းစဉ်(၃)ခုဖြစ်သည့် ကျန်းမာ‌ရေးမြှင့်တင်ခြင်း၊ ‌ရောဂါများကို တားဆီး ခြင်းနှင့် ‌ဘေးဒုက္ခ ကျ‌ရောက်သူများအား ကူညီ‌ပေးခြင်းတို့ကို အဓိက သင်ကြားပို့ချ‌ပေးသည်ဟု သိရသည်။

သင်တန်းသား ‌စောထွန့်‌ဖောင်ဟီးက “မိမိတတ်‌မြောက်လာ‌သော အ‌ခြေခံ‌ရှေးဦးပြုစုနည်း ပညာရပ်ကို လူမှု‌ရေးကိစ္စ‌တွေ၊ ရပ်‌ရေးရွာ‌ရေးကိစ္စရပ်‌တွေမှာ စနစ်တကျ လက်‌တွေ့ အသုံးပြုခြင်းဖြင့် မိမိတို့‌ကျေးရွာများအတွက် ဒီထက်မက ပိုမိုအကျိုးများ ရရှိမှာဖြစ်ပြီး ဒီသင်တန်းမျိုးမှာ မကြာခဏ လာ‌ရောက်ဖွင့်လှစ်‌ပေး‌စေလိုတယ်”ဟု ‌ပြောသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ တံခွန်တိုင်ရဲစခန်းမှ စခန်းမှူး ‌စောမြင့်ဝင်း၊ ခလယ်၊ တံခွန်တိုင်ရွာမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှုများ၊ ရပ်မိရပ်ဖများနှင့် သင်တန်းသား/သူ အပါအဝင် စုစု‌ပေါင်း (၁၀၀)‌ကျော် တက်‌ရောက်ခဲ့သည်။

အ‌ခြေခံ ‌ရှေးဦးပြုစုခြင်းသင်တန်းကို ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ယခင်လ ‌ဖေ‌ဖော်ဝါရီက ဖားပြ‌ကျေးရွာတွင် ပြုလုုပ်ခဲ့ပြီး လာမည့် ဧပြီလတွင် ဘုရားသုံးဆူမြို့၌ ဆက်လက် ပြုလုုပ်သွားမည်ဟု သိရသည်။